ကုန်သွယ်မှုသတင်းများ
အာလူးသီးနှံသည် ကမ္ဘာပေါ်တွင် ဆန်၊ ဂျုံ၊ ပြောင်း ပြီးနောက် စတုတ္တမြောက် အများဆုံး စိုက်ပျိုးသော သီးနှံဖြစ်၍ ပီရူးနိုင်ငံရှိ Inca Indians များမှ ဘီစီ(၅၀၀၀-၈၀၀၀) ဝန်းကျင်တွင် ပျိုးထောင်စိုက်ပျိုးခဲ့ကြောင်း လေ့လာသိရှိရပါသည်။ အာလူးသီးနှံသည် အခြားအခြေခံသီးနှံများဖြစ်သော ဂျုံ နှင့် အုတ်ဂျုံများထက် စိုက်ပျိုးကြီးထွားရန် ပိုမိုလွယ်ကူကြောင်းနှင့် အာလူးတွင် အာဟာရဓါတ်အတွက် လိုအပ်သော ပိုတက်စီယမ်၊ ဗီတာမင်စီ၊ ဗီတာမင်ဘီ6 ၊ အမျှင်ဓါတ်နှင့် ပရိုတိန်းဓါတ်များစွာ ပါဝင်ပါသည်။
ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် သခွားသီးများ စိုက်ပျိုးထားရှိသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ပေါက်ခေါင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၆.၆.၂၀၂၃)နေ့တွင် သွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။
ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ရွှေဖရုံသီးကိုမေလတွင်စိုက်ပျိုးပြီး ဇူလိုင်လတွင် အသီးများ စတင်ခူးဆွတ်ပါသည်။ ရွှေဖရုံသီးများစိုက်ပျိုးနေချိန်ဖြစ်သဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ပေါက်ခေါင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၇.၆.၂၀၂၃)ရက်နေ့တွင် သွားရောက်၍ ကွင်းဆင်း လေ့လာခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခမျာ
ကမ္ဘာ့ထိပ်တန်းရေနံသုံးစွဲသည့် အိန္ဒိယနှင့်တရုတ်နိုင်ငံတို့သည် ၂ဝ၂၃ ခုနှစ်မေလအတွင်း ရေနံ ၈ဝ ရာခိုင်နှုန်းကို ရုရှားနိုင်ငံမှ ဝယ်ယူခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာစွမ်းအင်အဖွဲ့အစည်းမှ ပြောကြားခဲ့ပါသည်။ အိန္ဒိယနိုင်ငံသည် ရှရှားနိုင်ငံမှ တစ်နေ့လျှင် ရေနံစည်ပေါင်း ၂ သန်းနီးပါးနှင့် တရုတ်နိုင်ငံသည်လည်း တစ်နေ့လျှင် ရေနံစည်ပေါင်း ၅ဝဝဝဝဝ မှ ၂.၂ သန်းအထိ ဝယ်ယူလျက်ရှိကြောင်းနှင့် ရုရှားနိုင်ငံမှ ရေနံစိမ်းတင်ပို့မှုမှာလည်း မေလအတွင်း တစ်နေ့လျှင် ရေနံစည်ပေါင်း ၃.၈၇ သန်း ရှိကြောင်း သိရှိရပါသည်။