ကုန်သွယ်မှုသတင်းများ
ပြည်တွင်း၌ ရောင်းလိုအား လျော့ပါးလျက်ရှိမှုနှင့်အတူ အစိုးရက ဈေးပေးဝယ်ယူမည့် အခြေခံစပါးရည်ညွှန်းဈေးနှုန်းကို တိုးမြှင့်လိုက်ခြင်းက မတ်လအစောပိုင်းကာလရှိ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက အိန္ဒိယ၏ အဓိကထိပ်တန်းဆန်တင်ပို့မှု ဈေးနှုန်းများသည် အမြင့်ဆုံးနှုန်းသို့ မြင့် တက်ခဲ့ပါသည်။ အိန္ဒိယအစိုးရသည် ရှေ့လာမည့်သီးနှံရာသီ၌ စိုက်ပျိုးထွက်ရှိသော စပါးများကို ယခင်နှစ်ဈေးနှုန်းထက် ၇% တိုးမြှင့်လျက် ၁၀၀ ကီလိုဂရမ်လျှင် ရူပီးငွေ ၂၁၈၃ နှုန်းဖြင့် ဝယ်ယူမည်ဖြစ်ကြောင်း ဇွန်လ ၇ ရက်နေ့၌ ထုတ်ပြန

ဗီယက်နမ်နိုင်ငံနှင့် အကြီးမားဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်သည့် မလေးရှားနိုင်ငံတို့အကြား နှစ်နိုင်ငံကုန်သွယ်မှုသည် ၂ဝ၂၅ တွင် အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံရောက်ရှိမည်ဟု ခန့်မှန်းထားပါသည်။ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တော် ရင်းနှီးမြှုပ်နှံမှု နှင့် ကုန်သွယ်မှုမြှင့်တင်ရေးဌာန၏ ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ Tran Phu Lu က ဟိုချီမင်းမြို့တော်သည် မလေးရှားရင်းနှီး မြှုပ်နှံသူများအတွက် နှစ်လိုဖွယ်စီးပွားရေး ပတ်ဝန်းကျင်ကောင်းဖြစ်စေရန်နှင့် အုပ်ချုပ်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှု တို့ကို စီစဉ

အယ်လ်နီညိုရာသီပုံစံကြောင့် မိုးရွာသွန်းမှုလျော့နည်းခြင်းနှင့် ထုတ်လုပ်မှုလျော့ကျခြင်းတို့ ဖြစ်ပေါ်လာနိုင်မှုအပေါ် စိုးရိမ်မှုများအရ လာမည့် ၂၀၂၄ ခုနှစ် ရောင်းဝယ်ရေးရာသီ ပထမနှစ်ဝက်အထိ အနည်းဆုံးကာလအဖြစ် သကြားတင်ပို့မှုအား အိန္ဒိယနိုင်ငံအနေဖြင့် ခွင့်ပြုမည်မဟုတ်ကြောင်း အစိုးရအရင်းအမြစ်များအရ သိရှိရသည်။

၂၀၂၂ ခုနှစ် ဧပြီလအတွင်း အင်ဒိုနီးရှားနိုင်ငံက စားအုန်းဆီ တင်ပို့မှုကိုတားမြစ်ခဲ့သည့် နောက်ပိုင်း၌ ကမ္ဘာ့ဈေးကွက်တွင် စားသုံးဆီပြတ်လပ်မှုကြောင့် အငယ်တန်းအဆင့် စားအုန်းဆီတင်ပို့သည့် ထိုင်းနိုင်ငံအတွက် အိန္ဒိယသို့ စားအုန်းဆီကြမ်းများကို ပေးသွင်းနိုင်မည့် အခွင့်အလမ်း ဖြစ်ပေါ်ခဲ့သည်။ သို့ဖြစ်ရာ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံတို့နှင့် မတူညီပဲ စားအုန်းဆီ တင်ပို့မှုအပေါ် ပို့ကုန်ခွန် စည်းကြပ်ကောက်ခံမှု မရှိသည့် ထိုင်းနိုင်ငံသည် ယခုအခါ အိန္ဒိယသို့ စားအုန်းဆီကြမ်း တင်ပို့မှုတွင် အရေ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ဈေးများတွင် ၂၀၂၃ခုနှစ်၊ ဇွန်လ(တတိယပတ်)အတွင်း ရွှေဘိုပေါ်ဆန်း (သစ်)(တစ်အိတ်)လျှင် ၉၅၀၀၀ကျပ်၊ ဧရာမင်း(ဆန်)(သစ်)(တစ်အိတ်)လျှင် ၉၆၀၀၀ ကျပ်၊ ဧည့်မထ ဆန်(သစ်)(တစ်အိတ်)လျှင် ၇၂၀၀၀ ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၁၃၄၅၀-၁၃၅၀၀ ကျပ်၊ နှမ်းဆီ (တစ်ပိဿာ)လျှင် ၁၂၀၀၀ ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင်၁၂၀၀၀ကျပ်၊ စားအုန်းဆီ (တစ်ပိဿာ) လျှင် ၆၄၅၀-၆၅၀၀ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၇၀၀-၈၀၀ ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) ၁၈၀၀၀ မှ ၁၉၀၀၀ ကျပ်၊ ကြက်သွန်နီ(အသစ်) (တစ်ပိဿာ) ၂၂၀၀ မှ