ကုန်သွယ်မှုသတင်းများ
ပြည်ခရိုင်အတွင်းရှိ၊ ပေါက်ခေါင်းမြို့နယ်တွင် ဥစားဘဲ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်လျှက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ပေါက်ခေါင်းမြို့နယ်တာဝန်ခံ ဦးကျော်ကျော်ထွန်းနှင့် ဝန်ထမ်းများသည် (၈.၇.၂၀၂၂)ရက်နေ့ နံနက် (၁၀)နာရီအချိန်တွင် ကင်ပွန်းခြုံအုပ်စု ရေဖြူကျေးရွာသို့ သွားရောက်၍ ဘဲမွေးမြူရေးခြံပိုင်ရှင်နှင့် တွေ့ဆုံ၍မေးမြန်းခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ နတ်တလင်း မြို့နယ်တွင် စားအုန်းဆီများအား သက်သာ သော ဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို နတ်တလင်းမြို့ ရွာမရပ်ကွက် တာပွန်လမ်းရှိ အောင်ချမ်းသာ ဆီစက်တွင် ၄.၇.၂၀၂၂ ရက်နေ့ နေ့လည်ပိုင်း က စတင်ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ ဇီးကုန်းမြို့နယ်တွင် (၄.၇.၂၀၂၂) ရက်နေ့ နေ့လယ် ( ၁၃:၀၀) အချိန်၌ ဇီးကုန်းမြို့နယ်ရှိ ဒေသခံပြည်သူများအား ဦးခင်မောင်ဆွေ ကုန်စုံဆိုင်၊ ရုံးလမ်းတွင် စားအုန်းဆီများကို တစ်ပိဿာလျှင် ၆၃၀၀/ကျပ် ဈေးနှုန်းဖြင့် လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် ရောင်းချပေးခဲ့ပါသည်။
ယခုတစ်ပတ်တွင် ညောင်လေးပင်မြို့နယ်၏ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး စျေးနှုန်းများ အနေဖြင့် 15 : 15 : 15 ( TE) MC 50 kg တစ်အိတ်လျှင် ၉၀၀၀၀ကျပ် ၊ 9:9:9 MC 50 kg တစ်အိတ်လျှင် ၇၅၀၀၀ ကျပ် ၊ 16 : 16 : 16 MC 50 kg တစ်အိတ်လျှင် ၁၀၀၀၀၀ကျပ် ၊ ပုလဲသာ ( ရွှေနဂါး) ဓာတ်မြေသြဇာ 50kg တစ်အိတ်လျှင် ၇၅၀၀၀ ကျပ်၊ မြင်းပျံ ပုလဲ (သြဘာ) 50kg တစ်အိတ်လျှင် ၈၇၅၀၀ကျပ် ၊ ကောမတ်သြဘာ 50 kg တစ်အိတ်လျှင် ၈၇၅၀၀ကျပ် ၊ ပိုတက်ဓာတ်မြေသြဇာ ( GBS ပိုတက်) 50kg တစ်အိတ်လျှင် ၉၅၀၀၀
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိက ထုတ်လုပ်တင်ပို့သည့် မလေးရှား နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်မျ