ကုန်သွယ်မှုသတင်းများ
မာလာဖူး၊ တောက်တာဖူး၊ မာလာပန်း စသည်ဖြင့် အမျိုးမျိုးခေါ်ဆိုကြသော တောက်တာဖူးပင်၏အရွယ်အစားမှာ အပင်ပုမျိုး (မြေကပ်ပင်) ဖြစ်ပြီး မြေပြင်အတွင်းမှ ထိုးထွက်လာပြီး တောထဲတွင်သာ အလေ့ကျပေါက်သည့်အပင်များဖြစ်ပါသည်။ တောက်တာဖူး၏အရသာသည် ပူရှိန်းရှိန်းရှတတရှိပါသည်။ ကျန်းမာရေးအတွက် အစာခြေစနစ်ကို ကောင်းမွန်စေပါသည်။ ခံတွင်းပျက်ခြင်း၊ အစာမကြေဖြစ်ခြင်း၊ လေပွခြင်းနှင့်အစာစားချင်စိတ်မရှိခြင်း စသည့်ရောဂါများအတွက် တောက်တာဖူးအားစားသုံးပေးခြင်းဖြင့် သက်သာစေပါသည်။ ထို့ပြင် ရောင်ရမ်းခြင်းနှင့် နာကျင

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် ဥစားကြက်မွေးမြူရေး၊ အသား တိုးကြက်မွေးမြူရေး၊ ငုံးမွေးမြူရေး၊ ဘဲမွေးမြူရေး၊ ဒေသကျွဲ၊ ဒေသနွား၊ နို့စားနွား မွေးမြူရေးလုပ်ငန်းများရှိကြပါသည်။ ဒေသနွားမွေးမြူရေးအနေဖြင့် ယခင်က ခိုင်းစေရန်နှင့် ဒေသတွင်းစားသုံး ရန် မွေးမြူကြသော်လည်း ယခုအခါ ပြည်ပသို့တင်ပို့ခြင်းလုပ်ငန်းများ ဆောင်ရွက်လာသဖြင့် မျိုးကောင်းမျိုးသန့် နွားများကို ခြံလှောင်စနစ်ဖြင့် မွေးမြူလာကြပါသည်။
တောင်ငူမြို့ ၊ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတွင် ငရုတ်သီးစိမ်း (မိုးထောင်သီး) တစ်ပိဿာလျှင် ၉၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်အထိ၊ ကုလားအော်သီး တစ်ပိဿာလျှင် ၁၉၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်အထိ၊ ခရမ်းသီး (အဖြူ) တစ်ပိဿာလျှင် ၁၃၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိ၊ ခရမ်းသီး(အညို) တစ်ပိဿာလျှင် ၁၈၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိဖြင့် ယခင်အပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။
တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော မြေပဲဆီမှာ ၂၀၂၃ခုနှစ်၊ ဇွန်လ(ဒုတိယပတ်)တွင် တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စားအုန်းဆီမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၆၄၀၀ ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၆၃၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျပါသည်။

မျောက်ငိုသီးသည် အာဟာရပြည်ဝစွာပါဝင်သောကြောင့် အဆိပ်ဖြစ်စေသည့်ဒညင်းသီးအစား စားပေးသင့်သောအသီးဖြစ်ပါသည်။ ဒညင်းသီးကို ကျန်းမာရေးကြောင့် မတည့်၍ စားလို့မရသူများအတွက် မျောက်ငိုသီး (ခေါ်) သစ်လိမ်သီးသည် အစားထိုးကျန်းမာရေးဓာတ်စာဖြစ်ပါသည်။ မျောက်ငိုသီး၏ ဆားရည်စိမ်အရသာသည် ကြွပ်ကြွပ်လေးနှင့် ဒညင်းသီးနုနုတို့ရသကဲ့သို့ ကြွပ်ဆတ်ဆတ်အရသာမျိုးဖြစ်ပါသည်။ မျောက်ငိုသီးဆားရည်စိမ်ကို တို့စရာအနေဖြင့် ငါးပိရည်၊ ငါးပိချက်တို့ဖြင့် တွဲဖက်၍စားသောက်နိုင်ပါသည်။
