ကုန်သွယ်မှုသတင်းများ
မန္တလေးတိုင်းဒေသကြီး ၊အောင်မြေသာစံခရိုင်၊မတ္တရာမြို့နယ်သည် စီးပွားရေးအချက်အချာကျသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိသည့် မြို့နယ်တစ်ခုဖြစ်ပါသည်။မတ္တရာမြို့နယ်၏အရှေ့ဘက်တွင် ပြင်ဦးလွင်မြို့နယ်၊တောင်ဘက်တွင် ပုသိမ်ကြီးမြို့နယ်၊ အနောက်ဘက်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ စစ်ကိုင်းမြို့နယ်နှင့် ဝက်လက်မြို့နယ်၊ မြောက်ဘက်တွင် စဉ့်ကူးမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိပါသည်။ မတ္တရာမြို့နယ်သည် ဧရာဝတီမြစ်နံဘေးနှင့် ဆည်တော်ကြီးရေလှောင်တမံ တည်ရှိရာဒေသဖြစ်ပါသည်။ ဆည်တော်ကြီးရေသည် မန္တလေ
တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော မြေပဲဆီမှာ တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စားအုန်းဆီမှာ ယခင်အပတ်၌ တစ်ပိဿာလျှင် ၆၄၀၀ကျပ်ရှိခဲ့ရာမှ ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ပထမအပတ်တွင် တစ်ပိဿာလျှင် ၆၅၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပါသည်။
ကြက်သွန်နီမှာ တစ်ပိဿာလျှင် အသေး ၂၅၀၀ကျပ်၊ အလတ် ၂၇၀၀ကျပ်၊ အကြီး ၃၀၀၀ကျပ်၊ တရုတ်ကြက်သွန်နီတစ်ပိဿာလျှင် ၃၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

တောင်ငူမြို့ရှိ ဓာတ်မြေဩဇာဆိုင်များတွင် မြင်းပျံ၊ CP၊ MC အမှတ်တံဆိပ် ယူရီးယား(လုံးကြီး)ဓာတ်မြေဩဇာများနှင့် အာမိုအမှတ်တံဆိပ် ယူရီးယား(လုံးသေး)ဓာတ်မြေဩဇာများမှာ ၂၀၂၃ခုနှစ်၊ မေလဆန်း၌ တစ်အိတ်လျှင် ၈၇၅၀၀ကျပ်ရှိခဲ့ရာမှ ယခုဇွန်လဆန်းတွင် ၈၆၅၀၀ကျပ်ဖြင့် ဈေးနှုန်း ၁၀၀၀ကျပ်ကျဆင်းလာခဲ့ပါသည်။

အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်အပတ်(၃၁.၅. ၂၀၂၃)ရက်နေ့တွင် နှမ်းနက်(စမုံ)မှာ ကျပ်(၂၈၀၀၀၀မှ၂၉၅၀၀၀)ဖြစ်ပြီး ယခုအပတ်(၆.၆.၂၀၂၃)ရက်နေ့တွင် ကျပ်(၃၀၀၀၀၀မှ၃၂၀၀၀၀)ရှိခဲ့၍ ကျပ်(၂၀၀၀၀မှ၂၅၀၀၀)ဈေးမြင့်တက်ခဲ့ပြီး (၁၃၅၀)အိတ် အရောင်းအဝယ် ရှိခဲ့ပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပတ်ဝန်းကျင်ရှိ ကျေးရွာများသည် မိရိုးဖလာ လယ်ယာလုပ်ငန်းအပြင် သီးနှံစားပင်မျိုးစုံကို စီးပွားဖြစ်စိုက်ပျိုးကြပြီး မြန်မာနိုင်ငံအနှံ့ စားသုံးမှုများပြား၍ ဈေးကွက် အခိုင်အမာရှိသော အာဟာရဓာတ်များစွာပါဝင်သည့် နှစ်ရှည်ခံသီးနှံစားပင်တစ်မျိုးဖြစ်သော ပိန္နဲပင်များကိုလည်း စိုက်ပျိုးကြကြောင်းသိရသည်။ ပိန္နဲပင်များကို ပွင့်ဖြူမြို့နယ်ရှိ ယောစု၊ ပိန္နဲတော၊ ဒေးဒရဲ၊ ညောင်ကုန်း၊ ရွာသစ်၊ မုန်းနားစု စသောကျေးရွာများတွင် စိုက်ပျိုးကြကြောင်း၊ ပိန္နဲတစ်ပင်လျှ