ကုန်သွယ်မှုသတင်းများ
ကယားပြည်နယ်တွင် ကုန်စည်များပုံမှန်လည်ပတ်လျက်ရှိလာသဖြင့် အခြားဒေသများမှ ပြည်နယ်အတွင်းသို့ မေလ(ပထမပတ်)တွင် ဆန်တင်သွင်းမှုမှာ (၁၇၅၅)အိတ်/(၈၉)တန်၊ ကုန်စုံ(၁၃)စီး၊ မြေဩဇာ(၄၃၅)အိတ်၊ ဘိလပ်မြေကား(၂)စီး၊ အချိုရည်(၁)စီး၊ ကြက်ဥ(၄၄၅၀)ကတ်တင်သွင်းခဲ့ပြီး အခြားပြည်နယ်သို့ ပြောင်းတင်ပို့မှုမှာ (၁၅၂၅)အိတ်/(၇၅)တန်တင်ပို့နိုင်ခဲ့ကြောင်း၊ ကယားပြည်နယ်မှ အခြားပြည်နယ်သို့ ဆန်တင်ပို့မှုမှာ (၃၅၀)အိတ်/(၁၇)တန်တင်ပို့နိုင်ခဲ့ပြီး ယခင်ဧပြီလ(ပထမပတ်) ဆန်တင်သွင်းမှုမှာ(၂၈၁၅)အိတ်/(၁၄၁)တန်၊ ကြက်သွန်နီတင

မလေးရှားနိုင်ငံ Kelantan ပြည်နယ်၌ စပါးစိုက်ခင်း ဟက်တာ ထောင်ချီမှာ ပူပြင်းသော ရာသီဥတုကြောင့် ယခုနှစ်တွင် မျှော်မှန်းထားသည့် အထွက်နှုန်းကို ရရှိနိုင်ဖွယ်မရှိကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ကောက်ပဲသီးနှံတင်ပို့မှုသည် ဝယ်လိုအားကောင်းမွန်မှုအရ စံချိန်တင်အရေအတွက်နှင့် တန်ဖိုးပမာဏ ရောက်ရှိခဲ့ရာ ဘာစမာတီမဟုတ်သောဆန်တင်ပို့သူ အိန္ဒိယကုန်သည်များသည် ထိုကဲ့သို့ တင်ပို့နိုင်မှုကို လက်ရှိဘဏ္ဍာနှစ်၌ ဆက်လက်ထိန်းသိမ်းထားနိုင်ရန် မျှော်လင့်လျက်ရှိကြသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ၃၀-၄-၂၀၂၃ နေ့တွင် ဘဏ်လုပ်ငန်းရှင်များအသင်းနှင့် နိုင်ငံခြားငွေလဲလှယ်မှုလုပ်ငန်းရှင်များအသင်းတို့၏ အစည်းအဝေးကျင်းပခဲ့ရာ ပြည်ပရောက်အလုပ်သမားများ၏ တရားဝင်လမ်းကြောင်းများမှတစ်ဆင့် နိုင်ငံခြားငွေလွှဲပြောင်းပေးပို့မှုကို အားပေးသည့်အနေဖြင့် ငွေလဲနှုန်းတိုးမြှင့်လဲလှယ်ပေးရန် ဆုံးဖြတ်ခဲ့ကြပါသည်။

စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးကို မိုင်းလုံရပ်ကွက်၊ ရွာတန်းရှည်ရပ်ကွက်၊ မှုံပြာကျေးရွာ၊ လင်ဖုံလေးကျေးရွာတို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပြီး ယခု ၂၀၂၃ခုနှစ်၊ မေလ(ပထမပတ်)တွင် ဈေးကွက်အတွင်းဖြစ်ပေါ်နေသောခရမ်းချဉ်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင် အလုံးအသေးအကြီးအမျိုးအစားလိုက်၍ တစ်ပိဿာလျှင် (၁၈၀၀) ကျပ် မှ(၂၅၀၀)ကျပ်ထိအရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း၊ ယခင်ဧပြီလ(ပထမပတ်)နှင့်နှိုင်းယှဉ်လျှင် ဈေးနှုန်းတည်ငြိမ်လျက်ရှိပါကြောင်း၊ ဒေသထွက်ခရမ်းချဉ်သီးများသည် ဈေးကောင်းရလျ
