ကုန်သွယ်မှုသတင်းများ
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဆောင်းကြက်သွန်နီအထွက်နှုန်း ကျဆင်းခဲ့ရာ အိဒ်ဘာသာရေးပွဲတော်အလွန်ကာလတွင် ကြက်သွန်နီဈေးနှုန်းများ မြင့်လာခဲ့ကြောင်း သိရှိရသည်။
ဗီယက်နမ်နိုင်ငံမှ ဆန်တင်ပို့သည့် ဈေးနှုန်းများသည် ယခုသီတင်းပတ်တွင် ၂ နှစ်အတွင်း အမြင့်ဆုံးသို့ ခုန်တက်ခဲ့ခြင်းက ရောင်းလိုအားကျဆင်းလာမှုအပေါ် ထိပ်တန်းဝယ်လက်များ၏စိုးရိမ်မှုကို ပိုမိုတိုးပွားလာစေကြောင်း သိရှိရသည်။
ကမ္ဘာတစ်လွှား၌ တရုတ်နိုင်ငံမှသည် အမေရိကန်ပြည်ထောင်စု၊ ၎င်းမှ ဥရောပသမဂ္ဂတို့ တိုင်အောင် ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု ကျဆင်းပြီး ဈေးနှုန်းများမြင့်တက်လျက်ရှိရာ ကမ္ဘာ့ဆန်ဈေးကွက်သည် ၂၀၂၃ ခုနှစ်တွင် နှစ်ပေါင်း ၂၀ အတွင်း ဈေးကွက်ပြတ်လပ်မှု အကြီးမားဆုံးအခြေအနေအဖြစ် မှတ်တမ်းတင်ဖွယ်ရှိကြောင်း သိရှိရပါသည်။
အိန္ဒိယနိုင်ငံ၏ ပဲမျိုးစုံတင်သွင်းမှုတန်ဖိုးမှာ ၄ နှစ်ဆက်တိုက် မြင့်တက်ခဲ့ပြီးနောက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျဆင်းခဲ့ပါသည်။ အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ပြည်ပကုန်သွယ်မှု ကနဦးခန့်မှန်းစာရင်းများအရ ပဲမျိုးစုံတင်သွင်းမှုမှာ တန်ဖိုးအားဖြင့် ရူပီးငွေ ၁၅၇၈၀.၇၃ ကုဋေရှိပြီး ယခင်နှစ်တင်သွင်းမှုတန်ဖိုး ရူပီး ၁၆၆၂၇.၅၈ ကုဋေနှင့် နှိုင်းယှဉ်ပါက ၅.၀၉% ကျဆင်းခဲ့ကြောင်း၊ အမေရိကန်ဒေါ်လာငွေတန်ဖိုးအရမူ ယခုနှစ် ပဲမျိုးစုံတင်သွင်းမှုသည
တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။