ကုန်သွယ်မှုသတင်းများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်”ဆိုသည့် ဌာန၏မျှော်မှန်းချက်တာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးတွင် ငါးမျိုးစုံရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ ဧပြီလ၊ စတုတ္ထပတ်အတွင်းဖြစ်ပေါ်နေသော ငါးလက်လီဈေးနှုန်းများမှာ ငါးရံ့အကောင်လိုက်တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊
မုံရွာမြို့နယ်အတွင်း ခရမ်းချဉ်သီးကို မိုးဦးနှင့် မိုးနှောင်းကာလများတွင် ဒေသအတွင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။ ခရမ်းချဉ်သီးသည် အပူပိုင်းဒေသနှင့် သမနွေပိုင်းဒေသတို့တွင် ကောင်းမွန်စွာစိုက်ပျိုးဖြစ်ထွန်းပါသည်။

အိန္ဒိယနိုင်ငံ၏ ကုလားပဲစိုက်ပျိုးထုတ်လုပ်မှုသည် ယခင်နှစ်စိုက်ပျိုးထုတ်လုပ်မှု တန်ချိန် ၁၃.၅၄ ကိုကျော်လွန်လျက် ယခုနှစ်တွင် တန်ချိန် ၁၃.၆၃ သန်းခန့် စံချိန်တင် ထွက်ရှိနိုင်မည်ဖြစ်ရာ တောင်သူများကို အကာအကွယ်ပေးနိုင်ရန်အတွက် ကုလားပဲ၏နေရာ၌ အစားထိုးသုံးစွဲနိုင်သည့် စားတော်ပဲတင်သွင်းမှုအား အစိုးရက ဆက်လက်ပိတ်ပင်ထားဖွယ်ရှိကြောင်း သိရှိရပါသည်။

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သည့်အနေဖြင့် မလေးရှားနိုင်ငံရှိ အစိုးရအဖွဲ့အစည်းတစ်ခုဖြစ်သည့် မလေးရှားစားအုန်းဆီဘုတ်အဖွဲ့ (MPOB)နှင့် တရုတ်နိုင်ငံ၊ စားသောက်ကုန်၊ ပြည်တွင်းထွက်ကုန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ တင်ပို့တင်သွင်းမှုဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးအသင်းချုပ် (CFNA) တို့အကြား စားအုန်းဆီကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံ၌ ပြည်ထောင်စုချည်မျှင်နှင့်အထည်ကော်မရှင်ဥက္ကဌ ဦးဆောင်လျက် လုပ်ငန်းရှင်များနှင့် လယ်သမားများ ပါဝင်ဖွဲ့စည်းထားသော ဝါဂွမ်းထုတ်လုပ်မှုနှင့်စားသုံးမှုကော်မတီသည် ၂၀၂၂-၂၀၂၃ သီးနှံရာသီ စိုက်ပျိုးထုတ်လုပ်မှုမှ ၁၇ဝ ကီလိုဂရမ်ဝင် ဝါဂွမ်းထုပ်ရေပေါင်း ၃၄၁.၉၁ သိန်း ထွက်ရှိမည်ဟု ၂ဝ၂၂ ခုနှစ် နိုဝင်ဘာလ၌ ခန့်မှန်းခဲ့ရာမှ လက်ရှိရာသီကာလတွင် စက်တင်ဘာလအထိ ၃၃၇.၂၃ သိန်း ထုတ်လုပ်နိုင်မည်ဟု ပြန်လည်ခန့်မှန်းခဲ့ရာ အနည်းငယ် ကွဲလွဲမှုဖြစ်ခဲ့ပါသည်။ အိန္ဒိယဝါဂွမ်းကုန်သည်များအသင်းကလည်း လက်ရှိရ