ကုန်သွယ်မှုသတင်းများ
ဒိုက်ဦးမြို့နယ်တွင် နွေစပါး စိုက်ပျိုးလျက်ရှိရာ စိုက်ဧက ( ၃၈၈၆၇ ) ဧကဖြစ်ကြောင်း သိရှိရသည်။ စိုက်ပျိုးသည့် မျိုးစပါးများအနေဖြင့် ရတနာတိုး- ( ၄၅၈၇ ) ဧက ၊ ဆင်းသုခ - ( ၁၉၄၆၀ ) ဧက ၊ မှော်ဘီ(၂) - ( ၄၂၃၄ )ဧက ၊ ရက်(၉၀)စပါး - ( ၁၁၀၅၈၆ )ဧက ပါဝင်စိုက်ပျိုးကြောင်း သိရသည်။နွေစပါးစိုက်ပျိုးရာတွင် မျိုးစပါးကြဲခြင်း ၊ သွင်းအားစု ၊ ထွန်ယက်ခြင်း ၊ ရိတ်သိမ်းခ ၊ လုပ်သားခ တို့အပါအဝင် တစ်ဧက ကုန်ကျစရိတ်မှာ ( ၅၀၅၀၀၀ ) ကျပ်ဖြစ်ကြောင်း သိရှိရသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးခရိုင် ဒုခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် ပဲခူးခရိုင်၊ ဝေါမြို့ ပဲခူး - မော်လမြိုင်ကားလမ်းပေါ်ရှိ SKY WAW သောက်ရေသန့်လုပ်ငန်းပိုင်ရှင် ဦးကျော်ဇင်ထွန်းနှင့် သွားရောက်တွေ့ဆုံ၍ ရေသန့်စက်ထုတ်လုပ်လည်ပတ်မှုအခြေအနေနှင့် ဈေးနှုန်းဈေးကွက်အခြေအနေများ၊ ကုန်ညွှန်းအမှတ်အသား ပြည့်စုံစွာဖေါ်ပြထားခြင်းရှိ/ မရှိ အခြေအနေများအား ကွင်းဆင်းလေ့လာစုံစမ်းခဲ့ပါသည်။
တောင်ငူခရိုင် ရေတာရှည်မြို့နယ်ရှိ အချို့ဒေသများတွင် နွေစပါးများ စတင်ရိတ်သိမ်းနေ ပြီဖြစ်ပါသည်။ ရေတာရှည်မြို့နယ်တွင် နွေစပါးစိုက်ဧက စုစုပေါင်း (၁၈၄၆၂) ဧက စိုက်ပျိုးခဲ့ရာ GW11 စပါးမျိုး ၁၈၁၄ဧက၊ နှံကောက်စပါးမျိုး ၇၆၂၅ဧက၊ နယူးဧရာစပါးမျိုး ၅၉၀ဧက၊ ရတနာတိုး မျိုးစပါး ၂၈၂၂ ဧကနှင့် ရက် (၉၀) စပါးမျိုး ၅၆၁၁ဧက အသီးသီးစိုက်ပျိုးခဲ့ပါသည်။
တောင်ငူမြို့ရှိ CP ကြက်ဥ၊ ကြက်စာဆိုင်နှင့် 555 ကြက်စာဆိုင်များတွင် ကြက်ဥ အရွယ်မျိုးစုံရောင်းချလျက်ရှိရာ ကြက်ဥ အသေးတစ်လုံးလျှင် ၂၃၀ ကျပ်၊ အလတ် တစ်လုံးလျှင် ၂၅၀ ကျပ်နှင့် အကြီးတစ်လုံးလျှင် ၂၆၀ ကျပ် အသီးသီးရှိပါသည်။ ကြက်ဥကို ကတ်လိုက်ဝယ်ယူပါက ဈေးနှုန်းအပြောင်းအလဲ အနည်းငယ်ရှိပါသည်။ ကြက်စာဈေးတက်သဖြင့် ကြက်ဥဈေးအနည်းငယ်တက်ကြောင်း သိရပါသည်။
တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် သင်္ကြန်ကာလပြီးနောက် ကြက်သား(ရင်အုပ်သီးသန့်) တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်၊ အခြမ်းလိုက်ဈေး ၁၂၀၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် ရင်အုပ် သီးသန့် ၁၂၀၀၀ ကျပ်၊ အခြမ်းလိုက်ဈေး ၁၀၀၀၀ ကျပ်ဖြင့် ဈေးအနည်းငယ် ပြန်ကျသွားပါသည်။