Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
05 May 2023

     ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ ငွေလှံအိုးကုန်းရပ်ကွက်၊ နိုင်နိုင်ကျော် ပွဲရုံတွင် ငုသီးအတောင့် အမှည့် တစ်ပိဿာလျှင် ၈၀၀ ကျပ်ဖြင့် ဝယ်ယူနေပါသည်။ မြန်မာနိုင်ငံ နေရာ အနှံ့အပြားတွင် အလေ့ကျပေါက်သော ငုပင်များရှိသကဲ့သို့ သီးသန့်စိုက်ပျိုးထားသည့် ငုပင် များလည်း ရှိပါသည်။ နိုင်နိုင်ကျော်ပွဲရုံသို့ ဒေသအနှံမှ တင်ပို့ရောင်းချရာ တစ်ရက်လျှင် ပိဿာ ၄၀၀ ခန့် ဝယ်ယူ ရကြောင်း ၊ ဖေဖော်ဝါရီလမှစ၍ မေလအထိ ပုံမှန်ဝယ်ယူရကြောင်း သိရပါသည်။

05 May 2023

   ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့သည် သရက်သီးဈေးကွက်တွင် အရောင်းအဝယ်ကောင်းသည့် မြို့တစ်မြို့ဖြစ်ပါသည်။ သရက်သီးပေါ်ချိန်ဆိုလျှင် ပြည်ဈေးကွက်မှ သရက်သီးအမျိုးအစား စုံလင်စွာရရှိပြီး သီးနှံအရည်အသွေးကောင်းသောကြောင့် အနယ်နယ်အရပ်ရပ်သို့ တင်ပို့ရောင်းချကြပါသည်။ ဧပြီလမှစပြီး ပြည်မြို့မှ မြကျောက်သရက်သီးများ ဈေးကွက်အတွင်းမှာ စတင်ရောင်းချလာကြပါသည်။ မြကျောက်သရက်သီးကိုတော့ အမှည့်စားသုံးခြင်း၊ လက်ဆောင်ပေးခြင်းအတွက်လည်း အထူးဝယ်ယူကြပါသည်။ မြကျောက်သရက်သီးများမှာ ပြည်မြို့တစ်ဖက်ကမ်း

05 May 2023

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် ငရုတ်သီးစိမ်းကို ဦးစားပေးစိုက်ပျိုးကြရာ ငရုတ်သီးစိမ်း စိုက်ဧကမှာ (၇၆၃)ဧကရှိပြီး တစ်ဧကအထွက်နှုန်းမှာ ပျမ်းမျှပိဿာ (၁၃၀၀)ကျော်ခန့်ထွက်ရှိကြောင်း၊ ငရုတ်သီးခြောက်စိုက်ဧကမှာ (၄၅၀)ဧကရှိကြောင်း သိရပါသည်။ ငရုတ်သီးကို ချဉ်လွန်းသော မြေတွင် စိုက်ပျိုးရန်မသင့်‌လျော်ဘဲ သဲဆန်သောမြေနှင့် မြေဆွေးမြေများတွင်သာ ကောင်းစွာ ဖြစ်ထွန်းပါသည်။ စောစီးစွာစိုက်ပျိုးခြင်းသည် ငရုတ်သီးကိုကောင်းစွာရင့်မှည့်ချိန် ပေးပြီးသားဖြစ်၍ ရောင်းဝယ်ရာတွင် ရောင်းပန်းလှ၍ အရောင်းအဝ

05 May 2023

      မန်ကျည်းပင်သည် နွေရာသီတွင် အေးမြသောအရိပ်ကိုပေးသည့်အပြင် မန်ကျည်းပင်တွင် အရွက်၊ အသီး၊ အခေါက်တစ်ပင်လုံးနီးပါး လူတို့အတွက် အသုံးဝင်ပါသည်။ ယခုအချိန်သည်  နွေရာသီ ရောက်ရှိ နေပြီ ဖြစ်သည့်အတွက် ရာသီစာတစ်ခုအနေဖြင့် မန်ကျည်းရွက်အား ဟင်းချက်စား၍လည်းကောင်း၊ သုပ်စား၍လည်းကောင်း ၊ ချဉ်ရည်ဟင်းအဖြစ်လည်းကောင်း၊ အရံဟင်းတစ်ခွက်အဖြစ် စားသောက်ကြပါသည်။ အချို့ဒေသများတွင် အသုပ်များတွင်ထည့်၍ စားသုံးကြပါသည်။ မန်ကျည်းရွက်တွင် ဗီတာမင် စီ၊ ဗီတာမင်အေ၊ ကယ်ဆီယမ်၊ သံဓါတ်၊ အမျှင်ဓါတ်၊ ပိုတက်ဆီယမ်ဓါတ် စ

05 May 2023

    ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ အုတ်ဖိုမြို့နယ် ရုံးပတီသီး၊ ငရုတ်၊ သခွား၊ ခရမ်းသီး၊ ဘူးသီး အစရှိသော ရာသီစာသီးနှံများကိုစိုက်လျှက်ရှိပြီး တစ်နိုင်တစ်ပိုင် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိ  အောင်လုပ်ကိုင် ဆောင်ရွက်လျက်ရှိပါသည်။ လင်းလွန်းပင်ရွာ ၊ ဥတိုရွာ၊ကြံတောချောင်းနားရွာများတွင်   စိုက်ပျိုးလျက်ရှိကြပါသည်။ ဒေသတွင်း စားသုံးရန်သာမက ရန်ကုန်မြို့သို့လည်း တင်ပို့ရောင်းချကြောင်း သိရှိရသည်။

Pages