ကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူနှင့် ရွှေဘို ခရိုင်များအနေဖြင့် ကလေးခရိုင်သာ ဈေးအေးနေပြီး၊ ကျန်ခရိုင်အားလုံး ဈေးအနည်းငယ် တက်နေပါ ကြောင်း၊ စပါး/ဆန်ဈေးနှုန်းများ ဈေးတက်ရခြင်းမှာ စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် တောင်သူလက် ကျန်နည်းပါးနေပြီး၊ နယ်မြေအခြေအနေအရ လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် မြို့နယ် များမှ ဝင်ရောက်မှု နည်းပါးနေခြင်းတို့ကြောင့် ဈေးတက်ရခြင်းဖြစ်ကြောင်း သိရပါသည်။
မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်း လက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ မန်ကျီးအင်းကျေးရွာတွင် တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း ဘူးသီးကိုစိုက်ပျိုးကြကြောင်း၊ ဘူးသီးကိုစိုက်ပျိုးရာတွင် ရာသီမရွေးစိုက်ပျိုးကြပြီး စိုက်ပျိုးချိန် (၁)လကျော်လျှင် အသီးကင်းများစတင်သီးကြောင်း သိရှိရပါသည်။

ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ၂၀၂၃ခုနှစ်၊ မေလ(ပထမပတ်)တွင် စပါး/ဆန် ဈေးနှုန်းများ တည်ငြိမ်နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဧပြီလ နောက်ဆုံးပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၄၀၀၀၀ ၊ မန္တလေးသို့ အိတ်ရေ၄၉၄၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၁၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၉၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၉၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၆၀၀၊ စုစုပေါင်း အိတ်ရေ ၁၂၀၀၀၀၊ တန်အားဖြင့် ၆၀၀၀တန် စီးထွက်ခဲ့ ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆ
အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် (၄၅)ပိဿာ (၁)အိတ်လျှင် ယခင်အပတ် (၂၇-၄-၂၀၂၃)နေ့တွင် နှမ်းနက်(စမုံ)မှာ ကျပ်(၂၅၅၀၀၀) ရှိခဲ့ရာမှ ယခုအပတ်(၂-၅-၂၀၂၃)နေ့တွင် ကျပ်(၂၈၀၀၀၀) ထိရှိခဲ့၍ ကျပ်(၂၅၀၀၀)ဈေးမြင့်ခဲ့ပြီး (၃၈၀)အိတ် အရောင်းအဝယ်ရှိခဲ့ပါကြောင်း နှင့် နှမ်းပြာ၊ နှမ်းဖြူ၊ နှမ်းနီတို့မှာ ရောင်းဝယ်မှုအဝင်၊အထွက်နည်းပါးနေသေးကြောင်း အောင်လံ ကုန်စည်ဒိုင်မှသိရှိရပါသည်။