ကုန်သွယ်မှုသတင်းများ
ကယားပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှု ပုံမှန်လည်ပတ်အသက်ဝင်လာရာတွင် အိမ်ဆောက်ပစ္စည်းအချို့ ဘိလပ်မြေများ၊ လယ်ယာသီးနှံစိုက်ပျိုးရေးအသုံးပြု ဓာတ်မြေဩဇာများ ပြည်နယ်အတွင်းသို့ တင်သွင်းလျှက်ရှိကြောင်း မြို့ဦးဂိတ်စာရင်းအရသိရှိရပါတယ်။ အခြားစားသောက်ကုန်များ၊ လူသုံးကုန်များအနေဖြင့် အောက်တိုဘာလ ပထမပတ် ကုန်စည်စီးဝင်မှုမှာ ကုန်စုံကား(၁၁)စီး၊ ဘိလပ်မြေ(၁၈၂၀)အိတ်၊ မြေဩဇာ(၆၇၀)အိတ်၊ ကြက်ဥ(၈၉၆၀)ကဒ်၊ အချိုရည်(၂၅၀၀)ကဒ်တို့စီးဝင်လျက်ရှိပါကြောင်း၊ နိုဝင်ဘာလ ပထမပတ်ကုန်ပစ္စည်းအဝင်ကားများအနေဖြင့်
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/16.10.jpg?itok=9hKL_yYy)
ကယားပြည်နယ်တွင် ဂျင်းကို လွိုင်ကော်မြို့နယ် လင်ဖုန်းလေး၊ဆောင်ပြောင်း၊ကုန်းသာ ကျေးရွာများတွင် အဓိကစိုက်ပျိုးကြပြီးဒေသထွက်ဂျင်းကို ဟင်းခတ်အမွေးအကြိုင်အဖြစ်ရိုးရာ အစားအစားများ ၊ ဟင်းလျာများတွင်အသုံးပြုပြီး ပြည်နယ်တွင်းတွင်လည်း စားသုံးသူများ ကြောင်း၊ ယခုနိုဝင်ဘာလဒုတိယပတ်အတွင်း ဈေးကွက်အတွင်းဖြစ်ပေါ်နေသောဂျင်းဈေးနှုန်း မှာတစ်ပိဿာလျှင်(၁၈၀၀)ကျပ်နှုန်းသာရှိပြီး ယခင်အောက်တိုဘာလဒုတိယပတ်အတွင်း ဂျင်း ဈေးနှုန်းမှာဂျင်း တစ်ပိဿာလျှင်(၂၀၀၀)ကျပ်အထိမြှင့်တက်ခဲ့ပြီး ယခုနိုဝင်ဘာလဒုတိယပတ်
ကံမမြို့နယ် မြောက်ချောင်းဘက်ရှိ ကျေးရွာများမှထွက်ရှိသည့် ပဲမျိုးစုံသီးနှံများအနက် ဆောင်းပဲတီစိမ်းသီးနှံမှာ နိုဝင်ဘာလ ပထမပတ်တွင် ပဲတီစိမ်း (၂၀)ပိဿာဝင် တစ်တင်းလျှင် ကျပ်(၄၆၀၀၀) ဈေးနှုန်း ဖြစ်ပြီး ယခု ဒုတိယပတ်တွင် ပဲတီစိမ်း(၂၀)ပိဿာဝင် တစ်တင်းလျှင် ကျပ်(၄၉၀၀၀)ဈေးဖြင့် ယခင်အပတ်ထက် ကျပ်(၃၀၀၀)ဈေးနှုန်းမြင့်တက်ခဲ့ပြီး တစ်နေ့လျှင် အိတ်(၂၀)ဝန်းကျင်ခန့်၊ တစ်ပတ်လျှင် အိတ်(၁၅၀)ခန့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/16.5.jpg?itok=X-2mxtmJ)
ရွှေဘိုခရိုင်အနေဖြင့် ၂၀၂၂-၂၀၂၃ခုနှစ် အစေ့ထုတ်ပြောင်း (မိုး)သီးနှံ (၁၁၅၅၇)ဧက စိုက်ပျိုးပြီး တစ်ဧက လျှင် (၅၀)တင်းနှုန်း ထွက်ရှိကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ သိရှိရသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/15.27.jpg?itok=5il9IQN6)
၂၀၂၂ခုနှစ် နိုဝင်ဘာလ ဒုတိယပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန် တစ်ပြည် ၃၆၀၀ကျပ်၊ ဧရာမင်းဆန် တစ်ပြည် ၂၈၀၀ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိသည်။ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာ ၄၅၀၀ကျပ်၊ (လတ်)တစ်ပိဿာ ၄၀၀၀ကျပ်၊ (သေး)တစ်ပိဿာ ၃၅၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျင် ၃၅၀၀ကျပ်မှ ၄၀၀၀ကျပ်ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ၄၀၀၀ကျပ်မှ ၄၅၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာ ၄၅၀၀ကျပ်မှ ၅၀၀၀ကျပ်ထိ၊ ချင်းတစ်ပ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/15.26.jpg?itok=0KdbDDEn)