ကုန်သွယ်မှုသတင်းများ
ပြည်ဈေးကွက်အတွင်း ယခုအပတ်တွင် မတ်ပဲသီးနှံဈေးနှုန်းများ ပြန်လည်ကျဆင်းခဲ့သောကြောင့် ပိဿာ(၂၀)တစ်တင်းလျှင် (၆)သောင်းကျပ်အောက်အထိ ဈေးလျော့သွားခဲ့ပါသည်။ အဝင်နည်းသော်လည်း လက်ကျန်ပဲများရှိခဲ့၍ ရန်ကုန်ဝယ်လက်အပေါ်မူတည်၍ တစ်ရက်အိတ် ၂၀၀/ ၃၀၀ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခင်လက မတ်ပဲသီးနှံဈေးနှုန်းများ တစ်တင်းလျှင် ကျပ် (၇)သောင်းနီးပါးအထိ မြင့်တက်ခဲ့သော်လည်း လှောင်ပဲသမားအချို့က ထုတ်ရောင်းချမှုမရှိဘဲ ဈေးဆက်လက် မြင့်တက်မလားမျှော်လင့်ကာ ဆက်လက်သိုလှောင်ထားခဲ့ကြသည် ကိုတွေ့ရှိရပါသည်။ ယ
ပြည်ဈေးကွက်တွင် ပြည်တွင်း လက်လီ/လက်ကား အရောင်းအဝယ်ဖြစ်နေသော ပဲကြီးသီးနှံမှာ ဈေးအမြင့်ဖြင့့်သာ ဆက်လက်အရောင်းအဝယ်ဖြစ်လျက်ရှိခဲ့ပါသည်။ ပဲလက်ကျန်များ ရှိသည့် အတွက်ကြောင့် ပဲကြော်ဖိုလုပ်ငန်းသမားများနေ့စဉ်အဝယ်ရှိမှုအပေါ် တစ်ရက်အိတ် ၂၀၀/၃၀၀ ကျော် ပုံမှန်ရောင်းဝယ်မှု ဖြစ်ခဲ့ကြပါသည်။ ပဲဈေးနှုန်းအနေဖြင့် (ရွှေကျွန်း) တစ်တင်း ၈၀၀၀၀ကျပ်၊ (ကမ်းနား)တစ်တင်း ၇၇၀၀၀ကျပ်တို့ဖြင့် အသီးသီးရောင်းဝယ်လျက်ရှိပြီး ယခင်နှစ်က ပဲဈေးနှုန်း ထက် တစ်တင်းကျပ် ၂သောင်းကျော် ဈေးပိုရခဲ့ပါသည်။ ယခင်နှစ်က
ပြည်ပဲဈေးကွက်၏ လက်လီပဲဈေးကွက်တွင် ပဲသီးနှံအားလုံးလိုလိုဈေးကောင်းရနေခဲ့ပြီး ပဲနီပြားသီးနှံမှာလည်း တစ်တင်း ၅၀၀၀၀ကျပ်ဖြင့် လက်လီသာအရောင်းအဝယ်ဖြစ်လျက်ရှိပါသည် ။ တစ်ရက် အိတ် ၂၀/၃၀ ကျော် ဒေသတွင်း လက်လီသမားများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြပါသည်။ ယခုနှစ် ပဲဈေးတစ်တင်းလျှင် ၅၀၀၀၀ကျပ်ဖြင့် ဈေးကောင်းရနေသည်ဆိုသော်လည်း ယခင်နှစ်က ပဲဈေးနှုန်းထက် ဈေးလျော့နေခဲ့ကြောင်း တွေ့ရှိရပါသည်။ ယခင်နှစ်က ပဲနီပြားသီးနှံ ကာလတူ အချိန် ဈေးနှုန်းမှာ တစ်တင်း ၆၀၀၀၀ ကျပ်ဖြင့် ဈေးရခဲ့ပြီး ပဲဈေးကွက်တွင် အခြ
အောက်တိုဘာပထမပတ်တွင် ပြည်မြို့နယ်၏ အခြေခံ စားသောက်ကုန်ဈေးနှုန်းများမှာ ယခင်လက ဈေးမြင့်တက်နေသော်လည်း ယခုအပါတ်တွင် ဈေးနှုန်းများ အနည်းငယ် ပြန်ကျလာ ပါသည်။ ကြက်သွန်နီတစ်ပိဿာလျှင် ယခင်လက ၃၆၀၀ကျပ်၊ ယခုလတွင် ၃၃၀၀ကျပ်ဖြင့် အနည်း ငယ် ကျဆင်းခဲ့ပါသည်။ ငရုတ်သီးခြောက်အရှည်ဈေးမှာ တစ်ပိဿာလျှင် ၂၅၀၀ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်)ဈေးမှာ ၅၀၀၀ မှ ၄၃၀၀ကျပ်သို့ အနည်းငယ်ကျဆင်းခဲ့ပါသည်။ ရှမ်းကြက်သွန်ဖြူ ဈေးနှုန်းအနေဖြင့် ၆၀၀၀ကျပ်ဖြင့် ဈေးမပြောင်းလဲကြောင်း သိရှိရပါသည်။ မန်ကျည်းမှည့် တစ်ပိဿာ ၄၀
ပြည်ကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ်ဈေးထက် ယခုလ ပဲဈေးနှုန်းမှာ ပိုကောင်းလျက်ရှိနေကြောင်း သိရှိရပါသည်။
မတ်ပဲ