ကုန်သွယ်မှုသတင်းများ
စက်သုံးဆီ တင်သွင်း/ သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ စက်သုံးဆီ လက်ကားရည်ညွှန်းစျေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိရာ မကွေးတိုင်းဒေသကြီးအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၏ နေ့စဉ်ဆီရောင်းချမှု၊ ဆီဘောင်ကား ရောက်ရှိမှုအခြေအနေများကို သက်ဆိုင်ရာဌာနများမှ ကြပ်မတ်စိစစ်ဆောင်ရွက်လျက် ရှိပါသည်။
(၃.၁၀.၂၀၂၂ )ရက်နေ့ နံနက်(၀၈း၀၀)နာရီအချိန်တွင် မကွေးမြို့၊ မင်္ဂလာစျေးအပြင်ဘက်တန်း၌ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မကွေးတပ်နယ်မှ စားသုံးသူပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် အခြေခံစားကုန်များဖြစ်သော ဆန်တစ်ပြည်(၁၅၀၀ိ/-)ကျပ်၊ အမဲဘူးတစ်ဘူး(၆၂၀၀ိ/-)ကျပ်၊ ကြက် အာလူး တစ်ဘူး(၄၀၅၀ိ/-)ကျပ်၊ ငါးပိတစ်ဘူး(၅၅၀ိ/-)ကျပ်၊ ပဲထောပတ်တစ်ဘူး(၂၄၅၀ိ/-)၊ ဆား တစ်ထုပ် (၁၀၀ိ/-)ကျပ် ၊ ကြက်ဥတစ်လုံး(၁၅၀ိ/-)ကျပ်၊ ချဉ်ပေါင်ရွက်(၃)စီး(၁၀၀ိ/-)ကျပ်၊ ခရမ်းချဉ်သီး (၅၀ိ/-)သား (၁၀၀၀ိ/-)ကျပ်
အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် ယခင်အပတ်(၂၉.၉.၂၀၂၂)နှင့် ယခုအပတ် (၅.၁၀.၂၀၂၂)ရက်နေ့အတွင်း နှမ်းဖြူ (၄၅)ပိဿာတစ်အိတ်လျှင် ယခင်အပတ် (၂၇၀၀၀ဝိ/-) ယခုအပတ်(၂၅၅၀၀ဝိ/-)ဖြစ်၍ (၁၅၀၀ဝိ/-)ဈေးလျော့၊ နှမ်းနီ ယခင်အပတ် (၂၅၀၀၀ဝိ/-)ယခုအပတ် (၂၄၀၀၀ဝိ/-)ဖြစ်၍ (၁၀၀၀ဝိ/-)ဈေးလျော့၊နှမ်းနက်(စမုံ) ယခင်အပတ် (၃၀၅၀၀ဝိ/-)ယခုအပတ် (၂၈၅၀၀ဝိ/-)ဖြစ်၍ (၂၀၀၀ဝိ/-)ဈေးလျော့၊ နှမ်းပြာယခင်အပတ်(၂၅၅၀၀ဝိ/-)ယခုအပတ်(၂၃၅၀၀ဝိ/) ဖြစ်၍ (၂၀၀၀ဝိ/-)အသီးသီးဈေးလျော့ခဲ့ကြောင်း သိရှိရပါသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်အတွင်းရှိ ကြက်သားနှင့် ကြက်ဥမှာဈေးတက် သော်လည်း အရောင်းဝယ်ကောင်းနေကြောင်း သိရှိရပါသည်။ ယခုအချိန်တွင်လားရှိုးမြို့ရှိ ကြက်သားဈေးမှာ တစ်ပိဿာလျှင် ၁၀၀၀ဝိ/-ကျပ်ရှိပြီး ကြက်ဥဈေးနှုန်းမှာ တစ်ပိဿာလျှင် ၅၀၀ဝိ/-ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။ ကြက်ဥများမှာ အလုံးအသေးအကြီး ပေါ်မူတည်၍ တစ်ပိဿာတွင်အလုံးကြီးလျှင် ၂၃လုံးပါဝင်ပြီး အလုံးသေးလျှင်၂၅/၂၆လုံးခန့် ပါဝင်ကြောင်းတွေ့ရှိရပြီး အလုံးကြီးတစ်လုံးကိုပျှမ်းမျှ ၂၂ဝိ/-ကျပ်ရှိပြ
ကယားပြည်နယ်တွင် ဆန်/စပါးသည် အဓိကစိုက်ပျိုးသောသီးနှံ တစ်မျိုးဖြစ်ပြီး ပြည်နယ်တွင်း ထွက်ရှိသောဆန်များကို အခြားဒေသများသို့ တင်ပို့ခြင်း အခြားဒေသများမှ ဆန်များကို တင်သွင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခုအောက်တိုဘာလ ပထမပတ်အတွင်း ဈေးကွက်တွင် ဖြစ်ပေါ်နေသော ဆန်ဈေးနှုန်းများမှာ ဒေသဆန် တရုတ်မွှေး တစ်အိတ်လျှင် (၆၅၀၀၀) ကျပ်၊ ရွှေရင်အေး (၁) တစ်အိတ်လျှင် (၇၂၀၀၀) ကျပ်ရှိပြီး အခြားဒေသမှ ဆန် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် (၉၇၀၀၀)ကျပ်၊ ပေါ်ဆန်းကျော် တစ်အိတ်လျှင် (၆၉၀၀၀) ကျပ်၊ ဧရာမင်း တစ်အိ