ကုန်သွယ်မှုသတင်းများ
မကျည်းတောပဲမြစ်ကို မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် မကျည်းတော ကျေးရွာမှ တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိပြီး ၎င်းရွာမှထွက်သော ပဲမြစ်များသည် အခြားဒေသများမှ ထွက်သော ပဲမြစ်များထက် အရွယ်အစားသေးပြီး အရသာမှာ ဆိမ့်၍ စေးပိုင်နေသောကြောင့် ဆောင်းရာသီ ပဲမြစ်ပေါ်ချိန်တွင် မကျည်းတောပဲမြစ်မှာ လူကြိုက်များသော အစားအစာတစ်မျိုးဖြစ်ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/15.25.jpg?itok=cy5bExVG)
ရွှေဘိုမြို့နယ်၌ ဈေးကွက်အတွင်းတွင် ဒေသတွင်း ခင်ဦးမြို့နယ်၊ ရေဦးမြို့နယ်နှင့် ရွှေဘိုမြို့အနီးတဝိုက်ရှိ ကျေးရွာများမှ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထွက်ရှိသော နဂါးမောက်သီး များ ဝယ်ယူရောင်းချသော်လည်း ၊ပြင်ဦးလွင်မြို့နှင့် ပုပ္ပါးမြို့တို့မှ နဂါးမောက်သီးများ ကိုသာ အဓိကထား၍ ဝယ်ယူရောင်းချကြသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/15.24.jpg?itok=9zz_3aIx)
၂၀၂၂ ခုနှစ် နိုဝင်ဘာလ ဒုတိယပတ်အတွင်း မုံရွာမြို့နယ်တွက် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည်(၄၅၀၀)ကျပ်၊ ဧရာမင်းဆန်တစ်ပြည်(၄၀၀၀) ကျပ်ဖြင့်အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီတစ်ပိဿာလျှင်(၆၄၀၀)ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင်(၉၅၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင်(၉၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီတစ်ပိဿာလျှင် (၄၅၀၀)ကျပ်မှ (၅၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူလက်လီ(ဗမာ) တစ်ပိဿာ လျှင် (၅၅၀၀) ကျပ်မှ (၆၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်း)တစ်ပိဿာလျှ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/15.22.jpg?itok=-y1vY1Pk)
ပခုက္ကူခရိုင်အတွင်းရှိ ဆိပ်ဖြူကုန်စည်ဒိုင်တွင် နေ့စဉ်ကြက်သွန်နီ အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။ ဆိပ်ဖြူဒေသတွင်းနှင့် နီးစပ်ရာ ချောက်၊ ဆင်ဖြူကျွန်း၊ စလင်း၊ ပေါက်မြို့နယ်ထွက် ကြက်သွန်နီများ နေ့စဉ် ကုန်ချိန်(၂၀၀၀၀)ခန့် ဝင်ရောက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
ဆီထွက်သီးနှံမြေပဲ(အတောင့်/အဆံ)များ ပခုက္ကူဈေးကွက်သို့ နေ့စဉ်ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မြေပဲတောင့်များကို ပခုက္ကူမြို့နှင့် နီးစပ်ရာကျေးရွာများနှင့် ညောင်ဦးမြို့ နယ် ဒေသကျေးရွာများမှ ဝင်ရောက်ပြီး မြေပဲဆံများကို ပခုက္ကူဒေသအပြင် ကျောက်ပန်းတောင်း၊ မုံရွာ၊ပြည်၊ မြန်အောင်မြို့များမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မြေပဲလှိုင်လှိုင်ဝင်ရောက်၍ ကုန်ပစ္စည်းဝင်သလောက် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး မြေပဲဈေးနှုန်းများ တရိပ်ရိပ်ကျဆင်းလျက်ရှိကြောင်း သိရှိရသည်။