ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ ဆင်ဖြူကျွန်းမြို့ စလင်းချောင်းအနောက်ဘက်ရှိ နွယ်တမယ်၊ ချောင်းဖြူ၊ ချောင်းကောက်၊ ညောင်ကုန်း၊ ပန်းတော၊ မြောင်းဘောင်ကျေးရွာများမှ တောင်သူများ သည် စလင်းချောင်းရေကိုအမှီပြု၍ ဟင်းသီးဟင်းရွက်သီးနှံစားပင်မျိုးစုံကို တစ်ပိုင်တစ်နိုင်စိုက်ပျိုး လုပ်ကိုင်လျက်ရှိသည်။ ယခုနှစ်တွင် စားဖိုဆောင်သုံးကာလတိုသီးနှံဖြစ်သော တိုင်ထောင်ပဲမှာ ဈေးကောင်းရ၍ တောင်သူများပိုမိုတိုးချဲ့ စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/ပဲသီး.png?itok=TXOSnAvN)
ဆီထွက်သီးနှံမြေပဲ(အတောင့်/အဆံ)များ ပခုက္ကူဈေးကွက်သို့ နေ့စဉ်ဝင်ရောက်၍ အရောင်း အဝယ်ဖြစ်လျက်ရှိရာ ယခုအချိန်တွင် မြေပဲ(တောင့်/အဆံ)ဈေးနှုန်းများ အနည်းငယ်ကျဆင်း၍ အရောင်းအဝယ်အေးလျက်ရှိသည်။ ဈေးကွက်အတွင်းသို့ ဇွန်လ မိုးဦးစိုက်မြေပဲများ တူးဖော်ပြီး သီးနှံပေါ်ပြီးစ အချိန်တွင် ပခုက္ကူဈေးကွက်သို့ လှိုင်လှိုင်ဝင်ရောက်၍ မြေပဲ(အသစ်)များ နေ့စဉ် ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ မြေပဲတောင့်များကို ပခုက္ကူမြို့နှင့် နီးစပ်ရာကျေးရွာ များနှင့် ညောင်ဦးမြို့နယ်ဒေသကျေးရွာများမှ ဝင်
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/မြေပဲ_9.jpg?itok=osbr891c)
မကွေးမြို့ပေါ်တွင် စက်တင်ဘာလ(၁၅)ရက်နှင့်(၂၆)ရက်နေ့အတွင်း ဖြစ်ပေါ်လျက်ရှိသော ဆန်အမျိုးအစားအချို့မှာ ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း၊ (၂၆.၉.၂၀၂၂) နေ့တွင် မနော်(ရခိုင်) (၂၄)ပြည် တစ်အိတ်လျှင် (၄၅၀၀၀-၄၆၅၀၀)ကျပ် ၊ ဧရာပဒေသာ(ပွင့်ဖြူ) (၂၄)ပြည် တစ်အိတ်လျှင် (၆၂၀၀၀-၆၈၀၀၀)ကျပ်၊ မနောသုခ (မြောင်းမြ) (၁၀၅)ပေါင် တစ်အိတ် လျှင် (၄၅၀၀၀-၅၀၀၀၀) ကျပ်၊ ဧရာပဒေသာ (မြောင်းမြ) (၁၀၅)ပေါင် တစ်အိတ်လျှင် (၅၃၀၀၀-၅၈၀၀၀)ကျပ်၊ ပေါ်ဆန်းမွှေး (ရခိုင်) (၁၀၈)ပေါင် တစ်အိတ်လျှင် (၆၃၀၀၀-၆၅၀၀၀)ကျပ်တို
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/rice_1.jpg?itok=OrjxgReM)
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာစျေးကွက်တွင် ယခင်အပတ်က အရောင်းအဝယ်အေးခဲ့သော ကြက်သွန်နီမှာ ယခုတစ်ပတ် မြဝတီ၊ ပဲခူးတို့မှာအဝယ်ရှိလာခြင်းကြောင့် အရောင်းအဝယ်ပြန်ဖြစ်လာကြောင်း၊ အဝယ်ရှိလာသော်လည်း တင်ပို့မှုမရှိဘဲ အရောင်းအဝယ်သာတည့်ကြောင်း သိရှိရပါသည်၊၊ ကြက်သွန်နီစျေးမှာလည်း ယခင်တစ်ပတ်က ရောင်းစျေး တစ်ပိဿာ ၂၆၀၀ိ/- ၂၈၀၀ိ/- ရှိခဲ့ရာမှ ယခု ၃၀၀၀ိ/- ရှိ ကြောင်း စျေးကွက်မှသိရသည်။ ယခုအခါ ကြက်သွန်နီအဟောင်း လက်ကျန်မှာ နည်းလာပြီး မိုးကြက်သွန်နီ စိုက်သောဒေသများ၌ စိုက်ပျိုးရန်ပြင်ဆင
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/ကြက်သွန်နီ_6.jpg?itok=r39YCjvS)
ရမည်းသင်းခရိုင်တွင် ငရုတ်ကို ငရုတ်ခြောက်အတွက် မိုးစိုက်အနေနှင့် နှစ်စဉ်စိုက်ပျိုးကာ စိုက် ဧက (၆) သောင်းရှိပါသည်။ ငရုတ်ကို ခရိုင်အတွင်း ရမည်းသင်းမြို့နယ်တွင် ပိုမိုစိုက်ပျိုးပါသည်။ နှစ်စဉ် ငရုတ်ကို ငရုတ်ခြောက်စျေးကွက်အတွက်သာ စိုက်ပျိုးခဲ့သော်လည်း ယခုနှစ်ငရုတ်စိုမှာ ပင်စျေးကောင်း ရရှိသဖြင့် ခူးဆွတ်ရောင်းချကြောင်း သိရပါသည်။