ကုန်သွယ်မှုသတင်းများ
ယနေ့ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျေးရွာအချို့၌ နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှဦးဆောင်၍ အထူးဈေးနှုန်းဖြင့် စားအုန်းဆီများ ဆက်လက်ဖြန့်ဖြူး ရောင်းချပေးလျက်ရှိပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/NPT2_0.jpg?itok=qZ3-mUX1)
မြန်မာနိုင်ငံ၏ စပါးကျီဟု တင်စားခေါ်ဝေါလျှက်ရှိသော ဧရာ၀တီတိုင်းဒေသကြီးသည် သဘာ၀မှ လက်ဆောင်ပေးထားသည့် မြေဆီမြေနှစ်ကောင်းမွန်ပြီး လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို အဓိကလုပ်ကိုင်လျှက်ရှိသော တိုင်းကြီးတစ်ခုဖြစ်သည်နှင့်အညီ နှစ်စဿ်မိုးစပါး စိုက်ဧက (၃၇)သိန်းကျော်နှင့် နွေစပါးစိုက်ဧက (၁၀)သိန်းကျော် နှစ်စဉ်စိုက်ပျိုးလျှက်ရှိပြီး ဒေသတွင်း စားသုံးမှုဖူလုံရုံသာမက နှစ်စဉ်ပိုလျှံသည့် ဆန်/ဆန်ထွက်ပစ္စည်းများကို ပြည်တွင်း စျေးကွက်နှင့် ပြည်ပစျေးကွက်များသို့ တင်ပို့ရောင်းချလျှက်နေပါသည
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/မိုးစပါး စိုက်ဧက.jpg?itok=w5KmuBuV)
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊မင်းဘူးခရိုင်၊ စလင်းမြို့နယ်ဦးစီးမှူးရုံးမှ ဦးဆန်းလင်းမောင်(ဦးစီးမှူး) နှင့်အဖွဲ့သည် စလင်းမြို့နယ်၊ ဆင်ကျုံးကျေးရွာသို့ (၂၆.၇.၂၀၂၂)ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီ အချိန်တွင် ပြည်တွင်းကုန်သွယ်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိုးစပါးစိုက်တောင်သူနှင့်တွေ့ဆုံ၍ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်နှင့် အကျိုးအမြတ်ရရှိမှုတို့ကို ကွင်းဆင်းတွေ့ဆုံမေးမြန်းခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/ဆင်ကျုံးစပါး.jpg?itok=m6rwmJts)
မြို့သစ်မြို့နယ်ရှိ တောင်သူများအနေဖြင့် မိုးမြေပဲများ စတင်နှုတ်ဆွတ်နေပြီဖြစ်ပါသည်။ တောင်သူများ အဓိက စိုက်ပျိုးသည့် မြေပဲကတော့ ဗီယက်နမ်(ပဲဆံအဖြူ)အများဆုံး စိုက်ပျိုးကြပြီး စွန်တာနီ(ပဲဆံအနီ) ကတော့ အနည်းငယ်သာစိုက်ပျိုးကြကြောင်း သိရှိရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/မြို့သစ်.jpg?itok=tGcdYLP1)
မြန်မာ့လက်မှုပညာဖြင့် ကြိမ်ထည်ပစ္စည်းမျိုးစုံ ထုတ်လုပ်ရောင်းချနေသော စစ်ကိုင်းမြို့ မကျည်းစဉ်ရပ်ကွက်ရှိ စစ်ကိုင်းမြို့နယ် ကြိမ်ထည်လုပ်ငန်းရှင်များအသင်းဥက္ကဌဖြစ်သည့် ဦးသန်းထွန်း ထံသို့ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဇူလိုင်လ ၂၅ ရက်နေ့က သွားရောက်တွေ့ဆုံ၍ ထုတ်လုပ်ရောင်းဝယ်မှု အခြေအနေများနှင့် ဈေးနှုန်း/ဈေးကွက် အခြေအနေများကို ဆွေးနွေးမေးမြန်းခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/ကြိမ်ထည်.jpg?itok=X-wFmk6k)