Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
05 Jul 2022

           ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဇွန်လ နောက်ဆုံးပတ်တွင် စပါး ဈေးနှုန်း အနည်းငယ်မြင့်တက်၍ ဆန်ဈေးနှုန်းမှာ တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇွန်လ စတုတ္ထပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၄၀၀၀၀ ၊ မန္တလေးသို့ အိတ်ရေ ၅၀၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၈၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၇၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၇၀၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၁၁၃၀၀၀၊ တန်အားဖြင့် ၅၆၅၀တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြား

04 Jul 2022

             ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အထက်ပုဇွန်တောင်လမ်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကြက်/ဘဲဈေးဒိုင်မှ စားသုံးသူပြည်သူများ လွယ်ကူစွာဝယ်ယူစားသုံးနိုင်ရန်အတွက် ပြည်နယ်နှင့် တိုင်းများသို့ ကြက်/ ဘဲများကို နေ့စဉ် လက်လီ/လက်ကားဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

04 Jul 2022

            ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဇွန်လ (၂၁) ရက်နေ့မှ ဇွန်လ (၂၇) ရက်နေ့ အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ သဲတော၊ တပ်ကုန်း၊ ဝမ်းတွင်း မှ ဖရဲသီး (211) အလုံးကြီး ကျပ် ၁၇၀၀၊ အလုံးလတ် ကျပ် ၁၂၀၀၊ အလုံးသေး ကျပ် ၈၀၀ ၊ မော်လမြိုင်၊ ဘီးလင်းမှ ကျွဲကောသီး အလုံးကြီး ကျပ် ၂၅၀၀ မှ ၂၀၀၀၊ အလုံးလတ် ကျပ် ၁၅၀၀ မှ ၁၂၀၀၊ အလုံး သေး ကျပ် ၁၀၀၀ မှ ၈၀၀၊၅၀၀၊ ပြင်ဦးလွင် မှ နဂါးမောက်သီး(အနီ) ဂျပ်ဖာ အလုံးကြီး ၁၆ လုံးပါ ကျပ် ၁၂၀၀၀၊ အလုံးလတ် ၁၈ လုံးပါ ကျပ် ၁၀၀၀၀၊

04 Jul 2022

            အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဇွန်လ (၂၄)ရက်နေ့မှ ဇွန်လ (၃၀)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက် ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ

04 Jul 2022

             မြန်မာဟင်းလျာများချက်ရာတွင် အသုံးတည့်လှသောအိမ်ရှင်မများအကြိုက် ပုဇွန်ခြောက်များကို ထားဝယ်၊မြိတ်၊ပုလောမြို့တို့တွင် အများအပြားထွက်ရှိပါသည်။ ပုဇွန်ခြောက်ပြုလုပ်ပုံ အမျိုးအစား အကြမ်းဖျင်း(၂)မျိုးရှိပါသည်။ ပထမတစ်မျိုးမှာ ပုဇွန်ကိုပြုတ်၍ နေပူလှန်းအခြောက်ခံပြီး  ဒုတိယတစ်မျိုးမှာ ပုဇွန်ကိုပြုတ်၍ ပုဇွန်ကင်သည့်စင်(ဖို)ပေါ်တင်ပြီး မီးအပူငွေ့ရိုက်ကာ အခြောက်ခံပြုလုပ်ရပါသည်။

Pages