ကုန်သွယ်မှုသတင်းများ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူများသည် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများကို အဓိကထားစိုက်ပျိုးကြပြီး၊ ၄င်းသီးနှံများအနက်မှ ပဲတီစိမ်း(မိုးကြို/မိုး)ကိုလည်း အများအပြားစိုက်ပျိုးလျှက်ရှိကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ယခင်(၂၀၂၁-၂၀၂၂)ဘဏ္ဍာနှစ်တွင် (၄၃၁၉၄)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ် (၂၀၂၂-၂၀၂၃)ဘဏ္ဍာနှစ်တွင် (၂၅၆၈၀)ဧက စိုက်ပျိုးကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် သွင်းအားစုစရိတ်များ မြှင့်တက်နေမှုကြောင့် ယခင်နှစ်ထက် လျော့နည်းစိုက်ပျိုးပြီး ပဲတီစိမ်း(မိုးကြို/မို
မကွေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးရေး အလေးထားဆောင်ရွက်လျက်ရှိရာ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ရေဦးအုပ်စု၊ ရေဦးကျေးရွာမှ လယ်ယာမြေများတွင် ၂၀၂၂ခုနှစ် မေလဆန်းမှစ၍ မိုးဦးမိုးဖြင့် စိုက်ပျိုးခဲ့ သည့် မိုးနှမ်းနှင့် နေကြာသီးညှပ် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရပါသည်။
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၄၇)စုမှ ကျေးရွာစုစုပေါင်း(၁၈၀)ရွာ၌ စပါးစိုက်တောင်သူများ၏ နွေစပါးများစတင်ရိတ်သိမ်းလျှက်ရှိကြောင်း သိရပါသည်။မြို့သစ်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ခုနှစ် စပါးစိုက်ဧက (၁၁၆၂၀)ဧက လျာထားလျှက်ရှိသော်လည်း စိုက်ဧက(၆၁၁၂)ဧကခန့် စိုက်ပျိုးခဲ့ပြီး စိုက်ဧကအပြည့်အဝ စိုက်ပျိုးနိုင်ခြင်းမရှိသေးကြောင်း သိရပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် စားသုံးသူဆိုင်ရာအသိပညာပေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး အသိပညာပေးခြင်း၊ ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ပြည်တွင်းကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်