Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
28 Jun 2022

      ချောက်မြို့နယ်တွင် လူဦးရေ(၂၂၀၀၀၀)ဝန်းကျင်ရှိပြီး၊ အများစုမှာ နိုင်ငံ့ဝန်ထမ်းများနှင့် ကျေးလက်နေပြည်သူများသာဖြစ်ကြပါသည်။ ချောက်မြို့နယ်တွင်၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၌ အဓိကစိုက်ပျိုးသော သီးနှံများမှာ မြေပဲ(၉၆၈၁၅)ဧက၊ နှမ်း(၂၆၄၈၉)ဧက၊ ပဲတီစိမ်း (၁၈၁၇၀)ဧက၊ ကုလားပဲ(၁၃၀)ဧက တို့ဖြစ်ကြောင်း လေ့လာသိရှိရပြီး စားဖိုဆောင်သီးနှံများ စိုက်ပျိုးမှု နည်းပါးကြောင်း တွေ့ရှိရပါသည်။

28 Jun 2022

               စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး‌ကော်မတီကို ဖွဲ့စည်းပြီး ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့် ပြည့်မှီစေရေး စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွှတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ စျေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး၊ စားအုန်းဆီကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖ

28 Jun 2022

          ၂၀၂၂ခုနှစ်၊ မေလ နောက်ဆုံးသီတင်းပတ်တွင် ကြက်သွန်နီ ဈေးနှုန်းများမှာ ကြီး/လတ်/သေး တစ်ပိဿာလျှင် ၈၀၀/၁၀၀၀/၁၂၀၀ ကျပ်ခန့်သာရှိခဲ့ရာ မှ ဇွန်လ သီတင်းပတ်မှ စတင်၍ တစ်ဖြည်းဖြည်း မြင့်တက်လာခဲ့ရာ ယခု သီတင်းပတ်တွင် ကြီး/လတ်/သေး တစ်ပိဿာလျှင် ၁၀၀၀/ ၁၅၀၀/၁၈၀၀ ကျပ်ခန့်ထိ မြင့်တက်လာခဲ့ပြီး ဈေးကွက်အရောင်းရ အများဆုံးမှာ အသေးစား ၁၀၀၀ကျပ် တန်ကိုသာ ဝယ်ယူသုံးစွဲမှု များကြောင်း သိရှိရပါသည်။ ယခင်နှစ် ဇွန်လတွင် ကြက်သွန်နီ စျေးနှုန်းမှာ တစ်ပိဿာလျှင် အနိမ့်ဆုံး ၅၀၀ ကျပ်နှင့် အမြင့်ဆုံး ၆၀၀ ကျပ

28 Jun 2022

       စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်နှင့် တာဝန်ရှိသူများ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒေါ်နှင်းစန္ဒာတို့သည် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့ (နံနက် ၉း၃၀) နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မုံရွာပညာရေးဒီဂရီကောလိပ်တွင် ကျင်းပပြုလုပ်သည့် စားသုံးသူရေးရာ အသိပညာပေးဟောပြောပွဲ၌ သက်ဆိုင်ရာခေါင်းစဉ်များဖြင့် အသိပညာပေး ဟောပြောဆွေးနွေးကြပါသည်။

28 Jun 2022

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်း မြို့နယ်များရှိ ဈေးကွက်များတွင် မတ်ပဲဈေးနှုန်းများမှာ မေလ နောက်ဆုံး သီတင်းပတ်တွင် ပိဿာ (၂၀) တစ်တင်းလျှင် အနိမ့်ဆုံး ၄၇၀၀၀ကျပ်နှင့် အမြင့်ဆုံး ၄၇၄၀၀ကျပ် ခန့်သာရှိရာမှ ဇွန်လ ပထမပတ်မှ စတင်၍ အနိမ့်ဆုံး ၄၈၀၀၀ ကျပ်မှ အမြင့်ဆုံး ၄၈၅၀၀ ကျပ်ခန့်ထိ အနည်းငယ်စီ မြင့်တက်လျှက်ရှိပြီး ယခုအချိန်တွင် ခရိုင်အတွင်းရှိ မြို့နယ်များတွင် ပိဿာ (၂၀) တစ်တင်းလျှင် အနိမ့်ဆုံး ၅၀၀၀၀ကျပ်မှ ၅၁၆၀၀ ကျပ်ထိ စျေးနှုန်းမြင့်တက်လျှက်ရှိပါသည်။ ပွဲရုံများမှ ရန်ကု

Pages