ကုန်သွယ်မှုသတင်းများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ ဒု-ခရိုင်ဦးစီးမှူး ဦးသန့်ဇင်နှင့် မြောင်းမြမြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးတို့သည်(၂၅.၆.၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်က စားသုံးဆီရည်ညွှန်းဈေးဖြင့် ရောင်းချနေမှုအား သွားရောက်ကွင်းဆင်းစိစစ် ဆောင်ရွက်ခဲ့ပါသည်။
ကယားပြည်နယ်တွင်စပါးကို နွေ/မိုး အဓိကစိုက်ပျိုးကြပြီး ပြည်နယ်တွင်း စိုက်ပျိုးသော စပါးများကို ဒေသတွင်းကြိတ်ခွဲကာ စားသုံးမှုမှာ အနည်းငယ်သာရှိပြီး အများအားဖြင့် မန္တလေးသို့အဓိက တင်ပို့နေကြောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ် ၊ စပါး (နွေ၊မိုး) စိုက်ဧက (၇၂၀၉၅)၊ ရိတ်ဧက (၇၁၉၃၈)၊ အထွက်(၄၇၅၀၅၃၈) တင်းထွက်ရှိပြီး ယခုလက်ရှိ ပြည်နယ်အတွင်း စပါးလက်ကျန်မှာ တောင်သူ များထံ(၁၇၀၀၀၀၀)တင်း၊ ဆန်စက်များတွင် (၁၅၀၀၀၀)တင်း စုစုပေါင်း(၁၈၅၀၀၀၀)တင်း သာကျန်ရှိကြောင်း ၊ ယခုဇွန်လအတွင်း ဒေသထွက်စပါးဈေးနှုန်း
ကယားပြည်နယ်တွင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများကို လွိုင်ကော်မြို့နယ်ရှိ လင်ဖုံလေးနှင့် ကုန်းသာကျေးရွာများတွင် အဓိကစိုက်ပျိုးကြပြီး ယခုမိုးရာသီအချိန်တွင် ၎င်းဒေသများမှထွက်ရှိသော ဟင်းသီးဟင်းရွက်များ ဈေးကွက်အတွင်း အများအပြားဝင်ရောက်လာရာ ဒေသ ထွက် ဂေါ်ဖီထုပ်ဈေးနှုန်းမှာ ယခု ဇွန်လအတွင်း ဂေါ်ဖီထုပ်တစ်ထုပ်လျှင် အကြီး(၅၀၀)ကျပ်၊ အသေး(၂၀၀)ကျပ်ဈေး အရောင်းအဝယ်ဖြစ်လျှက်ရှိရာ ယခင် မေလ တွင် ဂေါ်ဖီထုပ်တစ်ထုပ်လျှင် အကြီး (၈၀၀)ကျပ်၊ အသေး(၄၀၀) ကျပ်ဈေးရှိခဲ့ပြီး ယခင် မေလ နှင့် ယ
ရာသီအချိန်ကာလဖြစ်သော တညင်းသီးးများကို ဇွန်လအတွင်းတွင် စားသုံးသူများက ကြိုက်နှစ်သက်၍ဈေးကောင်းပေးပြီး ဝယ်ယူစားသုံးကြပါသည်။ တညင်းသီး များကို ကယားပြည် နယ် ၊လွိုင်ကော်မြို့နယ် ဒေသရှိကျေးရွာများမှ ထွက်လျက်ရှိရာ ပေါ်ဦးပေါ်ဖျား အချိန်ရာသီ ဖြစ်၍ ဈေးကောင်းရပြီး အဝယ်လည်းလိုက်နေပါသည်။ အခုအဈေးကွက်အတွင်း ရောင်းချနေ သော ကယားပြည်နယ်ထွက် တညင်းသီး များသည် အဓိကအားဖြင့် အမျိုးအစားနှစ်မျိုးတွေ့ရပြီး အလုံးအကြီး၊ အသေးပေါ်မူတည်၍ ဈေးနှုန်းကွာခြားကြောင်း သိရပါသည်။ တညင်းသီး (စာကလေး) အချော တစ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ကြက်သွန်နီစိုက်ဧက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် (၂၇၉၇၁)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး၊ စိုက်ဧကအားလုံး ရိတ်သိမ်းပြီးဖြစ်ပါသည်။ ဆောင်းကြက်သွန်နီများကို စက်တင်ဘာလ၊ အောက်တိုဘာလ၊ နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးပြီး အစောဆုံးပေါ်သော ဆောင်းကြက်သွန်နီများမှာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်တွင် စတင်ထွက်ရှိခဲ့ပြီး ဖေဖော်ဝါရီလတွင် စိုက်ဧကများအားလုံးနီးပါး ရိတ်သိမ်းပြီးဖြစ်ပါသည်။ ကြက်သွန်ပေါ်ဦးပေါ်စတွင် တောင်သူများအနေဖြင့် တစ်ပိဿာလျှင် (၄၀၀/-)ကျပ်မှ (၅၀၀/)ကျပ်အထိသာ