ကုန်သွယ်မှုသတင်းများ
ဆိပ်ဖြူမြို့ ကြက်သွန်နီ အရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်သို့ ဇွန်လ(စတုတ္ထ) ပတ်အတွင်း ကြက်သွန်နီပင်စိုက်အသစ်များ ဆိပ်ဖြူမြို့နယ်ဒေသတွင်း နေရာအနှံ့အပြားမှ နေ့စဉ် ဝင်ရောက်လျက်ရှိပါသည်။ တစ်ရက်လျှင်ပျမ်းမျှ ကြက်သွန်နီ ကုန်ချိန်ပိဿာ (၁)သောင်းခွဲခန့် (၁)ပတ်အတွင်း စုစုပေါင်းပိဿာ (၁)သိန်းခွဲခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်လျက်ရှိပြီး မြို့ပေါ်ရှိ ကြက်သွန်ကုန်သည် သိုလှောင်ရုံများတွင် ကြက်သွန်နီပိဿာပျမ်းမျှ (၁)ပတ်အတွင်း ကုန်ချိန် (၂)သိန်းခွဲခန့် ဝင်ရောက် အရောင်းအဝယ်ဖြစ်
ဇွန်လစတုတ္ထပတ်တွင် မကွေးကုန်စည်ဒိုင်၌ ရာသီပေါ်နှမ်းများ ဈေးကောင်းရနေကြောင်း သိရသည်။နှမ်းနက်(စမုံ)(၁၅)ပိဿာ တစ်တင်းလျှင် (၈၀၀၀ဝိ/-)၊ နှမ်းနက်(ရိုးရိုး) (၁၅)ပိဿာ တစ်တင်းလျှင် (၅၅၀၀ဝိ/-)၊ နှမ်းဖြူ (မကွေး) (၁၅)ပိဿာ တစ်တင်းလျှင်(၆၄၀၀ဝိ/-)၊ နှမ်းနီ (၁၅)ပိဿာ တစ်တင်းလျှင် (၅၈၃၃၃/-)ကျပ်၊ နှမ်းညိုကြား (၁၅)ပိဿာ တစ်တင်းလျှင် (၅၆၀၀ဝိ/-)၊ နှမ်းဖြူ(ဂျပန်) (၁၅)ပိဿာ တစ်တင်းလျှင် (၆၅၀၀ဝိ/-)တို့ဖြင့် ဈေးကောင်းရနေကြောင်း သိရသည်။
ရှမ်းပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယ ပြည်နယ်ဦးစီးမှုးရုံး၊ လားရှိုးမြို့မှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် (၂၈.၆.၂၀၂၂)ရက်နေ့၊ နံနက်(၁ဝး၀၀)နာရီအချိန်တွင် မယ်ဟန်ကျေးရွာအုပ်စု၊ နမ့်ခိုက်ကျေးရွာရှိ “ဒေါ်မျက်မှန် အမှတ်တံဆိပ်” ငရုတ်သီးဆီကြော်အနှစ် စားသောက်ကုန်လုပ်ငန်းထုတ် လုပ်ဖြန့်ဖြူးရောင်းချသော နေရာသို့သွားရောက်ပြီး ဈေးကွက်၊ ဈေးနှုန်း အခြေအနေများအား ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရှိရပါသည်။
မကွေးတိုင်းဒေသကြီးအတွင်း မွေးမြူရေးနှင့်စိုက်ပျိုးရေးကို တွဲဖက်လုပ်ကိုင်ကြသော တောင်သူ များအနေဖြင့် မိမိတို့မွေးမြူထားသော ကျွဲ၊ နွား တိရစ္ဆာန်များအတွက် အာဟာရနှင့်အသားဓာတ် ပိုမို ပြည့်ဝစွာရရှိနိုင်ရန် နေဗီယာမြက်များကို စနစ်တကျတွင်ကျယ်စွာ စိုက်ပျိုးသင့်ကြောင်း မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနမှ အသိပညာပေးလျက်ရှိကြောင်း သိရှိရပါသည်။
အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် ယခင်အပတ်(၂၃.၆.၂၀၂၂)ရက်နေ့နှင့် ယခုအပတ်(၂၉.၆.၂၀၂၂)ရက်နေ့အတွင်း နှမ်းနက်(စမုံ)(၄၅ပိဿာ)မှာ ယခင်အပတ်(၁၇၅၀၀ဝိ/-) ရှိခဲ့ရာမှ ယခုအပတ်(၁၇၀၀၀ဝိ/-)ဖြစ်၍ (၅၀၀ဝိ/-)ဈေးလျော့ခဲ့ပြီး နှမ်းပြာယခင်အပတ် (၁၆၀၀၀ဝိ/-) ယခုအပတ်(၁၆၀၀၀ဝိ/-)၊ နှမ်းဖြူယခင်အပတ်(၁၆၅၀၀ဝိ/-) ယခုအပတ်(၁၆၅၀၀ဝိ/-)၊ နှမ်းနီ ယခင်အပတ် (၁၆၅၀၀ဝိ/-) ယခုအပတ် (၁၆၅၀၀ဝိ/-)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။