ကုန်သွယ်မှုသတင်းများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တာဝန်ခံ ဦးဝေယံမြင့်အောင်(ဒု-ကြီးကြပ်ရေးမှူး)သည် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် (၂၃.၁၂.၂၀၂၂)ရက်နေ့ နေ့လယ် (၁၅:၀၀)နာရီအချိန်တွင် မင်းလှမြို့ပေါ် အမှတ်(၅/၈/၁၀)အုပ်စုရှိ စပျစ်ခြံ စိုက်ပျိုးသူ ဦးစိုးနိုင်ထံသို့ သွားရောက်ကွင်းဆင်းလေ့လာခဲ့ပါသည်။
ဧရာ၀တီတိုင်းဒေသကြီး ပြည်ပပို့ကုန်များတွင် တစ်ခုအပါအ၀င်ဖြစ်သော ပုသိမ်ထီး စျေးကွက်မှာ ပြည်တွင်း/ပြည်ပစျေးကွက်၀ယ်လိုအားရှိပြီး ပြည်တွင်းစျေးကွက်မှာ ငွေဆောင်၊ ချောင်းသာ၊ ငပလီကမ်းခြေသုံးထီးများ၊ ဟိုတယ်အလှဆင်ထီးများ၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံညောင်ဦး၊ အင်းလေး၊ မော်လမြိုင်မြို့များရှိ ဟိုတယ်များတွင်လည်း အလှဆင်ထီးများ ၀ယ်ယူအသုံးပြုလျက်ရှိပြီး ပြည်ပစျေးကွက်တွင် ချောင်းသာ၊ ငွေဆောင် ကမ်းခြေဒေသသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားများ အများဆုံး ၀ယ်ယူမှုရှိပြီး ရန်ကုန်မှ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ဈေးကွက်တွင် ဒီဇင်ဘာလ နောက်ဆုံးအပတ်၌ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၄၃၀၀)ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၅၅၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၅၅၀၀)ကျပ် ဖြစ်ပါသည်။ တာချီလိတ်မြို့အတွင်းရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၃၈၀၀) ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၄၆၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၄၆၀၀)ကျပ် ဖြစ်ပါသည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ စားဖိုဆောင်သီးနှံများ၏ လက်လီဈေးနှုန်းများအနေဖြင့် ကြက်သွန်နီ တစ်ပိဿာ ၄၂၀၀ ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာ ၅၅၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ ၅၀၀၀ ကျပ်၊ ချင်း တစ်ပိဿာ ၁၈၀၀ ကျပ်၊ နနွင်း တစ်ပိဿာ ၄၀၀၀ ကျပ်၊ ငရုတ်ခြောက်(အရှည်) တစ်ပိဿာ ၂၀၀၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၂၀၀၀ ကျပ်၊ မန်ချည်းသီးမှည့် တစ်ပိဿာ ၂၅၀၀ ကျပ်နှင့် အာလူး တစ်ပိဿာ ၃၀၀၀ ကျပ် စသဖြင့် ရောင်းဝယ်လျက်ရှိပါသည်။

ကရင်ပြည်နယ်အတွင်းရှိ စားသုံးသူပြည်သူများ စားသုံးဆီပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းချိုသာ၍ အရေအတွက်အလေးချိန်နှင့်အရည်အသွေး ပြည့်ဝမှန်ကန်စွာရရှိနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ကရင်ပြည်နယ် စားသုံးဆီ ကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များအသင်းမှ ပူးပေါင်း၍ စားအုန်းဆီများ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်၊၊