ကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆီထွက်သီးနှံ စိုက်ပျိုးမှုစာရင်းတွင် မိုးနှမ်း ၁၀၁ ဧက စိုက်ပျိုးထားရှိကြောင်း သက်ဆိုင်ရာ ဦးစီးဌာန၏ စာရင်းများ အရ သိရှိရပါသည်။ မိုးမြေပဲ၊ နှမ်း စသည့် ဆီထွက်သီးနှံများ စစ်တောင်းမြစ်ဘေးရှိ သဲနှုံးမြေများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ ဇွန်လ ၁၉ ရက် မနက် ၁၀ နာရီအချိန်တွင် တောင်ငူမြို့နယ် တာဝန်ခံသည် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ စစ်တောင်းမြစ်ဘေးရှိ ကျေးရွာ စိုက်ခင်း များရှိရာသို့ က
မုံရွာမြို့၌ ပုပ္ပားဒေသထွက် နဂါးမောက်သီးများ ဝင်ရောက်မှု ပိုမိုများပြားနေကြောင်း၊ ထိုသို့ ဈေးကွက်၌ နဂါးမောက်သီးများလှိုင်လှိုင်ပေါများနေခြင်းမှာ နဂါးမောက်ခြံများမှ တစ်ပြိုင်တည်း အသီးများခူးဆွတ်ကြခြင်းဖြစ်ကြောင်း၊ ကျေးရွာများကို အဓိကထား၍ ရောင်းချကြခြင်းကြောင့် အရောင်းအဝယ်သွက်နေကြောင်း မုံရွာမြို့၊ နဂါးမောက်သီး ရောင်းချသူ အမျိုးသမီးတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။
ပခုက္ကူကုန်စည်ဒိုင်တွင် အညာဒေသမှထွက်ရှိသော ပဲစဉ်းငုံနီ၊ ကုလားပဲအမျိုးမျိူး၊ ပဲတီစိမ်း၊ ပဲလွန်းပြာ၊ ပြောင်းဖူးစေ့(CP)နှင့် အခြားပဲမျိုးစုံတို့ အရောင်းဝယ်ဖြစ်လျက်ရှိပါသည်။ ယခုတစ်ပတ်၏ ပဲဈေးနှုန်းများမှာ ပဲစဉ်းငုံနီ တစ်တင်းလျှင် ၄၂၈၀၀ မှ ၄၃၃၀၀ ကျပ်၊ ပဲတီစိမ်းကြီးမှာ အရည်အသွေးကို လိုက်၍ တစ်တင်းလျှင် ၄၀၀၀၀ မှ ၄၅၀၀၀ ကျပ် ၊ စွန်တာနီ တစ်တင်းလျှင် ၄၂၀၀၀ ကျပ် ၊ ကုလားပဲဝါ (Hl) တစ်တင်းလျှင် ၄၆၀၀၀ ကျပ်၊ ကုလားပဲ ဝါလုံးကြီး (929) တစ်တင်းလျှင် ၄၇၀၀၀ ကျပ် ၊ ကုလားပဲဖြူလုံးကြီး (V2
အဟာရဓာတ်ကြွယ်ဝသဖြင့် ပြည်တွင်းသာမကပြည်ပဈေးကွက်ပါ တွင်တွင်ကျယ်ကျယ်ရရှိလာသော ထောပတ်ပဲကို တစ်ပြည်လုံးစိုက်ဧက (၁၅၀၀၀၀)ခန့်စိုက်ပျိုးပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် မိုး၊ ဆောင်း စုစုပေါင်း ဧက (၄၀၀၀၀)ခန့် စိုက်ပျိုးထုတ်လုပ်မှုရှိသည့်အနက် ဆောင်းသီးနှံအဖြစ် ဧက (၃၀၀၀၀) ခန့် မိုးသီးနှံအဖြစ် ဧက (၁၀၀၀၀)ခန့် စိုက်ပျိုးသည်။ ရွှေဘိုနယ်ဘက်တွင် စိုက်ဧကအများဆုံးဖြစ်ပြီး ထွက်ရှိပဲများမှာဈေးကြိုက်လျှင် မုံရွာဘက်လာပြီးအများအားဖြင့် စစ်ကိုင်းခရိုင်ဘက်ကစိုက်ပျိုး ထွက်ရှိသော ပဲများနှင့
ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဇွန်လ စတုတ္ထပတ်တွင် စပါး ဈေးနှုန်းနှင့် ဆန်ဈေးနှုန်းမှာ တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇွန်လ တတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၃၀၅၀၀ ၊ မန္တလေးသို့ အိတ်ရေ ၃၉၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၉၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၇၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၆၅၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၉၃၀၀၀၊ တန်အားဖြင့် ၄၆၅၀တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြား တိုင်းဒေသကြီးများသို့