Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
15 Jan 2024

   ကရင်ပြည်နယ်၊ ဘားအံမြို့ရှိကျေးရွာများမှ ဒေသခံတောင်သူများသည် ဒန့်သလွန်ပင်များကို စားသုံးသီးနှံအဖြစ် အပိုဝင်ငွေရရှိရန်အတွက် အိမ်ခြံဝန်းများတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားလျက်ရှိသည်။

    ဒန့်သလွန်သီးများမှ ဒီဇင်ဘာလမှ စတင်သီးနေပြီးဖြစ်သည့်အတွက် ယခုအချိန်တွင် ဈေးကွက်အတွင်း လှိုင်လှိုင်ပေါ်လာပြီပဲ ဖြစ်ပါသည်။

15 Jan 2024

     မွန်ပြည်နယ် ဆီကုန်သည်နှင့်လုပ်ငန်းရှင်များအသင်းမှ ဒေသခံပြည်သူများ စားသုံးမှုအဆင်ပြေစေရေးအတွက် စားအုန်းဆီများကို ၉.၁.၂၀၂၄ ရက်နေ့က သက်သာဈေးနှုန်းဖြင့် မုဒုံမြို့နယ်ရှိ ဦးကြိုင်းပွဲရုံ၌ ရောင်းချပေးခဲ့သည်။

15 Jan 2024

    မန္တလေးမြို့တွင်း ဇန်နဝါရီလဆန်းမှစ၍ ပွက်သားအသစ်များ လှိုင်လှိုင်ဝင်ရောက်လျက်ရှိရာ  မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နှင့် ပြင်ဦးလွင်မြို့နယ်များမှထွက်ရှိသော ကြံများကို ဝေမာသကြားစက် နှင့် ငွေရည်ပုလဲသကြားစက်တို့မှ ဝယ်ယူကြောင်းသိရှိရပါသည်။ယခုနှစ်ကြံတစ်တန်လျှင် ၁၂၀၀၀၀ကျပ်မှ ၁၃၀၀၀၀ကျပ်ဈေးဖြင့် ဝယ်ယူပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေဒါး၊ငအိုး၊ရွှေကူ၊တကောင်း၊  ကြာညှပ်၊ တွင်းငယ်ကျေးရွာတို့မှ ထွက်ရှိသည့်ကြံများကို ယခင်ကဂရိတ်ဝေါသကြားစက်သို့ တင်ပို့ရောင်းချသော်လည်း ယခုနှစ်တ

15 Jan 2024

   စားသုံသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး ၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မလှိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၅.၁.၂၀၂၄) ရက်နေ့၌ မလှိုင်မြို့နယ် ၊ ရပ်ကွက်ကြီး (၂) ၊ မြို့ဦး ကွက်သစ်ရှိ ရွှေပြည်သစ်ဆန်ခေါက်ဆွဲလုပ်ငန်း လုပ်ကိုင်သော လုပ်ငန်းရှင်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

15 Jan 2024

     မိတ္ထီလာခရိုင်တွင် ပဲမျိုးစုံသီးနှံများမှ ပြည်ပပို့ကုန်တစ်မျိုးဖြစ်သည့် ထောပတ်ပဲကို မိတ္ထီလာ၊ သာစည်၊ မလှိုင်မြို့နယ်များတွင် စိုက်ပျိုးကြပါသည်။ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်တွင် ထောပတ်ပဲ စိုက် ဧက (၄၀၄၁) ဧကရှိပြီး ၊ မိတ္ထီလာခရိုင်တွင် ရာသီပေါ်စထောပတ်ပဲခေါ်ပဲလိပ်ပြာများ ဈေးကောင်းရ လျက်ရှိကြောင်း၊ ထောပတ်ပဲကို ပြည်တွင်း၌ ပဲကြမ်းကြော်ပြုလုပ်ခြင်း၊ ပြုတ်စားခြင်း၊ ပဲမုန့်နှင့်ပဲရေပွပြုလုပ်၍ စားသုံးကြပါသည်။ ထောပတ်ပဲစားသုံးခြင်းဖြင့် မဂ္ဂနီစီယမ်နှင့် ဖောလစ်အက်ဆစ်များပါဝင်၍ ကိုလက်စရောပါ

Pages