ကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် ပတ်ဝန်းကျင်အနီးတဝိုက်ရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများသည် မိမိတို့ ယာကွက်များအတွင်းနှင့် အိမ်ခြံဝင်းများအတွင်းတွင် စားပင်သီးပင်များကို မိသားစု စားဝတ်နေရေးအဆင်ပြေစေရန်နှင့် အပိုဝင်ငွေ ရရှိအတွက် အာတာလွတ်ဥ(ခေါ်)အာဂတ်ဥကိုလည်း စိုက်ပျိုးလျက်ရှိကြပြီး အာတာလွတ်ဥ(ခေါ်) အာဂတ်ဥသည် လူကြိုက်များသော ရောင်းအားကောင်းလျက်ရှိပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု ၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများအပြင် အခြားသောသတင်းအချက်အလက်များကိုလည်း သိရှိလေ့လာနိုင်စေရန် ရည်ရွယ်၍ ဒေသတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၏ စိုက်ပျိုးထုတ်လုပ်မှု၊ အကျိုးအမြတ်ရရှိမှုတို့ကို ကွင်းဆင်းလေ့လာပြီး ရေးသားတင်ပြလျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်နေရာအနှံ့အပြားတွင် မန်ကျည်းပင်များ အလေ့ကျ ပေါက်ရောက်ကြသည်။ အခြားသီးပင်စားပင်များကဲ့သို့ စိုက်ပျိုးရန်မလိုဘဲ နေအိမ်ခြံဝင်းများအတွင်း ၌လည်းကောင်း၊ ယာတောများ၌လည်းကောင်း၊ လယ်တောများ၌လည်းကောင်း ရှင်သန်ကြီးထွား ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် ကုလားပဲ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံစသည့် သီးနှံမျိုးစုံ စိုက်ပျိုးသည့်အနက်မှ ပြောင်းဖူးကို မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ နယ်ရှိ ကျေးရွာများတွင် စီးပွားဖြစ်စိုက်ပျိုးလျက်ရှိသည်ကို တွေ့ရှိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးတွင် ဘုရားပန်း အမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ ဂေါ်သဇင်ပန်း၊ သပြေပန်း(အောင်သပြေ)နှင့် အာစီယံသပြေတို့ကို မိမိတို့ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချကြောင်းသိရှိရပါသည်။ မိမိတို့ ဗုဒ္ဓဘာသာလူမျိုးများအတွက် ဘုရားပန်းသည်လည်း မိမိတို့ ကိုးကွယ်ယုံကြည်အားထားရာဖြစ်သည့် ဘုရားစင်ပေါ်တွင် ကုသိုလ်ယူရန် နေ့စဉ်ကပ်လှူပူဇော်ရသည့်အတွက် မရှိမဖြစ်သော အရာတစ်မျိုးလည်းဖြစ်ပါသည်။