Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
24 Dec 2024

             ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် မြက်တံမြက်စည်းလုပ်ငန်းကို လုပ်သားအင်အား ကျား/ မ (၈)ဦးခန့်ဖြင့်လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ မရှိမဖြစ်အိမ်သုံးပစ္စည်းဖြစ်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မြက်တံမြက်စည်းပြုလုပ်ရာတွင် ကုန်ကြမ်းပစ္စည်း မြက်ကို သာယာဝတီမြို့နယ် တောင်ညိုတောင်ပေါ်ကျေးရွာများမှရရှိပြီး မြက်(၂၀) ကျပ်သားခန့်ကို အလုံးလေးရှစ်လုံးခန့် လုံးရပါသည်။ ထို့နောက် ဆယ်ပင်ချည်ကြိုးဖြင့် ခိုင်ခန့်စွာတွဲ၍ ချည်နှောင်ကာ ၂၄ လက်မခန့် ဆယ်ပင်ချည်က

24 Dec 2024

            ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့မဈေးရှိ ကုန်စိမ်းအရောင်းတန်း၊ သီးနှံဆိုင်များတွင် လိမ္မော်သီးများလှိုင်လှိုင်ပေါ်၍ သီးနှံဈေးသည်များတွင်သာမက လမ်းဘေးတွင်ခင်းကျင်း၍လည်း လိမ္မော်သီးများ ရောင်းချနေသည်ကို တွေ့ရပါသည်။

24 Dec 2024

              တောင်ငူခရိုင် ဖြူးမြို့တွင် တပိုင်တနိုင်ငွေနှင်းမှိုစိုက်ပျိုးရေးမှ မိသားစုအပိုဝင်ငွေရရှိ လျက်ရှိပါသည်။ တောင်ငူမြို့မှ မှိုပျိုးထုပ်များမှာယူပြီး အလျား ၁၀ ပေ၊ အမြင့် (၂)ပေခန့်ရှိသည့်စင်ထိုး၍ စိုက်ပျိုးရပါသည်။ အမိုး၊ အကာလုံခြုံအောင် ပြုလုပ်ပေးရပြီး လေဝင်လေထွက် သင့်တင့်အောင် ပြုလုပ်ထားရကြောင်းသိရသည်။

24 Dec 2024

              ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် ဒေသခံတောင်သူလယ်သမား ကြီးများသည် စိုက်ပျိုးမြေများ ကောင်းမွန်မှုကြောင့် နွေစပါး၊ မိုးစပါးနှင့် ဆောင်းသီးနှံများဖြစ်သော မတ်ပဲ၊ ပဲတီစိမ်း၊ မြေပဲ၊ နေကြာ စသည့်သီးနှံများကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြပါသည်။

24 Dec 2024

           ကျောက်ဖရုံသီးသည် ကျန်းမာရေးအတွက် အထောက်အကူပြုသော အသီးအနှံတစ်မျိုးဖြစ်ပါသည်။ အဆုတ်၊ အူမကြီးကိုကောင်းမွန်စေသော သီးနှံတစ်မျိုးဖြစ်ပြီးကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါသည်။ နွေရာသီတွင်စားသုံးပေးလျှင် အထူးသင့်လျော်သော သီးနှံတစ်မျိုးဖြစ်ပါသည်။ ကျောက်ဖရုံသီးကို အားနည်းတတ်သောသူ၊ ခေါင်းမူးတတ်သောသူ၊ ဖြူဖတ်ဖြူရော်ဖြစ်နေသောသူ၊ မျက်လုံးအမြင်ဝေဝါးခြင်း၊ ကျောက်ကပ်ရောဂါခံစားနေရသောသူများနှင့် ဆီးရောဂါခံစားနေရသောသူများ အထူးစားသုံးပေးသင့်ပါသည်။ ကျောက်ဖရုံသီးသည် ခန္ဓာကိုယ်အတွင်းရှိ

Pages