Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
30 May 2023

ထိုင်းနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း ဆန်တန်ချိန် ၂.၇၉ သန်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ (ဘတ်ငွေ ၅၁.၂ ဘီလီယံ) တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်ကာလတူ တင်ပို့မှုထက် ၂၃% တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။

30 May 2023

ကမ္ဘောဒီးယားနိုင်ငံ၌ ကုန်သွယ်မှုလုပ်ငန်းများ မြန်ဆန်လွယ်ကူစေရေးနှင့် တိုးတက်စေရေး ကူညီပံ့ပိုးရန် ရည်ရွယ်လျက် ပင်ရင်းနိုင်ငံစည်းမျဉ်း (Rules of Origin) ဥပဒေမူကြမ်းကို အစိုးရအဖွဲ့၏ မေလ ၁၉ ရက်နေ့ အပတ်စဉ် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။

30 May 2023

ပီလောပီနံနှင့် စားအုန်းဆီ ကဲ့သို့သော သီးနှံများအတွက် ဝင်ငွေအာမခံချက်ရှိစေမည့် အစီ အမံများကို ဆက်လက်ဆောင်ရွက်ခြင်း မရှိသောကြောင့် အဆိုပါသီးနှံများနှင့်စပ်လျဉ်း၍ အစိုးရအသစ်၏ မူဝါဒကို စောင့်ဆိုင်းနေချိန်၌ လယ်ယာထွက်ကုန်နှင့် ဈေးနှုန်းစီမံခန့်ခွဲမှုစနစ်အား ထိန်းကျောင်းသွားမည်ဟု ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကတိပြုပြောကြားပါသည်။

30 May 2023

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ပြည်တွင်းဈေးကွက်အတွင်း ဒေါ်လာငွေပြတ်လပ်မှု ဖြစ်ပေါ်ခြင်းက ပေးဆပ်ရန်အကြွေးငွေ ဒေါ်လာသန်း ၃၀၀ ကျော် တင်ရှိနေမှုနှင့်အတူ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းဖြစ်သော ဘင်္ဂလားဒေ့ရှ် ရေနံထွက်ကုန်ပစ္စည်းကော်ပိုရေးရှင်း (BPC) အနေဖြင့် စက်သုံးဆီ တင်သွင်းမှုစရိတ်များ ပေးချေနိုင်ရေး အပြင်းအထန် ကြိုးစားနေရကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါသည်။

30 May 2023

ပြည်တွင်း၌ ရောင်းလိုအားအပိုင်းကို မြှင့်တင်နိုင်ရန်နှင့် ဈေးနှုန်းများအား ထိန်းချုပ်နိုင်ရန်အတွက် အိန္ဒိယအစိုးရသည် ဘရာဇီးနိုင်ငံထံမှ မတ်ပဲများ ဝယ်ယူတင်သွင်းနိုင်မည့်အခြေအနေကို ကြိုတင်ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း သိရှိရသည်။

30 May 2023

အိန္ဒိယပြည်တွင်းဈေးကွက်၌ ရောင်းလိုအားပိုင်း ကျပ်တည်းမှုနှင့်အတူ ဈေးနှုန်းများ မြင့်တက်လျက်ရှိသည့် အခြေအနေတွင် ပဲမျိုးစုံရောင်းဝယ်သည့် ကုန်သည်များအနေဖြင့် ပြည်ပမှ တင်သွင်းလာသော ပဲစင်းငုံနှင့် မတ်ပဲတို့ကို အကောက်ခွန်ရှင်းလင်းမှု ပြီးစီးသည့်နေ့မှ ရက်ပေါင်း ၃၀ ထက်ပိုမို၍ လက်ဝယ်သိုလှောင်ထားရှိခြင်းမပြုပဲ ဈေးကွက်သို့ ဖြန့်ဖြူးရောင်းချရန် အစိုးရက ညွှန်ကြားထားကြောင်း သိရှိရပါသည်။ အိန္ဒိယနိုင်ငံ၌ မိုးသီးနှံရာသီ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုတွင် သုံးပုံနှစ်ပုံခန့် ပါဝင်သော ပဲစင်းငုံနှင့်မတ်ပဲတို့သည် ပြည်ပမှတင်သွင်းရသည့် ပဲမျိုးစုံတွင်လည်း ၇၀% ပါဝင်လျက်ရှိသည်။

30 May 2023

အိန္ဒိယနိုင်ငံတွင် ၂၀၂၂-၂၃ သီးနှံစိုက်ပျိုးရေးရာသီ၌ ပဲစင်းငုံ စိုက်ပျိုးထွက်ရှိမှုမှာ ယခင်နှစ် ထုတ်လုပ်မှုအောက် ၁၄% ခန့် လျော့ကျမည်ဟု အစိုးရက ခန့်မှန်းထားပြီး ကုန်သည်လုပ်ငန်းရှင် အသိုင်းအဝိုင်းကမူ အထွက်လျော့ကျမှုမှာ ၂၀% ထက်ပိုမိုမည်ဟု ခန့်မှန်းကြပါသည်။ ပြည်တွင်း၌ ပဲစင်းငုံ လက်လီဈေးနှုန်းများမှာ မြင့်တက်လျက်ရှိပြီး အိန္ဒိယစားသုံးသူရေးရာဝန်ကြီးဌာန၏ စာရင်းများအရ ဒေလီမြို့တော်တွင် ၁ နှစ်အတွင်း ၂၇% နှင့် ၆ လအတွင်း ၁၀% အထိ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း တွေ့ရှိရသည်။ သို့ဖြစ်ရာ အိန္ဒိယပဲမျိုးစုံနှင့်ကောက်ပဲသီးနှံ လုပ်ငန်းရှင်များအသင်း (IPGA) က ပဲစင်းငုံ၏နေရာတွင် ပဲနီလေး၊ ကုလားပဲ၊ ပ

23 May 2023

ယခုနှစ်နှောင်းပိုင်း စပါးရိတ်သိမ်းကာလတွင် အယ်လ်နီညို၏ သက်ရောက်မှုများ ရှိလာနိုင်ကြောင်း ဖိလစ်ပိုင်နိုင်ငံ လွတ်လပ်သောလယ်သမားများအသင်းချုပ် (Federation of Free Farmers - FFF) က ပြောဆိုပါသည်။

23 May 2023

ထိုင်းနိုင်ငံ၌ အယ်နီညိုရာသီဥတုကြောင့် လာမည့်ရာသီတွင် မိုးရွာသွန်းမှု ပျမ်းမျှအောက်လျော့နည်းနိုင်သဖြင့်  စပါးသီးနှံတစ်မျိုးတည်းကိုသာ စိုက်ပျိုးကြရန် တောင်သူများအား ထိုင်းအမျိုးသားရေအရင်းအမြစ်ရုံး (ONWR) မှ တိုက်တွန်းထား ကြောင်း သိရှိရပါသည်။

23 May 2023

ဖိလစ်ပိုင်နိုင်ငံ၌ ဈေးနှုန်းတည်ငြိမ်စေရန်နှင့် နိုင်ငံ၏အရန်စုဆောင်းမှုထားရှိကို မြှင့်တင်ရန် အတွက် သကြားမက်ထရစ်တန်ချိန် ၁၅၀၀၀၀ ထပ်ဆောင်းတင်သွင်းခွင့်အား သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက အတည်ပြုခဲ့ကြောင်း သိရှိရပါသည်။

23 May 2023

အယ်လ်နီညိုခြောက်သွေ့ကာလကြောင့် သီးနှံအထွက်နှုန်းများ ကျဆင်းနိုင်မှုက စိုက်ပျိုးသူများအနေဖြင့် စိုးရိမ်မှုများ ဖြစ်ပေါ်စေပြီး အထူးသဖြင့် ကုန်စည်ဝယ်လိုအားနှင့် အသုံးပြုမှုမြင့်တက်လာခြင်းနှင့်အတူ စားအုန်းဆီကြမ်း ဈေးနှုန်းများ အတက်အကျများစွာ ဖြစ်ပေါ်မှုကြောင့် စားအုန်းဆီနယ်ပယ်အပေါ် ထိခိုက်မှုရှိနိုင်ကြောင်း မလေးရှား The Star သတင်းဌာနက ဖော်ပြခဲ့ပါသည်။

23 May 2023

အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီးဌာန၏ မေလ (၁၅)ရက်နေ့၌ ထုတ်ပြန်ထားသောအမိန့်တွင် စားအုန်းဆီကြမ်း (CPO) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၈၉၃.၂၃ အား ရည်ညွှန်းဈေးအဖြစ် သတ်မှတ်ခဲ့ရာ ယခင် မေလ ၁ ရက်နေ့မှ ၁၅ ရက်အတွင်း သတ်မှတ်ထားသော ရည်ညွှန်းဈေး အမေရိကန်ဒေါ်လာ ၉၅၅.၅၃ ထက် ဈေးနှုန်းများ ကျဆင်းလာခဲ့သည်။ ယခုရည်ညွှန်းဈေးအသစ်အရ စားအုန်းဆီကြမ်းတစ်တန်လျှင် တင်ပို့မှုအခွန်မှာ အမေရိကန်ဒေါ်လာ ၇၄ ဖြစ်၍ စည်းကြပ်ခွန်မှာ အမေရိကန် ဒေါ်လာ ၉၅ သာ ကောက်ခံတော့မည်ဖြစ်ရာ ယခင် (၁၅) ရက်ထက် အခွန်များလျော့ကျသွားကြောင်း ပါကစ္စတန်နိုင်ငံအခြေစိုက် Business Recorder သတင်းဌာနက  ဖော်ပြထားသည်။

Pages