Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
27 Jun 2023

အိန္ဒိယနိုင်ငံအနေဖြင့် သက်ဆိုင်ရာနိုင်ငံများ၏ တောင်းဆိုလာမှုအရ ဧပြီလ ၁ ရက်နေ့မှ စတင်သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အင်ဒိုနီးရှား၊ ဆီနီဂေါနှင့် ဂမ်ဘီယာနိုင်ငံများသို့ ဆန်ကွဲတင်ပို့မှုကို ခွင့်ပြုသွားမည်ဖြစ်ကြောင်း အိန္ဒိယ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (DGFT) က ဇွန်လ ၂၀ ရက်နေ့တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြောကြားခဲ့ပါသည်။

27 Jun 2023

ယခုနှစ်၌ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်၏ သက်ရောက်မှုကြောင့် သီးနှံရိတ်သိမ်းရရှိနိုင်မှု ကျဆင်းမည့် ဘေးအန္တရာယ်မြင့်မားလာသည့် အခြေအနေတွင် အဓိကစားနပ်ရိက္ခာများ လုံလောက်မှုရှိရန် လိုအပ်ချက်အပေါ် စီမံဆောင်ရွက်မှုအဖြစ် အိန္ဒိယနိုင်ငံထံမှ ဆန်တန်ချိန် ၁ သန်း ဝယ်ယူတင်သွင်းရန် သဘောတူညီခဲ့ကြောင်း အင်ဒိုနီးရှားအစိုးရက ပြောကြားခဲ့သည်။

27 Jun 2023

ထိုင်းနိုင်ငံသည် ၂၀၂၃ ခုနှစ်၏ ပထမ ၆ လတာကာလအတွင်း ဆန်တန်ချိန် ၄ သန်းကို ပြည်ပသို့ တင်ပို့နိုင်ခဲ့ရာ ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်လျှင် ၂၀ ရာခိုင်နှုန်းအထိ မြှင့်တက်တင်ပို့လာခဲ့ကြောင်း Bangkok Post  သတင်းဌာနက ဇွန်လ ၂၁ ရက်နေ့၌ ဖော်ပြပါသည်။

ထိုင်းနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်တင်ပို့မှုကို ယှဉ်ပြိုင်စွမ်းအားတိုးမြှင့်အောင် ကြိုးစားဆောင်ရွက်လျက်ရှိရာ ဈေးကွက်ဝယ်လိုအားကို ဖြည့်တင်းနိုင်ရေးအတွက် ဆန်မျိုးစိတ်အသစ်များ အရှိန်မြှင့်စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့်အပြင် လာမည့်နှစ်တွင် ဆန်မျိုးစိတ်အသစ်ပေါင်း ၃၀ ကို မိတ်ဆက်ကြေညာမည်ဖြစ်ကြောင်း သိရသည်။

27 Jun 2023

အယ်လ်နီညို ရာသီဥတုဖြစ်စဉ်၏ အကျိုးသက်ရောက်မှုများကို ရင်ဆိုင်ထိန်းသိမ်းနိုင်ရန် အတွက် နိုင်ငံအများအပြားက အလျင်စလို ဝယ်ယူစုဆောင်းနေကြသဖြင့် ကမ္ဘာ့ဆန်ဝယ်လိုအား မြင့်မားလာပြီး ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုမှာ တန်ချိန် ၈ သန်းကျော်သို့ ရောက်ရှိလာနိုင်ကြောင်း ထိုင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Mr. Jurin Laksanawisit က ပြောကြားခဲ့သည်။

27 Jun 2023

ဘရာဇီးနိုင်ငံ၏ တရုတ်နိုင်ငံသို့ ဝါဂွမ်းတင်ပို့မှုပမာဏသည် လာမည့်နှစ်များအတွင်း အမေရိကန်နိုင်ငံကို ကျော်လွန်မည်ဟု ခန့်မှန်းထားပြီး အဓိကကုန်စည်များကို ကုန်သွယ်မှုပြုရာတွင် တရုတ်နိုင်ငံငွေကြေးဖြစ်သည့် ယွမ်ငွေကို အသုံးပြုသွားနိုင်ရေး စီစဉ်လျက်ရှိကြောင်း ဘရာဇီး ဝါသီးနှံစိုက်ပျိုးသူများအသင်း၏ နိုင်ငံတကာဆက်ဆံရေးဌာန၊ ညွှန်ကြားရေးမှူး Mr. Marcelo Duarte Monteiro က ဇွန်လ ၁၆ ရက်၊ သောကြာနေ့တွင် Global Times သတင်းစာသို့ ပြောကြားခဲ့ပါသည်။

19 Jun 2023

ကမ္ဘာ့ထိပ်တန်းရေနံသုံးစွဲသည့် အိန္ဒိယနှင့်တရုတ်နိုင်ငံတို့သည် ၂ဝ၂၃ ခုနှစ်မေလအတွင်း ရေနံ ၈ဝ ရာခိုင်နှုန်းကို ရုရှားနိုင်ငံမှ ဝယ်ယူခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာစွမ်းအင်အဖွဲ့အစည်းမှ ပြောကြားခဲ့ပါသည်။ အိန္ဒိယနိုင်ငံသည် ရှရှားနိုင်ငံမှ တစ်နေ့လျှင် ရေနံစည်ပေါင်း ၂ သန်းနီးပါးနှင့် တရုတ်နိုင်ငံသည်လည်း တစ်နေ့လျှင် ရေနံစည်ပေါင်း ၅ဝဝဝဝဝ မှ ၂.၂ သန်းအထိ ဝယ်ယူလျက်ရှိကြောင်းနှင့် ရုရှားနိုင်ငံမှ ရေနံစိမ်းတင်ပို့မှုမှာလည်း မေလအတွင်း တစ်နေ့လျှင် ရေနံစည်ပေါင်း ၃.၈၇ သန်း ရှိကြောင်း သိရှိရပါသည်။ အိန္ဒိယနိုင်ငံ၏ ရုရှားနိုင်ငံထံမှ ရေနံစိမ်းတင်သွင်းမှုမှာ ဧပြီလအတွင်း ၁၄ ရာခိုင်နှုန်းပိုမိုမြင့်တက

19 Jun 2023

ပြည်တွင်း၌ ရောင်းလိုအား လျော့ပါးလျက်ရှိမှုနှင့်အတူ အစိုးရက ဈေးပေးဝယ်ယူမည့်  အခြေခံစပါးရည်ညွှန်းဈေးနှုန်းကို တိုးမြှင့်လိုက်ခြင်းက  မတ်လအစောပိုင်းကာလရှိ ဈေးနှုန်းများနှင့်  နှိုင်းယှဉ်ပါက အိန္ဒိယ၏ အဓိကထိပ်တန်းဆန်တင်ပို့မှု ဈေးနှုန်းများသည် အမြင့်ဆုံးနှုန်းသို့ မြင့် တက်ခဲ့ပါသည်။ အိန္ဒိယအစိုးရသည် ရှေ့လာမည့်သီးနှံရာသီ၌ စိုက်ပျိုးထွက်ရှိသော စပါးများကို ယခင်နှစ်ဈေးနှုန်းထက် ၇% တိုးမြှင့်လျက် ၁၀၀ ကီလိုဂရမ်လျှင် ရူပီးငွေ ၂၁၈၃ နှုန်းဖြင့် ဝယ်ယူမည်ဖြစ်ကြောင်း ဇွန်လ ၇ ရက်နေ့၌ ထုတ်ပြန်ကြေညာခဲ့သည်။

19 Jun 2023

ဗီယက်နမ်နိုင်ငံနှင့် အကြီးမားဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်သည့် မလေးရှားနိုင်ငံတို့အကြား နှစ်နိုင်ငံကုန်သွယ်မှုသည် ၂ဝ၂၅ တွင် အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံရောက်ရှိမည်ဟု ခန့်မှန်းထားပါသည်။ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တော် ရင်းနှီးမြှုပ်နှံမှု နှင့် ကုန်သွယ်မှုမြှင့်တင်ရေးဌာန၏ ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ Tran Phu Lu က ဟိုချီမင်းမြို့တော်သည် မလေးရှားရင်းနှီး မြှုပ်နှံသူများအတွက် နှစ်လိုဖွယ်စီးပွားရေး ပတ်ဝန်းကျင်ကောင်းဖြစ်စေရန်နှင့် အုပ်ချုပ်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှု တို့ကို စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဌာနအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်န

19 Jun 2023

အယ်လ်နီညိုရာသီပုံစံကြောင့် မိုးရွာသွန်းမှုလျော့နည်းခြင်းနှင့် ထုတ်လုပ်မှုလျော့ကျခြင်းတို့ ဖြစ်ပေါ်လာနိုင်မှုအပေါ် စိုးရိမ်မှုများအရ လာမည့် ၂၀၂၄ ခုနှစ် ရောင်းဝယ်ရေးရာသီ ပထမနှစ်ဝက်အထိ အနည်းဆုံးကာလအဖြစ် သကြားတင်ပို့မှုအား အိန္ဒိယနိုင်ငံအနေဖြင့် ခွင့်ပြုမည်မဟုတ်ကြောင်း အစိုးရအရင်းအမြစ်များအရ သိရှိရသည်။

19 Jun 2023

၂၀၂၂ ခုနှစ် ဧပြီလအတွင်း အင်ဒိုနီးရှားနိုင်ငံက စားအုန်းဆီ တင်ပို့မှုကိုတားမြစ်ခဲ့သည့် နောက်ပိုင်း၌ ကမ္ဘာ့ဈေးကွက်တွင် စားသုံးဆီပြတ်လပ်မှုကြောင့် အငယ်တန်းအဆင့်  စားအုန်းဆီတင်ပို့သည့် ထိုင်းနိုင်ငံအတွက် အိန္ဒိယသို့ စားအုန်းဆီကြမ်းများကို ပေးသွင်းနိုင်မည့် အခွင့်အလမ်း ဖြစ်ပေါ်ခဲ့သည်။ သို့ဖြစ်ရာ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံတို့နှင့် မတူညီပဲ စားအုန်းဆီ တင်ပို့မှုအပေါ် ပို့ကုန်ခွန် စည်းကြပ်ကောက်ခံမှု မရှိသည့် ထိုင်းနိုင်ငံသည် ယခုအခါ အိန္ဒိယသို့  စားအုန်းဆီကြမ်း တင်ပို့မှုတွင် အရေးပါသည့် အနေအထားသို့ ရောက်ရှိလာကြောင်း Hindu Business Line သတင်းဌာနက ဖော်ပြထားသည်။

19 Jun 2023

ဥရောပသမဂ္ဂ (EU) ၏ သစ်တောပြုန်းတီးခြင်းနှင့် ဆက်နွှယ်နေသည့် ကုန်စည်များကို တားမြစ်ခြင်းဆိုင်ရာ ဥပဒေသစ်သည် စားအုန်းဆီကုမ္ပဏီကြီးများအပေါ်  ထိခိုက်မှုမရှိနိုင်ကြောင်း မလေးရှားနိုင်ငံရှိ အကြီးဆုံးစားသောက်ကုန်ထုတ်လုပ်သည့် ကုမ္ပဏီနှစ်ခုက ဇွန်လ ၁၂ ရက်၊ တနင်္လာနေ့တွင် ပြောကြားခဲ့ပါသည်။

19 Jun 2023

အိန္ဒိယနိုင်ငံ၌ ပဲစင်းငုံနှင့်မတ်ပဲ လက်ကျန်ပမာဏကို ကုန်သည်များက ထုတ်ဖော်တင်ပြလျက်ရှိမှုနှင့် ၎င်းပဲများ သိုလှောင်ထားရှိနိုင်မည့် ပမာဏကန့်သတ်ချက်အစီအစဉ်အား ပြည်နယ်အစိုးရအဖွဲ့များက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု အခြေအနေတို့အပေါ်  ပြန်လည်သုံးသပ်ရန်အတွက် စားသုံးသူရေးရာဝန်ကြီးဌာနမှ တွဲဖက်အတွင်းဝန် (Additional Secretary) Ms.

Pages