ပြည်ပကုန်သွယ်မှုသတင်းများ
အာဖရိကဒေသရှိ နိုင်ငံ ၈ ခုတွင် ဆန်စပါးထုတ်လုပ်မှုကို မြှင့်တင်ရန်နှင့် ပြည်ပမှ ဆန် တင်သွင်းမှုအပေါ် အမှီပြုနေရမှုအား လျှော့ချနိုင်ရန်အတွက် တောင်ကိုရီးယားနိုင်ငံအနေဖြင့် လာမည့်သီတင်းပတ်တွင် သက်ဆိုင်ရာနိုင်ငံများနှင့် သဘောတူစာချုပ်တစ်ခု လက်မှတ်ရေးထိုးရန် စီစဉ်လျက်ရှိကြောင်း တောင်ကိုရီးယား စိုက်ပျိုးရေးဝန်ကြီး Chung Hwang-keun က ပြောကြား ခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံသည် ၂ဝ၂၃ ခုနှစ် ပထမနှစ်ဝက်ကာလအတွင်း တရုတ်နိုင်ငံသို့ ဆန် တန်ချိန် ၁၃၈၃၆၄ တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၈၈.၉ သန်းဖိုး တင်ပို့နိုင်ခဲ့ကြောင်း ကမ္ဘောဒီးယားဆန်စပါးအသင်းအဖွဲ့ချုပ် (CRF) ၏ ပြောကြားချက်အရ သိရှိရပါသည်။
ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့သည် ၂ဝ၂၃ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့မှစတင်၍ နှစ် နိုင်ငံကုန်သွယ်ရာ၌ အိန္ဒိယငွေကြေးရူပီးဖြင့် စတင်ပေးချေဆောင်ရွက်ခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းနှစ်ခုဖြစ်သည့် Tamim Agro နှင့် Shahjahan Mia တို့၏ အိန္ဒိယရူပီးငွေ ၂၈ သန်းတန်ဖိုးရှိသည့် ပို့ကုန်ငွေလွှဲစာတမ်းနှစ်စောင်နှင့် Nita Company နှင့် Abdul Matlub Ahmad တို့၏ အိန္ဒိယရူပီးငွေ ၁၂ သန်းတန်ဖိုးရှိသည့် သွင်းကုန်ငွေလွှဲစာတမ်းနှစ်စောင်တို့ကို ဘဏ် (၄) ခုဖြစ်သော Sonali Bank ၊ Eastern Bank of Bangladesh ၊ India’s State Bank of India နှင့် ICICI Bank တို့မှ လွှဲပြောင်းဆောင်ရွ
အိန္ဒိယနိုင်ငံ၌ ကော်ဖီထုတ်လုပ်မှု အကြီးမားဆုံးဖြစ်သော ကာနာတကာပြည်နယ်ရှိ Chikkamagaluru ၊ Kodagu နှင့် Bababudanagiri ဒေသများတွင် စိုက်ပျိုးထုတ်လုပ်သည့် အာရေဗီးကား ကုန်းမြင့်ကော်ဖီ အမျိုးအစားများသည် ထူးခြားသောအရသာနှင့် ရနံ့တို့ရှိပြီး ပထဝီအညွှန်း GI အမှတ်တံဆိပ်ရရှိထားရာ ၎င်းကော်ဖီများ၏ အမှတ်တံဆိပ် (Brand) မြှင့်တင်မှုနှင့်အတူ ပြည်နယ်အတွင်း ကော်ဖီဂေဟခရီးသွားစနစ်ကို တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် Siddaramiah က ပြောကြားခဲ့ပါသည်။
အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနသည် စားသုံးဆီထုတ်လုပ်သူများ မဖြစ်မနေလိုက်နာရမည့် စားသုံးဆီရောနှောခွင့်ရှိသော ပမာဏရာခိုင်နှုန်းအား သတ်မှတ်သည့် အမိန့်ကြော်ငြာစာကို ၅-၇-၂၀၂၃ ရက်နေ့တွင် ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပါသည်။
အိန္ဒိယနိုင်ငံ၌ ပဲစင်းငုံ အဓိကစိုက်ပျိုးထုတ်လုပ်သည့် ကာနာတကာနှင့် မဟာရဋ္ဌပြည်နယ်တို့တွင် မိုးရွာသွန်းမှုနည်းပါးခြင်းကြောင့် ဇူလိုင်လ ၉ ရက်နေ့ထိ ပဲစင်းငုံ စိုက်ပျိုးနိုင်မှုမှာ ထက်ဝက်ခန့်ကျဆင်းခဲ့ကြောင်း၊ မျိုးစေ့ချစိုက်ပျိုးမှု နှေးကွေးနေခြင်းကြောင့် မကြာမီရက်များအတွင်း မိုးရွာသွန်းမည်ဟု မျှော်လင့်လျက်ရှိသည့် စိုက်ပျိုးသူများနှင့် ပဲကုန်သည်များအကြား စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။
ဗီယက်နမ်နိုင်ငံ၌ ဓါတ်ဆီ၊ ဒီဇယ်ဆီနှင့် မီးထိုးဆီ (mazut oil) တို့အပေါ် ကောက်ခံလျက် ရှိသည့် သွင်းကုန်အခွန်နှုန်းထားများကို အစိုးရက လျှော့ချခဲ့ကြောင်း သိရှိရပါသည်။
မလေးရှားစားအုန်းဆီ သိုလှောင်မှုလက်ကျန်သည် ဇွန်လအကုန်တွင် တန်ချိန် ၁.၈၅ သန်း ရှိခဲ့ရာ လေးလအတွင်း တင်ပို့မှုများ ပို၍လျော့နည်းလာခဲ့သည့်အပြင် ယခင်လထက် ၁၀.၅ ရာခိုင် နှုန်းဖြင့် သိုလှောင်မှုပမာဏ များပြားလာခြင်းဖြစ်ကြောင်း၊ ယခင် ၂၀၂၂ ခုနှစ် ဇွန်လသိုလှောင်မှု တန်ချိန် ၁.၆၅ သန်းထက် ၁၂ ရာခိုင်နှုန်း ပိုမိုကြောင်း ရိုက်တာသတင်းဌာနအား ကိုးကားလျက် The Star သတင်းဌာနက ဇူလိုင်လ ၆ ရက်နေ့၌ ဖော်ပြထားသည်။
အမေရိကန်နိုင်ငံ၌ ပဲပုပ်စိုက်ပျိုးမှုမှာ မျှော်မှန်းထားသည့် ဧရိယာပမာဏထက် လျော့နည်းလျက် ပဲပုပ်ဈေးကွက်အပေါ် ရိုက်ခတ်မှုက ပဲပုပ်ဆီဈေးနှုန်းကို မြင့်တက်စေခဲ့ပြီးနောက် မလေးရှားစားအုန်းဆီ၏ ဈေးနှုန်းသည်လည်း ၅ ရာခိုင်နှုန်း ပိုမိုမြင့်တက်လာပြီး တစ်တန်လျှင် မလေးရှား ရင်းဂစ် ၄၀၀၀ ခန့်သို့ ရောက်ရှိလာပါသည်။
တစ်ပိုင်းလျှပ်ကူးပစ္စည်းများ (semiconductors) နှင့် အခြားလျှပ်စစ်ပစ္စည်းများ ထုတ်လုပ်ရာတွင် လိုအပ်သည့် ဂါလီယမ် (gallium) နှင့် ဂျာမနီယမ် (germanium) သတ္တုများတင်ပို့မှုအပေါ် ထိန်းချုပ်လိုက်သည့် တရုတ်နိုင်ငံ၏ ကြေညာချက်အား အမေရိကန်နိုင်ငံက ခိုင်မာစွာဆန့်ကျင် ပြောဆိုခဲ့ပြီး အဆိုပါအရေးကိစ္စကို ဖြေရှင်းရန် ၄င်း၏မိတ်ဖက်အဖွဲ့ အစည်းများနှင့် ဆွေးနွေးတိုင်ပင်သွားမည်ဖြစ်ကြောင်း အမေရိကန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဦီးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ဇူလိုင်လ ၅ ရက်နေ့ (ဗုဒ္ဓဟူးနေ့) ၌ ပြောကြားခဲ့ပါသည်။
အိန္ဒိယနိုင်ငံရှိ ရေနံသန့်စင်ချက်လုပ်သည့် ကုမ္ပဏီများသည် ရုရှားနိုင်ငံထံမှ အချို့သောရေနံများ ဝယ်ယူတင်သွင်းမှုအတွက် တရုတ်ယွမ်ငွေကြေးဖြင့် ငွေပေးချေမှုကို စတင်ဆောင်ရွက်လိုက်ပြီဖြစ်ပါသည်။
ဗီယက်နမ်သည် ယခုနှစ် ပထမငါးလအတွင်း ဖိလစ်ပိုင်၏ အကြီးမားဆုံး ဆန်တင်သွင်းသူ အဖြစ် ရပ်တည်နေခဲ့ပြီး တန်တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၇၇၂ ဒသမ ၄ သန်းဖြင့် ယခင်နှစ်ကာလတူနှိုင်းယှဉ်ပါက ၃၁ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်းသိရှိရသည်။