ပြည်ပကုန်သွယ်မှုသတင်းများ
အင်ဒိုနီးရှားနိုင်ငံ၌ ကုန်ထုတ်လုပ်မှုကိုထိန်းသိမ်းနိုင်ရန် ကြိုးပမ်းမှုအဖြစ် ဆီအုန်း ပြန်လည်စိုက်ပျိုးမှုအစီအစဉ်အား ၂၀၁၇ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း စိုက်ပျိုးခဲ့သည့် ဆီအုန်းစိုက်ခင်း ဧရိယာ၏ နှစ်ဆတိုးမြှင့်၍ အရှိန်မြှင့်တင်ဆောင်ရွက်မည်ဖြစ်သည်ဟု အစိုးရအရာရှိတစ်ဦးက မေလ ၃၀ ရက် အင်္ဂါနေ့တွင် ပြောကြားခဲ့ကြောင်း The Star သတင်းဌာနက ဖော်ပြပါသည်။
ပြည်တွင်းစက်မှုဖွံ့ဖြိုးရေးကို မြှင့်တင်ဆောင်ရွက်ရန်အတွက် အင်ဒိုနီးရှားအစိုးရသည် LNG သဘာဝဓာတ်ငွေ့ရည် တင်ပို့မှုကို တားမြစ်ကန့်သတ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးနှင့် တောင်သူလယ်သမားများ ဖူလုံရေးဝန်ကြီးဌာနသည် ၂၀၂၂-၂၃ စိုက်ပျိုးရေးနှစ်အတွက် အဓိကသီးနှံများ ထွက်ရှိနိုင်မည့်အခြေအနေ တတိယအကြိမ်ခန့်မှန်းချက် ကို ၂၅-၅-၂၀၂၃ နေ့၌ ထုတ်ပြန်ခဲ့ရာ စုစုပေါင်းကောက်ပဲသီးနှံထုတ်လုပ်မှုမှာ ယခင်နှစ်ကထက် တန်ချိန် ၁၄၉.၁၈ သိန်း ပိုမိုလျက် အထွက်တန်ချိန်ပေါင်း ၃၃၀၅.၃၄ သိန်းအထိ စံချိန်တင် ရရှိနိုင်မည်ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။ အဆိုပါပမာဏသည် ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်း ဒုတိယအကြိမ်ကနဦးခန့်မှန်းချက်ထုတ်ပြန်ရာ၌ ခန့်မှန်းထားသည်ထက် ၂.၁% ပိုမိုလာခြင်းဖြစ်သည်။
အာဖရိကဒေသရှိ ဆီနီဂေါ၊ ဂမ်ဘီယာနှင့် ဂျီဘိုတီ နိုင်ငံများသို့ အစိုးရချင်း ညှိနှိုင်းသည့် G2G အစီအစဉ်ဖြင့် ဆန်ကွဲတန်ချိန် ၇၅၀၀၀ ကို တင်ပို့ဖွယ်ရှိကြောင်း အိန္ဒိယ ကုန်သည်အသိုင်းအဝိုင်းက ပြောဆိုလျက်ရှိကြပါသည်။ ပြည်ပနိုင်ငံများ၏ စားနပ်ရိက္ခာ ဖြည့်ဆည်းရန် လိုအပ်ချက်အရ ဆန်ကွဲတင်ပို့ခြင်းကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ခွင့်ပြုသွားမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရက ပြီးခဲ့သည့် သီတင်းပတ်၌ အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံ၌ ဆန်ကွဲတင်ပို့မှုကို ယေဘုယျအားဖြင့် တားမြစ်ထားသော်လည်း အခြားသောနိုင်ငံများ၏ စားနပ်ရိက္ခာဖူလုံမှု လိုအပ်ချက်အား ဖြည့်ဆည်းပေးရန်အတွက် သက်ဆိုင်ရာနိုင်ငံအစိုးရများမှ တောင်းဆိုလာပါက အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အခြားနိုင်ငံများသို့ ဆန်ကွဲတင်ပို့ခြင်းကို ခွင့်ပြုသွားမည်ဖြစ်ကြောင်း အိန္ဒိယ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက မေလ ၂၄ ရက် ဗုဒ္ဓဟူးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ရာသီဥတုပြောင်းလဲမှုကြောင့် စပါးစိုက်ပျိုးနိုင်သည့် ဧရိယာလျော့နည်း ကျဆင်းလာမှုနှင့် လိုက်လျောညီထွေရှိစေရန်၊ သဘာဝပတ်ဝန်းကျင်အား ကာကွယ်ရန်နှင့် ပြည်တွင်း စားနပ်ရိက္ခာဖူလုံမှု သေချာခိုင်မာစေရန်အတွက် ဗီယက်နမ်နိုင်ငံသည် ပြည်ပသို့ ဆန်တင်ပို့ရာတွင် အရည်အသွေးမြင့်ဆန်များ တင်ပို့မှုကို တိုးမြှင့်လျက် အရေအတွက်ကိုမူ လျော့ချသွားမည်ဖြစ်ပါသည်။
ဗီယက်နမ်နိုင်ငံ၌ ပြည်ပဈေးကွက်များသို့ ဆန်တင်ပို့ရာတွင် တည်ငြိမ်မှုရှိပြီး သင့်တင့်သည့် ဈေးကွက်ရရှိမှု၊ ထိရောက်သည့် ပို့ကုန်ပမာဏနှင့် ကုန်ထုတ်လုပ်ငန်း ဖွဲ့စည်းတည်ဆောက်မှုစနစ်တို့နှင့်အတူ ဈေးကွက်ချဲ့ထွင်နိုင်ရန် ရည်ရွယ်လျက် ၂၀၃၀ ပြည့်နှစ်အထိ အကောင်အထည်ဖော်ဆောင်ရွက်မည့် ဆန်တင်ပို့မှုဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာကို ဒုတိယဝန်ကြီးချုပ်လီမင်ကိုင်က အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရသည်။
၂၀၂၂ ခုနှစ်၊ ဧပြီလတွင် အိန္ဒိယနိုင်ငံ၌ နေကြာဆီ ဆိပ်ကမ်းအရောက်တစ်တန်ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၂၁၅၅ နှင့် ပဲပုပ်ဆီ ဆိပ်ကမ်းအရောက်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၉၀၉ ဖြစ်ပေါ်ခဲ့ပါသည်။ သို့ရာတွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် ကုလသမဂ္ဂနှင့် တူရကီနိုင်ငံတို့၏ ကြားဝင်ဆောင်ရွက်မှုကြောင့် ရှရှားနှင့် ယူကရိန်း ကြား ပင်လယ်နက်ဒေသ ကောက်ပဲသီးနှံများ လွတ်လပ်စွာ တင်ပို့မှုဆိုင်ရာ သဘောတူ စာချုပ်ချုပ်ဆိုခဲ့ပြီး အခြေအနေများပြောင်းလဲမှု ဖြစ်ပေါ်ခဲ့ပါသည်။ အဆိုပါသဘောတူစာချုပ်အရ ယူကရိန်းနိုင်ငံရှိ ကောက်ပဲသီးနှံများ၊ နေကြာဆီ၊ အသားနှင့် အစေ့အဆန်များကို လွတ်လပ်စွာ သင်္ဘောတင်ဆောင်၊ ဖြတ်သန်းသွားလာခွင့်ရရ
စားအုန်းဆီအစား ပဲပုပ်ဆီ၊ နေကြာဆီတို့ဖြင့် အစားထိုးလာမှုကြောင့် အိန္ဒိယနိုင်ငံ၏ စားအုန်းဆီ တင်သွင်းမှုသည် ၂၀၂၃ ခုနှစ် မေလ၌ ၂၇ လအတွင်း အနည်းဆုံးပမာဏသို့ ရောက်ရှိခဲ့ကြောင်း သိရပါသည်။ ၂၀၂၃ ခုနှစ်၊ မေလ ၁ ရက်မှ ၂၀ ရက်အတွင်း အိန္ဒိယနိုင်ငံ၌ စားအုန်းဆီတန်ချိန် ၂၆၁၀၀၀ ခန့်ကို သက်ဆိုင်ရာဆိပ်ကမ်းများတွင် သင်္ဘောဆီချနိုင်ခဲ့ပြီး မေလကုန်အထိ လက်ကျန် ၁၁ ရက်အတွင်း တန်ချိန် ၁၅၀၀၀၀ ထပ်မံဝင်ရောက်နိုင်ပြီး စုစုပေါင်း စားအုန်းဆီတန်ချိန် ၄၁၁၀၀၀ ခန့်ရှိနိုင်သည်ဟု အိန္ဒိယကုန်သည်များနှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများက ခန့်မှန်းထားပါသည်။ အိန္ဒိယဆီစက်လုပ်ငန်းရှင်များအသင်း၏ အချက်အလက်များအရ ၂၀၂၂-
အိန္ဒိယနိုင်ငံတွင် ယခင်နှစ် ဝါဂွမ်းဈေးနှုန်းသို့ မြင့်တက်ရောက်ရှိရန် မျှော်မှန်းပြီး သိုလှောင်ထားခဲ့ကြသော ဝါဂွမ်းများကို လယ်သမားများမှ ဈေးကွက်သို့ပို့ဆောင် ရောင်းချမှုများပြားလာသဖြင့် ဝါဂွမ်းဈေးနှုန်းများမှာ ၈% မှ ၁၂% အကြား အသီးသီးလျော့နည်းကျဆင်းခဲ့ကြောင်း သိရှိရပါသည်။
၂ဝ၂၃ ခုနှစ် မေလ ၁၆ ရက်နေ့မှစတင်၍ အမေရိကန်နိုင်ငံမှ တင်သွင်းသည့် ဝါဂွမ်းများအပေါ် ပိုးသတ်ပေးရန်လိုအပ်ချက်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပယ်ဖျက်ပေးခဲ့သည့်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တင်သွင်းသူများအတွက် ဒေါ်လာသန်းပေါင်းများစွာ ဆုံးရှုံးမှုနှင့် ၅ ရက်တာစောင့်ဆိုင်းနေရမှုကို လျော့နည်းသက်သာစေခဲ့ကြောင်း ဒါကာမြို့ရှိ အမေရိကန်သံရုံးက ပြောကြားခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ခဲ့မှုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနမှ နည်းပညာကိုယ်စားလှယ်အဖွဲ့၏ ၂ဝ၂၂ ခုနှစ် နိုဝင်ဘာလ၌ အမေရိကန်နိုင်ငံသို့ သွားရောက်သည့် ခရီးစဉ်အပြီးတွင် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါကိုယ်စားလှယ်အဖွဲ့၏ ခရ
အစားအသောက် ဘေးကင်းလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် အထူးသဖြင့် အမျိုးသမီးများ ပါဝင်လုပ်ကိုင်လျက်ရှိသော လုပ်ကွက်ငယ်လယ်သမားပေါင်း ၁၂၃၀၀၀ ကျော်၏ ဝင်ငွေတိုးတက်ရရှိစေရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ပြောင်းလဲမှုများကို ခံနိုင်ရည်ရှိသော ဆန်စပါးဈေးကွက်အဖြစ် မြှင့်တင်နိုင်ရန် နိုင်ငံတကာငွေကြေးကော်ပိုရေးရှင်း (IFC) သည် Meghna Group of Industries (MGI) ၏ လက်အောက်ခံ ကုမ္ပဏီဖြစ်သော Tanveer Food Limited (TFL) သို့ ဒေါ်လာ ၃၅ သန်း ထည့်ဝင်ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း သိရှိရပါသည်။