ပြည်ပကုန်သွယ်မှုသတင်းများ
လွတ်လပ်သောကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်များ၏ အကျိုးကျေးဇူးများနှင့် ဖြတ်သန်းချိန်ကာလ ပို၍မြန်ဆန်လာမှုတို့ကြောင့် တရုတ်-လာအို မီးရထားလမ်းမှတစ်ဆင့် ထိုင်းနိုင်ငံ၏ ဒူးရင်းသီးတင်ပို့မှုသည် ၂၀၂၃ ခုနှစ်၏ ပထမငါးလတာ ကာလအတွင်း ၃၆၅ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ကြောင်း ဩဂုတ်လ ၁၅ ရက်၊ အင်္ဂါနေ့တွင် ထိုင်းသတင်းမီဒီယာများက ဖော်ပြလျက်ရှိကြသည်။
အိန္ဒိယနိုင်ငံ၌ တစ်နိုင်ငံလုံး ပျမ်းမျှလက်လီစျေးနှုန်းထက် ကျော်လွန်၍ ရောင်းဝယ်မှုဖြစ်ပေါ်နေသော ပြည်နယ် သို့မဟုတ် ဒေသများရှိ အဓိကစျေးကွက်များသို့ အရန်သိုလှောင်ထားသည့် ကြက်သွန်နီတန်ချိန် ၃ သိန်းကို ရောင်းချပေးမည် ဖြစ်ကြောင်း အစိုးရက ဩဂုတ်လ ၁၁ ရက်၊ သောကြာနေ့တွင် ကြေညာခဲ့သည်။
ထိုင်းနိုင်ငံ၌ ထုတ်လုပ်မှုကုန်ကျစရိတ်များ ကြီးမြင့်လာမှုကြောင့် စက်တင်ဘာလမှစတင်၍ ဆန်ထုပ်ပိုးမှုကုန်ကျစရိတ်ကို တစ်ကီလိုလျှင် ၃ ဘတ် ထပ်ဆောင်းလျက် ၂၀ ဘတ်နှုန်း သတ်မှတ်မည်ဟု ထိုင်းဆန်ထုပ်ပိုးသူများအသင်းက ထုတ်ပြန်လိုက် ကြောင်း သိရပါသည်။
အိန္ဒိယနိုင်ငံ၏ ဆန်တင်ပို့မှု တားမြစ်ပိတ်ပင်ခြင်းက ကမ္ဘာ့ဆန်ဈေးနှုန်းများအား ၁၅ နှစ် အတွင်း အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိစေခဲ့ရာ ဗီယက်နမ်နိုင်ငံမှ ဆန်တင်ပို့သည့် ကုန်သည်အချို့သည် ဆန်တန်ချိန် ၅ သိန်းခန့် တင်ပို့ရန် ချုပ်ဆိုထားသည့် အရောင်းအဝယ်စာချုပ်များကို ပြန်လည်ညှိနှိုင်း၍ ဈေးနှုန်းမြှင့်တင်ခဲ့ကြသည်ဟု ကုန်သွယ်မှုသတင်းအရင်းအမြစ် ၂ ခုက ပြောဆိုကြောင်း သိရှိရသည်။
ဖိလစ်ပိုင်နိုင်ငံသည် ဗီယက်နမ်နှင့် အိန္ဒိယတို့ထံမှ ဆန်များဝယ်ယူတင်သွင်းနိုင်ရေးအတွက် အစိုးရချင်းစေ့စပ်ညှိနှိုင်းမှုများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။
ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ၁ နှစ်လျှင် ဆန်တန်ချိန် ၂ သန်းအထိ တင်ပို့နိုင်မည့် အလားအလာများရှိနေမှုအရ ဆန်တင်ပို့မှုမြှင့်တင်နိုင်ရေးအတွက် ဆန်စက်လုပ်ငန်းရှင်များ၏ စပါးများ ဝယ်ယူစုဆောင်းမှုတွင် လိုအပ်သော လုပ်ငန်းလည်ပတ် ရင်းနှီးငွေများ ရရှိနိုင်ရန် ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ် (CRF) က နည်းလမ်းများရှာဖွေလျက်ရှိကြောင်း သိရှိရပါသည်။
နှစ်နိုင်ငံကုန်သွယ်မှုကို မြှင့်တင်ရန်ဆောင်ရွက်မှုအဖြစ် ကမ္ဘောဒီးယားနိုင်ငံထံမှ ဆန်များ ဝယ်ယူတင်သွင်းနိုင်မည့် အခြေအနေကို လေ့လာဆွေးနွေးညှိနှိုင်းရန်အတွက် ကိုယ်စားလှယ်အဖွဲ့တစ်ရပ်အား စေလွှတ်မည်ဖြစ်သည်ဟု ၁၁-၈-၂၀၂၃ ရက်နေ့၊ သောကြာနေ့တွင် ကမ္ဘောဒီးယား ၀န်ကြီးချုပ်ဟွန်ဆန်ထံ တယ်လီဖုန်းဖြင့်ဆက်သွယ်ရာ၌ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ကမ္ဘာ့စားအုန်းဆီ ကုန်သွယ်မှုကဏ္ဍတွင် ၈၅ ရာခိုင်နှုန်းခန့် ပါဝင်ထားသည့် အင်ဒိုနီးရှား နှင့် မလေးရှားတို့က ဥရောပသမဂ္ဂ (အီးယူ) မှသတ်မှတ်ပြဋ္ဌာန်းသည့် သစ်တောပြုန်းတီးမှု ကာကွယ် ရေးစည်းမျဉ်း (EUDR) နှင့်စပ်လျဉ်း၍ ဖြစ်ပေါ်လာနိုင်သောကိစ္စရပ်များအတွက် လုပ်ငန်းအဖွဲ့ (Task Force) ကို ဖွဲ့စည်းဆောင်ရွက်ရန် သဘောတူညီမှုရှိထားပြီးဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ၊ စီးပွားရေးရာ ပေါင်းစပ်ဆောင်ရွက်ရေး ဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့တွင် ပြောကြားပါသည်။
မလေးရှားနိုင်ငံ၏ သဘာဝရော်ဘာထုတ်လုပ်မှုသည် ၂၀၂၃ ခုနှစ်၊ မေလတွင် ၂၄၁၂၆ တန်ရှိရာမှ ဇွန်လတွင် ၂၉၈၆၇ တန်ဖြင့် ၂၃.၈% ထုတ်လုပ်မှုတိုးတက်လာကြောင်း အစိုးရ၏ တရားဝင်အချက်အလက်များက ဩဂုတ်လ ၈ ရက် အင်္ဂါနေ့တွင် ဖော်ပြထားသည်။
မလေးရှား စာရင်းအင်းဦးစီးဌာန (DOSM) ၏ ထုတ်ပြန်ချက်တွင် သဘာဝရော်ဘာ ထုတ်လုပ်မှုသည် နှစ်အလိုက်နှိုင်းယှဉ်ပါက ယခင်နှစ် ဇွန်လတွင် ၃၁၀၈၃ တန်ရှိရာ ယခုနှစ် ဇွန်လ၌ ၃.၉% ကျဆင်းခဲ့ကြောင်း၊ သဘာဝရော်ဘာတင်ပို့မှုပမာဏမှာ ယခုနှစ်ဇွန်လတွင် ၄၈၈၅၇ တန် ရှိသဖြင့် မေလ၌ တင်ပို့ခဲ့သည့်ပမာဏ ၃၇၀၆၂ တန်ဖြင့် နှိုင်းယှဉ်ပါက ၃၁.၈% တိုးတက်ခဲ့ကြောင်း ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံတွင် ကြက်သွန်နီများ ဈေးကွက်သို့ဝင်ရောက်မှုမှာ လစဉ်အလိုက်၊ နှစ်စဉ်အလိုက် စံချိန်တင်ကုန်အဝင်များ ရှိခဲ့သော်လည်း ဈေးနှုန်းများသည် ယခင်လထက် ၂၈% မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။
အိန္ဒိယနိုင်ငံ၌ အောက်တိုဘာလမှစတင်သည့် ၂ဝ၂၃-၂ဝ၂၄ ခုနှစ် ကော်ဖီသီးနှံရာသီတွင် ရာသီဥတု အပြောင်းအလဲ မြန်ဆန်မှုကြောင့် အာရေးဘီကာဒေသထွက်ကော်ဖီကို စောစီးစွာ ရိတ်သိမ်းသွားမည်ဖြစ်ကြောင်း ကော်ဖီစိုက်ပျိုးသူများက ပြောကြားခဲ့ကြပါသည်။ ၂ဝ၂၃ ခုနှစ်တွင် ကော်ဖီ စိုက်ပျိုးသည့်ဒေသများ၌ ကာလရှည်ကြာစွာ ခြောက်သွေ့မှုများဖြစ်ပေါ်ခဲ့သဖြင့် ကော်ဖီစေ့များကို အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်စေခဲ့ကြောင်း၊ မုတ်သုံဝင်ရောက်မှုနောက်ကျပြီး ဇွန်လအတွင်း မိုးရေမရရှိမှုကြောင့် အာရေးဘီကာ ကော်ဖီမျိုးများမှာ ဆောလျင်စွာဖြစ်ထွန်းခဲ့သဖြင့် စိန်ခေါ်မှုများကို ကြုံတွေ့ခဲ့ရကြောင်းနှင့် ပုံမှန်အားဖြင့် အာရေးဘီကာကော်ဖ
ဗီယက်နမ်နိုင်ငံသည် ထိုင်းနိုင်ငံရှိ အချို့သောသကြားတင်ပို့သည့်ကုမ္ပဏီများမှ တင်သွင်းသော သကြားများအပေါ် စုပုံတင်သွင်းမှုအခွန် (anti-dumping duty) ကို ၂၅.၇၃% မှ ၃၂.၇၅% အထိ ၁၈-၈-၂ဝ၂၃ နေ့မှ ၁၅-၆-၂ဝ၂၆ နေ့အထိ ကောက်ခံမည်ဖြစ်ကြောင်း ဗီယက်နမ် ကုန်သွယ်ရေးဝန်ကြီးဌာနက ၈-၈-၂၀၂၃ နေ့၌ ပြောကြားခဲ့ပါသည်။