Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
02 Sep 2023

တရုတ်နိုင်ငံ၌ နိုင်ငံတော်ကောင်စီသည် ဩဂုတ်လ ၂၈ ရက်နေ့တွင် ကျင်းပသော ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ၏ ပဉ္စမအကြိမ် အစည်းအဝေးသို့ အမျိုးသား စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာ အစီရင်ခံစာကို ပြန်လည်သုံးသပ်ရန်အတွက် တင်ပြခဲ့ပါသည်။

02 Sep 2023

အိန္ဒိယနိုင်ငံ၌ ကာနာတကာနှင့် ရာဂျပ်စတန် ပြည်နယ်များတွင် ယခုနှစ်မိုးသီးနှံရာသီ၌ စိုက်ပျိုးထုတ်လုပ်သည့် ပဲတီစိမ်းများမှာ ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်မှုရှိသော်လည်း မိုးရေချိန်ရရှိမှုနည်းပါးခြင်းနှင့် စိုက်ဧကလျော့ကျခြင်းတို့ကြောင့် အထွက်ပမာဏ လျော့နည်းနိုင် ချေရှိမှုအပေါ် ဈေးကွက်အဖွင့် ဈေးနှုန်းများမှာ မြင့်မားလျက်ရှိကြောင်း သိရှိရပါသည်။

02 Sep 2023

အိန္ဒိယနိုင်ငံ၌ ၂၀၂၃ ခုနှစ် မိုးသီးနှံရာသီတွင် ၂၅-၈-၂၀၂၃ နေ့အထိ ပဲမျိုးစုံစိုက်ပျိုးပြီးစီးမှုမှာ ဟက်တာ ၁၁၇.၄၄ သန်းရှိပြီး ယခင်နှစ်ကာလတူ စိုက်ပျိုးမှု ဧရိယာဟက်တာ ၁၂၈.၀၇ သိန်းနှင့် နှိုင်းယှဉ်ပါက ၈.၃% လျော့နည်းလျက်ရှိကြောင်း အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရှိရပါသည်။

02 Sep 2023

အိန္ဒိယ၏ ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုကို  တားမြစ်ခြင်းကြောင့် ကမ္ဘာ့ဆန် ဈေးနှုန်း  သိသာစွာ မြင့်တက်စေခဲ့သော်လည်း အိန္ဒိယသည် ယခုအခါတွင် စင်ကာပူနိုင်ငံနှင့် နှစ်နိုင်ငံကြား အထူးဆက်ဆံရေးအဖြစ် စင်ကာပူသို့ ဆန်တင်ပို့ခွင့်ပြုရန် ဆုံးဖြတ်လိုက်ကြောင်းနှင့် ဆန်တင်ပို့ခွင့် တရားဝင်အမိန့်ကို မကြာမီ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Arindam Bagchi က ၂၉-၈-၂၀၂၃ ရက်၊ အင်္ဂါနေ့တွင် ပြောကြား ခဲ့သည်။

02 Sep 2023

ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများနှင့် စားနပ်ရိက္ခာအကျပ်အတည်းကို ကြိုတင်ခန့်မှန်းနိုင်ရေးအတွက် အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီးဌာနသည် အမျိုးသားရဲတပ်ဖွဲ့၏ စားနပ်ရိက္ခာလုပ်ငန်းအဖွဲ့နှင့် ပူးပေါင်း၍ နိုင်ငံတစ်ဝန်းရှိ ဆန်စက်များနှင့် ဆန်စပါးဖြည့်တင်းမှု (ထောက်ပံ့ရေး) ဆိုင်ရာ အချက်အလက်များကို စုဆောင်းကောက်ခံသွားမည်ဖြစ်ကြောင်း သိရပါသည်။

02 Sep 2023

ဖိလစ်ပိုင်နိုင်ငံ၌ ဆန်တင်သွင်းမှုသည် ယခင်လနှင့် နှိုင်းယှဉ်ပါက ဩဂုတ်လတွင် မြင့်တက်ခဲ့သော်လည်း ၂၀၂၃ ခုနှစ် အစပိုင်းမှစ၍ ပြန်လည်တွက်ချက်ပါက နည်းပါးနေသေးကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဌာန၏ အချက်အလက်များအရ သိရပါသည်။

ဩဂုတ်လအတွင်း ၂၄ ရက်နေ့အထိ ဆန်တင်သွင်းမှု စုစုပေါင်းမှာ ၁၈၈၉၃၃.၈၉ တန်ဖြစ်ပြီး ဇူလိုင်လ၌ တင်သွင်းမှု ၁၅၆၇၁၁.၇၅ တန်နှင့် နှိုင်းယှဉ်ပါက ၂၀.၅၆% ပိုမိုကြောင်း၊ ယခုနှစ်အတွင်း ဧပြီလတွင် ဆန်တန်ချိန် ၅၁၃၄၂၅.၁၇ တန်ဖြင့် အများဆုံးတင်သွင်းထားကြောင်း သိရှိရပါသည်။

02 Sep 2023

ပြည်ပသို့ ပေါင်းဆန်တင်ပို့မှုအပေါ် ၁၅-၁၀-၂၀၂၃ ရက်နေ့အထိ အခွန် ၂၀% ကောက်ခံမည် ဖြစ်ကြောင်း အိန္ဒိယအစိုးရ၏ အမိန့်ထုတ်ပြန်ခဲ့မှုသည် ဝယ်ယူသူနှင့် ရောင်းချသူတို့အနေဖြင့် အခွန်ပေးဆောင်ရမှုမှ ရှောင်ကြဉ်ရန်အတွက် သင်္ဘောတင်ပို့ရန်ရှိသော ပေါင်းဆန်တန်ချိန် ၅ သိန်းခန့်အား အဆိုပါနေ့ရက် ကျော်လွန်မည့်အချိန်အထိ ဆိုင်းငံ့ခြင်းကို ဖြစ်ပေါ်စေသည်ဟု ဩဂုတ်လ ၂၉ ရက်နေ့တွင် ဆန်တင်ပို့သည့် အိန္ဒိယပို့ကုန်လုပ်ငန်းကြီး ၃ ခုမှ ရိုက်တာသတင်းဌာနသို့ ပြောဆိုခဲ့ပါသည်။

02 Sep 2023

အင်ဒိုနီးရှားနိုင်ငံတွင် ကုန်ဈေးနှုန်းဖောင်းပွမှုများ ဖြစ်ပေါ်လျက်ရှိပြီး အထူးသဖြင့် ဆန်ဈေးနှုန်းများမှာ ၂၀၂၃ ခုနှစ် ဩဂုတ်လ စတုတ္ထပတ်၌ သိသာစွာမြင့်တက်လာခဲ့ရာ ပြည်နယ်အစိုးရများအနေဖြင့် ဈေးနှုန်းဖောင်းပွမှုကို ထိန်းချုပ်နိုင်မည့် အစီအမံများ ချမှတ်ဆောင်ရွက်ရန် ဗဟိုအစိုးရ က တိုက်တွန်းခဲ့ပါသည်။

29 Aug 2023

စင်္ကာပူစားနပ်ရိက္ခာအဖွဲ့အစည်း (SFA) သည် (ဘာစမာတီမဟုတ်သော) ဆန်ဖြူ တင်ပို့မှုအပေါ် တားမြစ်ခြင်းမှ ကင်းလွတ်ခွင့်ပြုရေးအတွက် အိန္ဒိယအာဏာပိုင်များနှင့် ချိတ်ဆက် ဆောင်ရွက်နေကြောင်း သိရှိရပါသည်။ SFA မှ မီဒီယာများသို့ ပြောကြားရာတွင် အဖွဲ့ အစည်းအနေဖြင့် ဆန်စပါးသိုလှောင်မှုအစီအစဉ်ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိကာလတွင် ဆန်အရောင်း တည်ငြိမ်လျက်ရှိကာ ပြည်တွင်းစားသုံးသူများအားလုံး လိုအပ်သမျှ ဝယ်ယူနိုင်မည့် လုံလောက်သော ပမာဏရှိကြောင်းနှင့် ဆန်စပါးသိုလှောင်မှုအစီအစဉ်အရ ဆန်တင်သွင်းသူများသည် ၄င်းတို့လစဉ်တင်သွင်းမှု ဆန်ပမာဏ၏ နှစ်ဆရှိသော ကုန်လက်ကျန်များကို လက်ဝယ်ထားရှိရန် လိုအပ်ကြောင်း ပြ

29 Aug 2023

ပြည်တွင်းကုန်သွယ်မှုဦးစီးဌာန (ITD) သည် စားသုံးသူများ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် ထုပ်ပိုးထားသောဆန်များ၏ ဈေးနှုန်းများ တိုးမြှင့်ရေးအစီအစဉ်ကို ရွှေ့ဆိုင်းပေးရန် ထိုင်းဆန်ထုပ်ပိုးသူများအသင်းနှင့် ထိုင်းဆန်စက်လုပ်ငန်းရှင်များအသင်းများအား တိုက်တွန်းပြောကြားခဲ့သည်။

29 Aug 2023

အယ်လ်နီညိုရာသီဥတုကြောင့် အင်ဒိုနီးရှားနိုင်ငံ၏ ဆန်ထွက်ရှိမှုကို အဟန့်အတားဖြစ်လာစေနိုင်သည့်အတွက် အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံပိုင်စားနပ်ရိက္ခာဝယ်ယူရေးကုမ္ပဏီ Bulog သည် ကမ္ဘောဒီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ ဆန်တင်သွင်းသွားမည်ဖြစ်ပါသည်။ Bulog သည် ၂ဝ၂၃ ခုနှစ်အတွင်း ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့မှ ဆန်တန်ချိန် ၁.၆ သန်း တင်သွင်း ခဲ့ပြီး ပြည်တွင်းစားသုံးရန်အတွက် ဆန်တန်ချိန် ၇၈၆,၆၉၇ တန် ဝယ်ယူပြီးဖြစ်ကြောင်း သိရှိရပါသည်။ ယခုအခါ အယ်လ်နီညို၏ ဆိုးရွားသောအကျိုးသက်ရောက်မှုကြောင့် ကုမ္ပဏီအနေဖြင့် အရေးပေါ်အစီအစဉ်အရ ကမ္ဘောဒီးယားနှင့်မြန်မာနိုင်ငံတို့မှ ဆန်တင်သ

29 Aug 2023

မွန်ဘိုင်းမြို့အခြေစိုက် အိန္ဒိယဆီစက်လုပ်ငန်းရှင်းများအသင်း (SEA) ၏ ဥက္ကဋ္ဌဖြစ်သူ Ajay Jhunjhunwala ဦးဆောင်သော အဖွဲ့ဝင် ၁၉ ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းစားအုန်းဆီ ကဏ္ဍရှိ စီးပွားရေးအခွင့်အလမ်းသစ်များကို လေ့လာရန်အတွက် ၂၃-၈-၂၀၂၃ နေ့တွင် ထိုင်းနိုင်ငံ၏ ဆီအုန်း စိုက်ပျိုးရာ Surat Thani ဒေသ သို့ သွားရောက်မည်ဖြစ်ကြောင်းနှင့် ၎င်းခရီးစဉ်မှတစ်ဆင့် ထိုင်းအစိုးရ အရာရှိများ၊ စားအုန်းဆီ ထုတ်လုပ်သူများနှင့် တင်ပို့ရောင်းချသူများနှင့်လည်း ချိတ်ဆက်သွားမည် ဖြစ်ကြောင်း အဆိုပါ အသင်းက ပြောကြားခဲ့သည်။

Pages