ပြည်ပကုန်သွယ်မှုသတင်းများ
အိန္ဒိယနိုင်ငံသည် အာရပ်စော်ဘွားများသမ္မတနိုင်ငံသို့ ဘာစမာတီမဟုတ်သော ဆန်ဖြူ တန်ချိန် ၇၅, ဝဝဝ ကို အမျိုးသားသမဝါယမပို့ကုန်လီမိတက် (National Cooperative Exports Limited) မှတစ်ဆင့် တင်ပို့ခွင့်ပြုခဲ့ကြောင်း အိန္ဒိယနိုင်ငံ နိုင်ငံခြားကုန်သွယ်မှုညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားချက်တွင် ဖော်ပြထားပါသည်။ အိန္ဒိယသည် ၂၀၂၃ ဘဏ္ဍာနှစ်တွင် ဘာစမာတီမဟုတ်သော ဆန်ဖြူကို ဒေါ်လာ ၂.၂ ဘီလီယံဖိုး တင်ပို့နိုင်ခဲ့ပြီး အဓိကအားဖြင့် ကင်ညာ၊ မာဒါဂတ်စကာ၊ ဘီနင်နှင့် အာရပ်စော်ဘွားများသမ္မတနိုင်ငံတို့သို့ တင်ပို့ခဲ့ကြောင်း သိရှိရပါသည်။
၂၀၂၃-၂၄ စပါးရိတ်သိမ်းရာသီအတွင်း အယ်လ်နီညိုရာသီဥတုကြောင့် ထိုင်းဆန်ထုတ် လုပ်မှုမှာ တန်ချိန်အားဖြင့် ၈၇၁,ဝဝဝ တန်နှင့် ရာခိုင်နှုန်းအားဖြင့် ၃.၂၇ ရာခိုင်နှုန်းလျော့နည်း ကျဆင်းမည်ဖြစ်သဖြင့် တန်ချိန် ၂၅.၈ သန်းသာ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာနလက်အောက်ရှိ စိုက်ပျိုးရေးနှင့်စီးပွားရေးဌာန၏ နောက်ဆုံးခန့်မှန်းချက် အရ သိရှိရပါသည်။
၂ဝ၂၃ ခုနှစ် ဇူလိုင်လတွင် အိန္ဒိယနိုင်ငံက ဘာစမာတီမဟုတ်သောဆန် တင်ပို့မှုကို တားမြစ် ပိတ်ပင်လိုက်ကြောင်း ကြေညာခဲ့မှုနှင့်စပ်လျဉ်း၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများဖြစ်ကြ သော အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျနှင့် ဂျပန်နိုင်ငံတို့က မေးခွန်းများထုတ်လျက်ရှိကြပြီး အိန္ဒိယနိုင်ငံ၏ပြည်တွင်းလိုအပ်ချက်အတွက် ဆန်ပမာဏမည်မျှဆိုလျှင်လုံလောက်မည်ဟူသည့် အချက်အပေါ် ရှင်းလင်းပြောကြားရန် တောင်းဆိုခဲ့ကြပါသည်။ ထို့ပြင် အိန္ဒိယနိုင်ငံအနေဖြင့် ၂ဝ၂၂ ခုနှစ်တွင် ဂျုံနှင့်ဆန်ကွဲတို့အပေါ် တင်ပို့မှုတားမြစ်ခဲ့ခြင်းနှင့်စပ်လျဉ်း၍ ကြာမြင့်မည့်အချိန်ကာလ နှင့် အဆိုပါကန့်သတ်ချက်များသည် ယာယီကျင့်သုံးခြင်းသာဖြစ်သည
ကနေဒါနိုင်ငံဝန်ကြီးချုပ် Justin Trudeau က ကနေဒါနိုင်ငံအနေဖြင့် ၂ဝ၂၃ ခုနှစ်ဇွန်လ အတွင်းက ဗြိတိန်နိုင်ငံ၊ ကိုလံဘီယာမြို့တွင် Sikh ခွဲထွက်ရေးခေါင်းဆောင်တစ်ဦးကို လုပ်ကြံ သတ်ဖြတ်ရာတွင် အိန္ဒိယနိုင်ငံအစိုးရကိုယ်စားလှယ်များပါဝင်နေသည်ဟု စွပ်စွဲပြောဆိုလိုကြောင်း ပြောကြားခဲ့ပြီးနောက် ကနေဒါနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ပဲနီလေးရောင်းချမှုမှာ နှောင့်နှေးလျက်ရှိ သည်။ ကနေဒါနိုင်ငံသည် အိန္ဒိယနိုင်ငံမှ ပဲနီလေးအဓိကတင်သွင်းနေသည့် နိုင်ငံဖြစ်ပြီး အိန္ဒိယ နိုင်ငံသို့ရောင်းချမှုများကို လျှော့ချလိုက်ခြင်းသည် ရိတ်သိမ်းရာသီအတွင်း ကနေဒါနိုင်ငံမှ လယ် သမားများရရှိသည့် ပဲနီလေးဈေးနှုန်းများကို နိမ့်ကျန
အင်ဒိုနီးရှားနိုင်ငံတွင် အယ်လ်နီညိုဖြစ်စဉ်၏ဆိုးကျိုးသက်ရောက်နိုင်မှုမှ ကြိုတင်ကာကွယ်သည့် အနေဖြင့် ၂၀၂၃ ခုနှစ် စက်တင်ဘာလမှ နိုဝင်ဘာလအထိ လစဉ် ဆန်တန်ချိန် ၂၁၀၀၀၀ အား ဖြန့်ဝေမည့် ကူညီထောက်ပံ့ရေးအစီအစဉ်ကို ချမှတ် ဆောင်ရွက်လျက်ရှိပါသည်။ အင်ဒိုနီးရှား နိုင်ငံရှိ ပြည်နယ် ၇ ခုတွင်သာ အယ်လ်နီညို၏ ပူပြင်းခြောက်သွေ့မှုဒဏ်ကို ရင်ဆိုင်ရဖွယ်ရှိသော် လည်း အဆိုပါ ထောက်ပံ့ရေးအစီအစဉ်ကို နိုင်ငံတစ်ဝန်းလုံးသို့ ဖြန့်ကျက်ဆောင်ရွက်ခြင်းဖြစ် သည်။
လာအိုနိုင်ငံ၌ အယ်လ်နီညိုဖြစ်စဉ်ကြောင့် မိုးခေါင်ခြောက်သွေ့မှုဖြစ်ပေါ်ခြင်းမှ လယ်ယာ စိုက်ပျိုးထုတ်လုပ်မှုနှင့် စားနပ်ရိက္ခာဖူလုံမှုအပေါ် သက်ရောက်ထိခိုက်နိုင်မှုများအား ကိုင်တွယ် ဖြေရှင်းနိုင်ရန်အတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO) နှင့် ပူးပေါင်းဆောင်ရွက်မှုများကို လုပ် ဆောင်လျက်ရှိပါသည်။ လာအိုနိုင်ငံ အလုပ်သမားနှင့်လူမှုဖူလုံရေး ဝန်ကြီးဌာန၊ သဘာဝအရင်း အမြစ်နှင့် ပတ်ဝန်းကျင်ရေးရာ ဝန်ကြီးဌာန၊ စိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးဌာနတို့မှ တာဝန်ရှိ သူများနှင့် FAO အဖွဲ့မှ ကိုယ်စားလှယ်များသည် ၁၅-၉-၂၀၂၃ နေ့တွင် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ် က
အိန္ဒိယနိုင်ငံ၌ ဆောင်းသီးနှံရာသီ စိုက်ပျိုးမှုများသည် အောက်တိုဘာလမှ စတင်မည်ဖြစ်ရာ အယ်လ်နီညိုဖြစ်စဉ်ကြောင့် ထိခိုက်ပျက်စီးမှုမရှိစေရေးအတွက် ဂျုံစိုက်ပျိုးမှုဧရိယာ စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းခန့်တွင် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသောမျိုးများကို အသုံးပြုရန် အစိုးရက စီစဉ်လျက် ရှိကြောင်း သိရှိရသည်။
အိန္ဒိယနိုင်ငံ၌ စားသုံးသူများ၏ လွယ်လင့်တကူ ဝယ်ယူရရှိနိုင်မှုကို ပိုမိုကောင်းမွန်စေရန် နှင့် သိုလှောင်ဈေးကစားမှုများကို တားဆီးနိုင်ရန်အတွက် လုပ်ငန်းအဆင့်အလိုက် ပဲစင်းငုံနှင့် မတ်ပဲ သိုလှောင်ထားရှိနိုင်မည့် ပမာဏကန့်သတ်ချက်များကို ၂-၆-၂၀၂၃ နေ့မှ စတင်၍ ၃၁-၁၀-၂၀၂၃ နေ့အထိ ချမှတ်ထားရှိခဲ့ရာ ယခုအခါ ၎င်းကန့်သတ်ချက်များကို ၃၁-၁၂-၂၀၂၃ နေ့အထိ သက်တမ်းတိုးမြှင့်လိုက်ကြောင်း အိန္ဒိယအစိုးရက ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။
အင်ဒိုနီးရှားနိုင်ငံတွင် အရန်ဆန်များ သိုလှောင်ထားရှိရန် စီစဉ်ဆောင်ရွက်နေမှုကြောင့် ၂ဝ၂၃ ခုနှစ် ပထမ ၈ လအတွင်း ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဆန်တင်သွင်းမှုမှာ အများအပြားမြင့်တက်လာခဲ့ကြောင်း အင်ဒိုနီးရှားစာရင်းအင်းဌာနက ဖော်ပြပါသည်။
ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နိုင်ငံသို့ ကြိတ်ခွဲပြီးဆန် ၂ဝ ရာခိုင်နှုန်း ပိုမိုတင်ပို့သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Hun Manet က ပြောကြားခဲ့ပါသည်။ အဆိုပါကြေညာချက်ကို ၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ဘာတီခရိုင်၊ တာခဲအိုပြည်နယ်အခြေစိုက် စက်ရုံ ၁၈ ရုံမှ အလုပ်သမား ၁၈၁ဝ၄ ဦးနှင့် အစည်းအဝေးကျင်းပ ပြုလုပ်စဉ် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး အစည်းအဝေးသို့ ဒုတိယဝန်ကြီးချုပ်များ၊ ဝန်ကြီးဌာနများမှ ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိများ တက်ရောက်ခဲ့ကြပါသည်။
တရုတ်နိုင်ငံ၌ ယူနန်ပြည်နယ် Mengzi ရှိ သရုပ်ပြအခြေစိုက်စခန်းတွင် ပညာရှင် Yuan Longping ၏ နည်းပညာဖြင့် တီထွင်မျိုးပွားထားသော စပ်မျိုးစပါးကို စိုက်ပျိုးထားရှိသည့် ဧရိယာ ၆.၇ ဟက်တာအား စက်တင်ဘာလအစောပိုင်း၌ ရိတ်သိမ်းခဲ့ရာ အထွက်နှုန်းသည် တစ်ဟက်တာလျှင် ၁၇.၈ မက်ထရစ်တန်အထိ စံချိန်တင်ထွက်ရှိခဲ့ကြောင်း Hunan Hybrid Rice Research Center က ဖော်ပြပါသည်။
ဖိလစ်ပိုင်နိုင်ငံ၌ ယခုနှစ် သြဂုတ်လအထိ အချက်အလက်များအရ ဇူလိုင်လမှ စက်တင်ဘာလအတွင်း စပါးစိုက်ပျိုးထုတ်လုပ်မှုမှာ မက်ထရစ်တန်ချိန် ၃.၈၈ သန်း ထွက်ရှိရန် ခန့်မှန်းထားပြီး ၂၀၂၂ ခုနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၀.၃ ရာခိုင်နှုန်း ကျဆင်းမည်ဟု ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့ (PSA) က ပြောကြားခဲ့ပါသည်။