Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
10 Oct 2023

ဖိလစ်ပိုင်နိုင်ငံ၏ စိုက်ပျိုးရေးအရာရှိချုပ်အဖြစ် တာဝန်ယူဆောင်ရွက်နေသည့် သမ္မတ ဖာဒီနန်မားကို့စ်သည် ဆန်ရည်ညွှန်းဈေးနှုန်း အမြင့်ဆုံးပမာဏသတ်မှတ်ချက်ကို ရုတ်သိမ်းလိုက် ကြောင်း Taguig မြို့တွင် ၄-၁၀-၂၀၂၃ ရက်၊ ဗုဒ္ဓဟူးနေ့၌ ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့ပါသည်။ စက်တင်ဘာလ ၅ ရက်နေ့တွင် ၎င်းကိုယ်တိုင် လက် မှတ်ရေးထိုးခဲ့သော ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၃၉) ကို ထုတ်ပြန်ပြီး တစ်လ ခန့်အကြာတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

10 Oct 2023

ဆီအုန်းစိုက်ခင်းများ ရိတ်သိမ်းခြင်းအတွက် အစေ့အဆန်များရင့်မှည့်လာခြင်းနှင့် လုပ်သား အင်အားလုံလောက်ခြင်းတို့ကြောင့် အယ်နီညိုရာသီဥတု၏သက်ရောက်မှုဒဏ်များကို လျော့ပါးစေ မည်ဖြစ်သဖြင့် မလေးရှားစားအုန်းဆီထုတ်လုပ်မှုသည် လာမည့် ၂၀၂၄ ခုနှစ်တွင် ထုတ်လုပ်မှု တိုးတက်လာနိုင်ဖွယ်ရှိကြောင်း မလေးရှားစားအုန်းဆီဘုတ်အဖွဲ့ (MPOB) က စက်တင်ဘာလ ၂၈ ရက်၊ ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

10 Oct 2023

အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်များကြောင့် အင်ဒိုနီးရှားနိုင်ငံတွင် ဆီအုန်းအထွက်နှုန်း လျော့နည်းနိုင်ကြောင်း ခန့်မှန်းချက်အရ ၂၀၂၄ ခုနှစ်တွင် စားအုန်းဆီကြမ်း (CPO) ၏ စျေးနှုန်းများ သည် ပျမ်းမျှအားဖြင့် ယခုနှစ်ထက် အနည်းဆုံး ၁၁ ရာခိုင်နှုန်း ပိုများနိုင်ချေရှိကြောင်း အင်ဒိုနီးရှား စားအုန်းဆီအသင်း (GAPKI) က စက်တင်ဘာလ ၂၈ ရက်နေ့၊ ကြာသပတေးနေ့တွင် ပြောကြား ခဲ့သည်။

10 Oct 2023

ထိုင်းအစိုးရသည် အယ်လ်နီညိုရာသီဖြစ်စဉ်၏ သက်ရောက်မှုများကို ဖြေရှင်းနိုင်ရန် နေ့စဉ် စောင့်ကြည့်ရေးစင်တာတစ်ခုကို တည်ထောင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း Bangkok Post တွင် ဖော်ပြထားပါသည်။

10 Oct 2023

အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာနသည် ပြည်ပသို့ ကြက်သွန်နီ တင်ပို့မှုနှင့်စပ်လျဉ်း၍ ပို့ကုန်လုပ်ငန်းရှင်အနေဖြင့် ဘန်ဂလိုဒေသမှထွက်ရှိသော ကြက်သွန်နီအား တင်ပို့ခြင်းဖြစ်ပါက အဆိုပါ ဒေသထွက် ကြက်သွန်နီအမျိုးအစားနှင့် အရည်အသွေးတို့ကို စစ်ဆေးအတည်ပြုသည့် ပြည်နယ်ဥယျာဉ်ခြံမြေကော်မရှင်နာ၏ အသိအမှတ်ပြုလက်မှတ်ကို ပြသနိုင်လျှင် ပို့ကုန်အခွန် ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ကြောင်း ၂၉-၉-၂၀၂၃ ရက်နေ့တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ပါသည်။

10 Oct 2023

အိန္ဒိယနိုင်ငံတွင် ပြည်တွင်းပြောင်းဈေးနှုန်းများ မြင့်တက်လာမှုက ကမ္ဘာ့ပြောင်းဈေးကွက်အတွင်း ငွေကြေးတန်ဖိုးကျဆင်းမှုကို အသာစီးရယူနေသည့် ပါကစ္စတန်နိုင်ငံနှင့် ဈေးကွက်ယှဉ်ပြိုင်မှုအပေါ် အကျိုးသက်ရောက်ခဲ့သဖြင့် ပြောင်းပို့ကုန်များ တင်ပို့မှုရပ်တန့်ခဲ့ပါသည်။ နယူးဒေလီအခြေစိုက် ပြည်ပပို့ကုန်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ Rajesh Paharia Jain က ပါကစ္စတန်နိုင်ငံသည် ဈေးကွက်အတွင်း ပြောင်းဈေးကို အနည်းဆုံးတစ်တန်လျှင် အမေရိကန် ဒေါ်လာ ၃ဝ ထက် ပိုမို နိမ့်ကျသောဈေးနှုန်းဖြင့် ကမ်းလှမ်းရောင်းချလျက်ရှိပြီး အာရှဈေးကွက်ကို လွှမ်းမိုးထားကြောင်း နှင့် အိန္ဒိယနိုင်ငံ၏ပြောင်းဈေးနှုန်းများမှာမူ ကမ္ဘာ့ဈေးကွက

10 Oct 2023

အင်ဒိုနီးရှားနိုင်ငံတွင် ပြည်နယ် ၁၀ ခုရှိ ခရိုင်ပေါင်း ၁၀၀ ၌ အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်၏ သက်ရောက်မှုကို ရင်ဆိုင်ဖြေရှင်းနိုင်ရန်အတွက် စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာ အထောက်အပံ့များပေးအပ်မှု အစီအစဉ်များကို စိုက်ပျိုးရေးဝန်ကြီးဌာနက စီမံဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

10 Oct 2023

အိန္ဒိယနိုင်ငံတွင် ပဲမျိုးစုံအား လွယ်လင့်တကူဝယ်ယူရရှိစေရေး အစိုးရ၏ စီမံဆောင်ရွက်မှု များသည် ဈေးနှုန်းမြင့်တက်မှုကို ထိန်းသိမ်းနိုင်မည်ဖြစ်သော်လည်း ရောင်းလိုအားနည်းပါးမှုမှာ နိုဝင်ဘာလ၌ကျရောက်မည့် ဒီပါဝလီပွဲတော် ကာလတိုင်အောင် ဆက်လက်ဖြစ်ပေါ်ဖွယ်ရှိကြောင်း သိရှိရပါသည်။

10 Oct 2023

အိန္ဒိယနိုင်ငံ၌ ၂၀၂၃ ခုနှစ် မိုးသီးနှံရာသီကုန်ဆုံးချိန်တွင် စပါး၊ ကြံ၊ ပြောင်း၊ ရာဂီနှံစား ပြောင်း၊ ဘာဂျရာ နှံစားပြောင်းနှင့် ပဲပုတ်တို့အပါအဝင် သီးနှံအများအပြား၏ စိုက်ပျိုးဧရိယာများ တိုးတက်ခဲ့ကြောင်း ၂၉-၉-၂၀၂၃ နေ့၌ အိန္ဒိယအစိုးရက သတင်းထုတ်ပြန်ခဲ့ပါသည်။

29 Sep 2023

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအတွင်း လာအို-တရုတ်မီးရထားလမ်းပိုင်းတွင် ကုန်စည်တန်ချိန် ၃,၁ဝ၁,၄ဝဝ တန်သယ်ယူပို့ဆောင်နိုင်ခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၃၈% တိုးမြင့်ခဲ့ကာ တစ်နေ့လျှင် ပျမ်းမျှ ၁၁,၉၂၈ တန် သယ်ယူပို့ဆောင်နိုင်ခဲ့ကြောင်း၊ အမြင့်ဆုံးတစ်နေ့လျှင် ပျမ်းမျှ ၁၅,၂၅၀ တန်သယ်ယူပို့ဆောင်နိုင်ခဲ့ကြောင်း လာအို-တရုတ်မီးရထားကုမ္ပဏီမှ ဒုတိယညွှန်ကြားရေးမှူး Mr. Anongdet Phetkaisone က သတင်းထောက်များအား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

29 Sep 2023

ဗီယက်နမ်၊ အထွေထွေအကောက်ခွန်ဦးစီးဌာန၏ စာရင်းများအရ ဩဂုတ်လအတွင်း ဓာတ် မြေဩဇာတင်သွင်းမှုပမာဏမှာ လွန်ခဲ့သော ၂ နှစ်ကာလကျော်ကာလအတွင်း အမြင့်ဆုံးဖြစ်ခဲ့ကြောင်း၊ ဈေးနှုန်းများမှာလည်း ယခင်နှစ်ကတည်းက ကျဆင်းခဲ့ကြောင်း၊ ဩဂုတ်လတွင် ဗီယက်နမ်သည် အမေရိကန်ဒေါ်လာ ၁၅၉ သန်းတန်ဖိုးရှိသော ဓာတ်မြေဩဇာတန်ချိန် ၄၇၂,၂၈၃ ပမာဏကျော်ကျော် တင်သွင်းခဲ့သဖြင့် ဇူလိုင်လထက် တင်သွင်းမှုပမာဏမှာ ၅၄ ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် ၈၅ ရာခိုင်နှုန်းအထိ တိုးတက်တင်သွင်းခဲ့ကြောင်းနှင့် အဆိုပါတင်သွင်းမှုပမာဏမှာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လနောက်ပိုင်း အမြင့်မားဆုံးတင်သွင်းမှုဖြစ်ကြောင်းဖြင့် Vietnam News သတင်းတွင် ဖော်ပြထားပါသ

29 Sep 2023

ဖိလစ်ပိုင်နိုင်ငံသည် ၂ဝ၂၄ ခုနှစ် ဒုတိယသုံးလပတ်မှစတင်၍ အယ်လ်နီညိုရာသီဥတုကြောင့် ဆန်ရောင်းချမှုအပေါ် အကျိုးသက်ရောက်မှုဖြစ်နိုင်ကြောင်း ဖိလစ်ပိုင်နိုင်ငံ စိုက်ပျိုးရေးဌာနက ပြောကြားခဲ့ပါသည်။ အယ်လ်နီညိုရာသီဥတုသည် ခြောက်သွေ့ရာသီတွင် စတင်ဖြစ်ပေါ် လာနိုင်ပြီး ၂ဝ၂၄ ခုနှစ်မတ်လတွင်အဆုံးသတ်မည်ဖြစ်သဖြင့် ဖိလစ်ပိုင်နိုင်ငံတွင် လက်ရှိကာလ၌ စပါးစတင်စိုက်ပျိုးနေပြီဖြစ်ရာ အခြားစိုက်ဧရိယာဒေသများတွင် ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအတွင်း ရိတ်သိမ်းသွားရမည်ဖြစ်ပါသည်။ စိုက်ပျိုးရေးဌာနက ဖိလစ်ပိုင်နိုင်ငံတွင် ပုံမှန်လများတွင် မိုးရွာသွန်းမှုမှာ ပျမ်းမျှအောက်လျော့နည်းပါက ဆည်မြောင်းများတွင် ရေပေ

Pages