ပြည်ပကုန်သွယ်မှုသတင်းများ
ထိုင်းဆန်စျေးနှုန်းများမှာ ၁၀၀ မှတ် ဘီဂရိတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၉ကျဆင်းသွားပြီး ၂၅မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၆၆ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ပေါင်းဆန်စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၆၀၃ဖြင့် စျေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိကြောင်းသိရှိရသည်။
ဗီယက်နမ်ဆန်ဈေးနှုန်းများမှာ ၅မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၂၂၊ ၂၅ မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၇ဖြင့် စျေးနှုန်းမြင့်တက်လျက်ရှိပြီး ဆန်ကွဲစျေးနှုန်းကို ဖော်ပြထားခြင်းမရှိပါ။
ထိုင်းဆန်စျေးနှုန်းများမှာ ၁၀၀မှတ် ဘီဂရိတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၉ကျဆင်းသွားပြီး ၂၅မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၆၆ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ပေါင်းဆန်စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၆၀၃ဖြင့် စျေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိကြောင်းသိရှိရသည်။
ဗီယက်နမ်ဆန်ဈေးနှုန်းများမှာ ၅မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၂၂၊ ၂၅မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၇ဖြင့် စျေးနှုန်း မြင့်တက်လျက်ရှိပြီး ဆန်ကွဲစျေးနှုန်း ဖော်ပြထားခြင်းမရှိပါ။
တရုတ်နိုင်ငံမှ ဝယ်လိုအားမြင့်တက်ခြင်း၊ ပြည်ပသို့တင်ပို့မှုပမာဏ တိုးတက်လာခြင်းနှင့် ချီကာဂိုဈေးကွက်၌ ပဲပုတ်ဆီဈေးနှုန်းများ အားကောင်းခိုင်မာမှုရှိခြင်းတို့ကြောင့် မလေးရှားနိုင်ငံ ဘာဆာဆင့်ပွားစတော့ဈေးကွက် (Bursa Malaysia Derivatives Exchange) တွင် ဇန်နဝါရီလ အတွက် သင်္ဘောတင်ပို့မည့် စားအုန်းဆီကြမ်းများ၏ ဈေးနှုန်းသည် ၁၈-၁၀-၂၀၂၃ နေ့၌ မက်ထရစ် ၁ တန်လျှင် ရင်းဂစ်ငွေ ၃၈၁၀ နှုန်း (၈၀၃.၄၆ ဒေါ်လာ) သို့ ရောက်ရှိလျက် ယခင်နေ့ထက် ၀.၆၉% မြင့်တက်လာခဲ့သည်။
အာရှဒေသအတွင်း၌ ကြာမြင့်စွာ ပူပြင်းခြောက်သွေ့မှုများနှင့် မိုးခေါင်ရေရှားမှုတို့ကြောင့် ဖြစ်ပေါ်လာသည့် သမုဒ္ဒရာရေမျက်နှာပြင် ပူနွေးလာသည့် အယ်လ်နီညိုဖြစ်စဉ်သည် အနည်းဆုံး ၂၀၂၄ ခုနှစ် မေလအထိဖြင့် ဆက်လက်ဖြစ်ပွားနိုင်ကြောင်း အမေရိကန် မိုးလေဝသအေဂျင်စီအဖွဲ့ (NOAA) ၏ လက်အောက်ရှိ ရာသီဥတုခန့်မှန်းရေးဌာန (Climate Prediction Center - CPC) က ပြောကြားခဲ့ပါသည်။
အိန္ဒိယပြည်ပကုန်သွယ်မှုဦးစီးဌာန (DGFT) သည် ၂၀၂၂ ခုနှစ် အောက်တိုဘာလကတည်းက ရှိနေခဲ့ပြီးသော ကန့်သတ်ချက်များကို ဆက်လက်ထားရှိမည့် သကြားတင်ပို့မှု မူဝါဒများအား အောက်တိုဘာလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း၊ မူဝါဒအရ အစိုးရ၏ ကြိုတင်ခွင့်ပြုချက်ဖြင့် တင်ပို့ခွင့်ပြုမည်ဖြစ်သော်လည်း စားနပ်ရိက္ခာဝန်ကြီးဌာနအနေဖြင့် ယခုနှစ်တွင် သံတမန်လမ်းကြောင်းများမှတစ်ဆင့် ညှိနှိုင်းမှုအရ တင်ပို့မည့်ပမာဏမှလွဲ၍ အခြားတင်ပို့မှုများကို ခွင့်ပြုချက် ထုတ်ပေးမည်မဟုတ်ကြောင်းဖြင့် သိရပါသည်။
အိန္ဒိယနိုင်ငံ၌ ၁၅-၁၀-၂၀၂၃ နေ့တွင် သက်တမ်းကုန်ဆုံးမည့် ပေါင်းဆန်အပေါ် ပို့ကုန်ခွန် ၂ဝ ရာခိုင်နှုန်းကောက်ခံရန် ချမှတ်ထားရှိမှုကို ၂ဝ၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ ထပ်မံ သက်တမ်းတိုးမြှင့်လိုက်ကြောင်း အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာနက ၁၃-၁၀-၂၀၂၃ နေ့၌ အမိန့် ကြော်ငြာစာ ထုတ်ပြန်ခဲ့ပါသည်။
ကုန်သည်များ၏ပြောကြားချက်အရ ပို့ကုန်ခွန်ကောက်ခံမှု သက်တမ်းတိုးမြှင့်လိုက်ခြင်းမှာ ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလတွင် အိန္ဒိယနိုင်ငံရှိ အချို့ပြည်နယ်များ၌ ပြည်နယ်ရွေးကောက်ပွဲများ ပြုလုပ်သွားမည်ဖြစ်ရာ ရွေးကောက်ပွဲကျင်းပစဉ် ကာလအတွင်း ပြည်တွင်းဆန်ဈေးနှုန်းများကို စစ်ဆေးစောင့်ကြည့်သွားရန်အတွက်ဖြစ်ကြောင်း သိရှိရပါသည်။
အိန္ဒိယနိုင်ငံ၌ ဘာစမာတီဆန် တင်ပို့မှုအပေါ် အနိမ့်ဆုံးပို့ကုန်ဈေးနှုန်းကို တစ်တန်လျှင် ဒေါ်လာ ၁၂၀၀ ချမှတ်ထားရာမှ ဒေါ်လာ ၉ဝဝ သို့ လျှော့ချပေးရန် ပို့ကုန်လုပ်ငန်းရှင်များ၏ တောင်းဆိုမှုအား ပြည်ထဲရေးဝန်ကြီး Amit Shah ဦးဆောင်သော ဝန်ကြီးများပါဝင်သည့် ကော်မတီက ပယ်ချခဲ့သော်လည်း ဆက်လက်စဉ်းစားဆောင်ရွက်ရမည့် ကိစ္စရပ်အဖြစ် ထားရှိ ကြောင်း အိန္ဒိယစားနပ်ရိက္ခာဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။
ဂျပန်နိုင်ငံ၌ ရောင်းလိုအားနှင့် ဝယ်လိုအားတို့အပေါ် အခြေခံ၍ ဆန်ဈေးနှုန်းများကို ပိုမိုပွင့်လင်းစွာ သတ်မှတ်နိုင်ရန် ရည်ရွယ်လျက် အင်တာနက်စင်္ကြန်မှတစ်ဆင့် ဆန်လက်ငင်းရောင်းဝယ်မှု ဈေးကွက်တစ်ရပ်ကိုဖွင့်လှစ်ခဲ့ရာ နိုင်ငံ၏အဓိကစားနပ်ရိက္ခာဖြစ်သည့် ဆန်များ ဝယ်ယူရောင်းချခြင်းကို ပိုမိုချောမွေ့လာစေမည်ဖြစ်ကြောင်း သိရှိရသည်။
အယ်လ်နီညို၏ သက်ရောက်မှုကြောင့် ရာသီဥတုခြောက်သွေ့ကာ စပါးအထွက်နှုန်းအပေါ် ထိခိုက်စေခဲ့ရာ ၂၀၂၃ ခုနှစ်တွင် အင်ဒိုနီးရှား၏ ဆန်ထွက်ရှိမှုမှာ ၂ ရာခိုင်နှုန်း လျော့နည်းလျက် မက်ထရစ်တန်ချိန် ၃၀.၉၀ သန်းသို့ ကျဆင်းနိုင်ဖွယ်ရှိကြောင်း အင်ဒိုနီးရှား စာရင်းအင်းဗျူရိုမှ ခေတ္တအကြီးအကဲဖြစ်သူ Amalia Adininggar Widyasanti က ၁၆-၁၀-၂၀၂၃ ရက်နေ့တွင် ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ်တွင် ဆန်တန်ချိန် ၃၅ သန်း ထုတ်လုပ်ရန် ရည်မှန်းချက်ကို အကောင်အထည် ဖော်ရေး ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အင်ဒိုနီးရှားနိုင်ငံတစ်ဝန်းတွင် ဆန်စပါး စံချိန်တင်ထွက်ရှိအောင် စိုက်ပျိုးထုတ်လုပ်နိုင်သည့် ဒေသဆိုင်ရာ စိုက်ပျိုးရေးရုံးများကို အထူးဆုများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အစိုးရချင်း ညှိနှိုင်းဆောင်ရွက်မှုများအရ အိန္ဒိယအစိုးရသည် ဘာစမာတီမဟုတ်သောဆန် တန်ချိန် ၁၀.၃၄ သိန်းကို နိုင်ငံပေါင်း ၇ နိုင်ငံသို့ အမျိုးသားသမဝါယမပို့ကုန်လီမိတက်မှတစ်ဆင့် တင်ပို့ခွင့်ပြုလိုက်ကြောင်း အိန္ဒိယ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ၁၈-၁၀-၂၀၂၃ နေ့တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ပါသည်။
အိန္ဒိယနိုင်ငံတွင် အာဖရိကအရှေ့ပိုင်းဒေသရှိ မိုဇမ်ဘစ်နိုင်ငံထံမှ ပဲစင်းငုံများ တင်သွင်းမှုမှာ သိသာစွာ နှေးကွေးကျဆင်းလျက်ရှိရာ ပြည်တွင်း၌ ပဲစင်းငုံဈေးနှုန်းများ ကျဆင်းစေရေးမှာ နှောင့်နှေးမှု ဖြစ်ပေါ်လျက်ရှိကြောင်း၊ မိုဇမ်ဘစ်ပို့ကုန်လုပ်ငန်းရှင်များသည် ၎င်းတို့၏ ဆိပ်ကမ်းသို့ ရောက် ရှိနေပြီးဖြစ်သော ပဲစင်းငုံတန်ချိန် ၁.၅ သိန်းကျော်ကို တင်ပို့ခြင်းမပြုပဲ ထိန်းသိမ်းထားရှိ လျက် ငွေကြေးပိုမိုရရှိအောင် လုပ်ဆောင်နေကြသည်ဟု အိန္ဒိယသွင်းကုန်လုပ်ငန်းရှင်များက စွပ်စွဲ ပြောဆိုလျက်ရှိကြောင်း Economic Times သတင်းဌာနက အောက်တိုဘာလ ၁၈ ရက်နေ့တွင် ဖော်ပြထားပါသည်။