ပြည်ပကုန်သွယ်မှုသတင်းများ
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုမှာ ရေလွှမ်းမိုးမှုများကြောင့် ထိခိုက် ပျက်စီးမှုဖြစ်ပေါ်လျက်ရှိရာ ရိတ်သိမ်းရရှိနိုင်မည့် ဧရိယာပမာဏသည် ဟက်တာပေါင်း ၁၁.၅ သန်း အောက်သို့ လျော့ကျဖွယ်ရှိပြီး ၂၀၂၄-၂၅ ဈေးကွက်ရာသီနှစ်တွင် ကြိတ်ခွဲပြီး ဆန်တန်ချိန် ၃၆.၈ သန်းခန့်သာ ထွက်ရှိနိုင်မည်ဟု အမေရိကန်ပြည်ထောင်စု၊ စိုက်ပျိုးရေးဦးစီးဌာန လက်အောက်ရှိ ပြည်ပစိုက်ပျိုးရေးဝန်ဆောင်မှုဌာန (Foreign Agricultural Service ̶ FAS) က အစီရင်ခံဖေါ်ပြ ခဲ့သည်။
ကြံစိုက်ပျိုးသူများအတွက် တည်ငြိမ်သော အကျိုးအမြတ်ရရှိစေရန် ပြည်တွင်းရောင်းလိုအား ဟန်ချက်ညီရန် အစိုးရ၏ စီမံချက်တစ်စိတ်တစ်ပိုင်းအနေဖြင့် ဖိလစ်ပိုင်သည် အမေရိကန်သို့ သကြားအကြမ်းထည် ၂၅၃၀၀ မက်ထရစ်တန်ကို ၃-၉-၂၀၂၄ ရက်နေ့က တင်ပို့ခဲ့ပြီး အမေရိကန် ဈေးကွက်သို့ တရားဝင်ပြန်လည်ဝင်ရောက်ခဲ့ကြောင်း သိရပါသည်။ အမေရိကန်၏ အကောက်ခွန်နှုန်း၊ ခွဲတမ်း(TRQ)စနစ်အောက်တွင် သကြားတင်သွင်းရန်အတွက် စက်တင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထား၍ အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်သို့ အရောက် တင်ပို့ရမည်ဟု သိရပါသည်။ ဖိလစ်ပိုင်သည် တင်သွင်းသည့်ကုန်ပစ္စည်းများအား အတော်အသင့်နည်းပါးသည့် အကောက်ခွန်နှုန်းထားဖြင့် ဝင်ရော

ကြံထွက်ရှိမှုနည်းပါးမည်ဟု မျှော်မှန်းရသောကြောင့် အိန္ဒိယအစိုးရသည် သကြားတင်ပို့ခွင့်ကို (၂)နှစ်ဆက်တိုက်ပိတ်ပင်ရန် စီစဉ်ထားကြောင်း သိရပါသည်။ ဘိုင်အိုလောင်စာအတွက် ထောက်ပံ့မှုပေးနိုင်ရေးအရှိန်မြှင့်တင်ရန် အားထုတ်မှု တစ်စိတ်တစ်ပိုင်းအနေဖြင့် ရေနံကုမ္ပဏီများက သကြားစက်များထံမှ အီသနောဝယ်ယူမှုများရှိနေကြောင်း သိရပါသည်။ ကမ္ဘာ့သကြား ဈေးကွက်တွင် အိန္ဒိယပါဝင်မှုသည် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့နိုင်စွမ်းကို ကျုံ့သွားစေပြီး အမေရိကန်နှင့် အင်္ဂလန်တို့တွင် သကြားဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ကမ္ဘာ့ အကြီးမားဆုံး သကြားထုတ်လုပ်သူ ဘရာဇီးသည် မိုးခေါင်မှုကြောင့် အထွက်နှုန်းကျဆင်း
ပင်မှည့်သီးသည် သရက်သီး၊ သမင်မျက်လုံးသီး(Longan)၊ လိုင်ချီးသီးနှင့် နဂါးမောက်သီးတို့၏နောက်တွင် ဩစတြေးလျသို့ တရားဝင်တင်ပို့ခဲ့သည့် (၅)ခုမြောက်အမျိုးအစားဖြစ်လာကြောင်း သိရပါသည်။ စက်တင်ဘာလ ၉ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ အပင်ကာကွယ်ရေးဦးစီးဌာနနှင့် ဗီယက်နမ်နိုင်ငံရှိ ဩစတြေးလျသံရုံးနှင့်ပူးပေါင်း၍ ဗီယက်နမ်ပင်မှည့်သီးများ ဩစတြေးလျသို့တင်ပို့မှုနှင့် ဩစတြေးလျမက်မန်းသီးများအား ဗီယက်နမ်က တင်သွင်းမှုတို့ကို ကြေညာရန် အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရပါသည်။ အပင်ကာကွယ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးဖြစ်သူ Huynh Tan Dat က ဗီယက်နမ်တွင် အပူပိုင်းဒေသထွက် သစ်သီးများတွင် ကြီးမားသည့်အလားအလာနှင့်

ဩဂုတ်လတွင် အမေရိကန် အခြေစိုက် Tesla သည် တရုတ်နိုင်ငံတွင် လစဉ်ရောင်းအား စံချိန်သစ်တင်ခဲ့ပြီး ၎င်း၏ Shanghai Gigafactory မှ တင်ပို့မှုမှာ နှစ်လဆက်တိုက်မြင့်တက်ခဲ့သည်။ ကျွမ်းကျင်သူများက ဤတိုးတက်မှုသည် ကြီးမားကျယ်ပြန့်သော တရုတ်ဈေးကွက်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက် လုပ်ငန်းချဲ့ထွင်မှုအလားအလာကို ခိုင်မာသော ညွှန်ပြချက်အဖြစ် ရှုမြင်ထားကြသည်။

ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန (MFAIC) ၏ ဒုတိယဝန်ကြီးနှင့် ကမ္ဘောဒီးယား၏ အာဆီယံအဆင့်မြင့်အရာရှိကြီးများ ခေါင်းဆောင် Kung Phoak သည် ၎င်း၏ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်အတွင်း နိုင်ငံတော်ကောင်စီ၏ ဟောင်ကောင်နှင့်မကာအိုရေးရာ ဒုတိယခေါင်းဆောင်ဖြစ်သူ Nong Rong နှင့် ၉-၉-၂၀၂၄ ရက်နေ့တွင် တွေ့ဆုံခဲ့ကြောင်းသိရပါသည်။ MFAIC ၏အဆိုအရ အစည်းအဝေးအတွင်း Phoak နှင့် Nong တို့သည် ကမ္ဘောဒီးယား-တရုတ်နှင့် အာဆီယံ-တရုတ်အကြား နှစ်ဦးနှစ်ဖက်အကျိုးရှိသော ဆက်ဆံရေးအပေါ် ဆွေးနွေးခဲ့ကြောင်းသိရပါသည်။ ၎င်းတို့နှစ်ဦးသည် ဒစ်ဂျစ်တယ်စီးပွားရေး၊၊

ကမ္ဘောဒီးယားနိုင်ငံဆန်စပါးအသင်းချုပ် (CRF) သည် ၁၀-၉-၂၀၂၄ ရက်နေ့တွင် (၇)ကြိမ်မြောက် ကမ္ဘောဒီးယားနိုင်ငံဆန်စပါးဖိုရမ်ကို ဖနွမ်းပင်မြို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါ သည်။ ဖိုရမ်ကို နိုင်ငံ၏ပေါ်ထွန်းလာသည့်ဆန်စပါးကဏ္ဍနှင့် ကမ္ဘာ့ဈေးကွက်တိုးချဲ့ရန်အတွက် အလားအလာကို အသားပေးဆွေးနွေးရန် ကျင်းပခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ ဖိုရမ်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Cham Nimul၊ စက်မှု၊ နည်းပညာ၊ သိပ္ပံနှင့်ဆန်းသစ်တီထွင်မှုဝန်ကြီး Hem Vanndy ၊ စိုက်ပျိုးမွေးမြူရေး၊ သစ်တောနှင့်ငါးလုပ်ငန်းဝန်ကြီး Dith Tina၊ CRF ဥက္ကဋ္ဌ Chan Sokheang နှင့် စိုက်ပျိုးရေးအသင်းအဖွဲ့များ၊ အ

ဗီယက်နမ်နိုင်ငံ Binh Dinh ပြည်နယ်တွင် အမေရိကန်ဒေါ်လာ ၈၀.၇၄သန်း (ဗီယက်နမ်ဒေါင် ၂ထရီလီယံ)တန်ဖိုးရှိသော အေးခဲပြီး အခြောက်ထားသော အသင့်သုံးကော်ဖီစေ့ထုတ်လုပ် သည့်စက်ရုံတည်ဆောက်မည်ဟု ပြည်နယ်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစင်တာက ကြေညာခဲ့ပါသည်။ Future Enterprises PTE Ltd က တည်ဆောက်မည့်စက်ရုံသည် နှစ်စဉ်ထုတ်ကုန်တန်ချိန် ၅၄၀၀ထုတ်လုပ်နိုင်စွမ်းရှိမည်ဟုသိရပါသည်။ စက်ရုံတည်ဆောက်မှုကို ၂၀၂၅ခုနှစ်၊ မတ်လတွင်စတင်ပြီး ၂၀၂၈ခုနှစ်အစောပိုင်းတွင် ပြီးမြောက်မည်ဟုမျှော်မှန်းရကြောင်းသိရပါသည်။ ယခုနှစ်၏အစမှစ၍ ပြည်နယ်သည် အခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်း (၃၉)ခုကိုဆွဲဆောင်နိုင်ခဲ့ပြီး စုစုပေါ

ယခုနှစ်၏ ပထမ(၈)လတွင် ဗီယက်နမ်နိုင်ငံ၏ ထိပ်တန်းသစ်ပရိဘောဂထုတ်လုပ်ရာ အချက်အခြာဖြစ်သည့် Binh Duong ပြည်နယ်သည် သစ်ထုတ်ကုန်တင်ပို့မှုမှတစ်ဆင့် အမေရိကန် ဒေါ်လာ ၄.၂ဘီလီယံကျော်ရရှိခဲ့ကြောင်းသိရပါသည်။ Binh Duong ပရိဘောဂအသင်းဥက္ကဋ္ဌဖြစ်သူ Nguyen Liem က တင်ပို့သည့်တန်ဖိုး သိသာစွာမြင့်တက်လာမှုနှင့်အတူ သစ်ကဏ္ဍသည် အားကောင်းစွာနာလန်ထူလာကြောင်းပြောကြားခဲ့ပါသည်။ အမေရိကန်သည် အကြီးမားဆုံးဈေးကွက်ဖြစ်ပြီး ကနဦးခန့်မှန်းခြေထက် ၂၀ရာခိုင်နှုန်းကျော်ကြီးထွားခဲ့ကြောင်းသိရပါသည်။ ဩဂုတ်လ(၁)လတည်း ပြည်နယ်၏သစ်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၆၂၈သန်းတန်ဖိုးရှိပြီး ဇူလိုင်လတင်ပို့မှုထက် ၂၅ရာခိုင်နှုန်

ယခုနှစ်၏ ပထမ(၈)လတွင် ဗီယက်နမ်နိုင်ငံ၏ စက်မှုကုန်ထုတ်လုပ်မှုအညွှန်းကိန်း (IIP) သည် လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၈.၈ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း အထွေထွေ စာရင်းအင်းရုံး(GSO)၏ အစီရင်ခံစာအရသိရပါသည်။ ပြုပြင်ခြင်းနှင့်ကုန်ထုတ်လုပ်ခြင်းနယ်ပယ်သည် ၉.၇ရာခိုင်နှုန်း၊ လျှပ်စစ်ထုတ်လုပ်မှုနှင့်ဖြန့်ချိမှုသည် ၁၁.၆ရာခိုင်နှုန်း၊ ရေထုတ်ဝေမှု/ရေဆိုးစီမံခန့်ခွဲမှုနှင့် ရေသန့်စင်မှုသည် ၇.၈ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ပြီး သတ္ထုထုတ်ဖော်မှုကဏ္ဍမှာ ၆ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်းသိရပါသည်။ ဩဂုတ်လတစ်လတည်းတွင် IIP သည် ယခင်လထက် ၂ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထ

ဆေးဝါး၊ အစားအစာနှင့် စက်မှုကဏ္ဍများတွင် ဝယ်လိုအားတိုးလာခြင်းကြောင့် လွန်ခဲ့သောသုံးနှစ်အတွင်း Gelatine (Gelatine သည် ဘေးကင်းသောထုတ်ကုန်တစ်မျိုးဖြစ်သည့် ကော်လဂျင်စိမ်းမှရရှိသော သဘာဝပရိုတင်းတစ်မျိုးဖြစ်ပြီး အမိုင်နိုအက်ဆစ်ဆယ်ရှစ်မျိုးပါဝင်ကာ တချို့မှာ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များတွင် မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းတစ်ခုဖြစ်သည်) တင်သွင်းမှုမြင့်တက်လာခဲ့ကြောင်း မလေးရှားနိုင်ငံ၏ တိရိစ္ဆာန်ဆေးကုဌာန၏ အဆိုအရသိရသည်။ သွင်းကုန် ၂၉၅၀၀၀ကီလိုဂရမ်မှ ၂၀၂၃ခုနှစ်တွင် ၁.၅၈သန်း ကီလိုဂရမ်အထိ ၄၁.၇% တိုးလာကြောင်း ညွှန်ကြားရေးမှူးချုပ် Akma Ngah Hamid က ပြောကြားခဲ့သည်။

နှစ်တစ်နှစ်၏ နောက်ဆုံးလများသည် စားသုံးသူများက နှစ်သစ်အတွက် ၎င်းတို့နေအိမ်များကို ပြုပြင်ခြင်းများလုပ်ဆောင်လေ့ရှိသောကြောင့်် ဗီယက်နမ်သစ်လုပ်ငန်းအတွက် တင်ပို့ရန် မှာယူမှုများ အရှိန်မြှင့်ရောက်ရှိလာနိုင်ကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံ၊ သစ်တောဦးစီးဌာန ၏ ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ Trieu Van Lue ၏ အဆိုအရ စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးသည် ယခုနှစ်တွင် သစ်နှင့်သစ်ထုတ်ကုန်များ တင်ပို့ မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၁၄.၂ ဘီလီယံဖြင့် လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၆ ရာခိုင်နှုန်း မြင့်တက်ရန် ရည်ရွယ်ထားကြောင်း သိရပြီး ယခုအခါ ရည်မှန်းချက်၏ ၆၇ ရာခိုင
