Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
12 Dec 2023

       အိန္ဒိယနိုင်ငံ၊ ကာနာတကာပြည်နယ်၌ ဒီဇင်ဘာလဆန်းပိုင်းတွင် ၃ ရက်ကြာမျှ ဖြစ်ပေါ်နေ သည့် လိုလားဖွယ်ရာမရှိသော ရာသီဥတု အခြေအနေနှင့်အတူ ဆိုင်ကလုန်းမုန်တိုင်း “မိချောင်း” ၏ သက်ရောက်မှုကြောင့် ပဲစင်းငုံစိုက်ခင်းများထိခိုက်နိုင်မှုအပေါ် တောင်သူများက စိုးရိမ်မကင်း ဖြစ်ပေါ်လျက်ရှိကြောင်း Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။

08 Dec 2023

     မလေးရှားစားအုန်းဆီကုန်သည်များက လကုန်သည်အထိထွက်ရှိမည့် တစ်လစာခန့်မှန်းအထွက်နှုန်းများကို စောင့်ကြည့်ဆဲဖြစ်ပြီး  အနာဂတ်မလေးရှားစားအုန်းဆီဈေးနှုန်းအနေဖြင့် ရင်းဂစ်တန်ဖိုးကျဆင်းခြင်းနှင့်  စားအုန်းဆီပိုမိုထုတ်လုပ်သူအင်ဒိုနီးရှားထံမှ ပိုမိုကောင်းမွန်သောကမ်းလှမ်းမှုများရှိလာခြင်းတို့ကြောင့် (၂၉-၁၁-၂၀၂၃) ရက်နေ့ (ဗုဒ္ဓဟူးနေ့) တွင် ဈေးနှုန်းကျဆင်းခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

08 Dec 2023

    အိန္ဒိယနိုင်ငံသို့ မလေးရှားနိုင်ငံ၏ စားအုန်းဆီကြမ်း (CPO) တင်ပို့မှုသည် နိုင်ငံ၏ စားအုန်းဆီကြမ်း၀ယ်လိုအားတန်ချိန် ၆သန်းအထိတိုးလာခြင်းကြောင့် အပြုသဘောဆောင်သော ဖွံ့ဖြိုး တိုးတက်မှုကို ဆက်လက်ဖြစ်ပေါ်စေသည်ဟု မလေးရှားဒုတိယဝန်ကြီးချုပ် Mr. Datuk Seri Fadillah Yusof က ပြောကြားခဲ့ကြောင်း The Star သတင်းဌာနက ဖော်ပြပါသည်။

08 Dec 2023

    ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၃ခုနှစ်၏ ပထမ ၁၀လတာကာလအတွင်း၌ သီဟိုဠ်စေ့အဆန်များကို ပြည်ပဈေးကွက်များသို့ တန်ချိန် ၆၁၀၀၀၀ကျော်တင်ပို့နိုင်ခဲ့ပြီး အမေရိကန်‌ဒေါ်လာ ၈၃၁သန်းရရှိခဲ့ကြောင်း နိုဝင်ဘာလ ၂၉ရက်နေ့၌ထုတ်ပြန်ခဲ့သော ကမ္ဘောဒီးယားသီဟိုဠ်စေ့လုပ်ငန်းရှင်များအသင်း (Cambodian Cashew Association - CCA) ၏ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

08 Dec 2023

     ဥရောပနှင့် အနောက်အာရှ၏ အဓိကဈေးကွက်ကြီးများတွင် ကော်ဖီဝယ်ယူသူများသည် လက်ရှိရိတ်သိမ်းပြီးဖြစ်သည့် အာရေးဗီးကားကော်ဖီသီးနှံအသစ်များကို အမှာဝယ်ယူမှုများ စတင်ပြုလုပ်နေပြီဖြစ်ခြင်းကြောင့် အိန္ဒိယနိုင်ငံကော်ဖီတင်ပို့သူများအနေဖြင့် ဝယ်လိုအားမြင့်တက်လာခြင်းကို စတင်တွေ့မြင်လာကြကြောင်း The Hindu Business Line သတင်းစာတွင် ဖော်ပြထားပါသည်။

08 Dec 2023

      မလေးရှားနိုင်ငံအရှေ့ပိုင်းဒေသရှိ ဆာဘား (Sabah) ပြည်နယ်အနေဖြင့် စားနပ်ရိက္ခာဖူလုံမှုရှိစေရန်အတွက် အထွက်နှုန်းမြင့်မားသော စပါးများစိုက်ပျိုးမှုကို တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်နယ်ဒုတိယဝန်ကြီးချုပ်နှင့်  ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် စားနပ်ရိက္ခာဝန်ကြီးဖြစ်သူ Datuk Seri Dr Jeffrey Kitingan က ပြောကြားခဲ့ပါသည်။

08 Dec 2023

     ၂ဝ၂၃ခုနှစ်၊ နိုဝင်ဘာလ ၂၇ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ လယ်ယာစိုက်ပျိုးရေးကော်မတီအစည်းအဝေးတွင် ဆွေးနွေးခဲ့မှုများအရ အိန္ဒိယနိုင်ငံအနေဖြင့် စားနပ်ရိက္ခာအခမဲ့ပေးအပ်သည့်အစီအစဉ်ဖြစ်သည့် PM Garib Kalyan Ann Yojna (PMGKAY) ကို (၅) နှစ်သက်တမ်းတိုးမြှင့်ခဲ့မှုနှင့် ဘာစမာတီမဟုတ်သောဆန်တင်ပို့မှုကို ပိတ်ပင်ရသည့် နောက်ခံအကြောင်းအရင်းများနှင့်စပ်လျဉ်း၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရှိ ကမ္ဘာ့နိုင်ငံများ၏ခေါင်းဆောင်များသို့ ဆွေးနွေးတင်ပြသွားရမည်ဖြစ်ကြောင်း The Hindu Business Line ၏အစီရင်ခံစာတစ်ခုတွင် ရေးသားဖော်ပြထားပါသည်။

08 Dec 2023

အိန္ဒိယနိုင်ငံတွင် ပဲမျိုးစုံနှင့် စားသုံးဆီတို့၏ ဝယ်လိုအားနှင့် ရောင်းလိုအားတို့ ကွာဟချက်

ကြီးမားနေမှုအရ ၎င်းကုန်စည်များအား ပြည်ပမှ ပမာဏများပြားစွာတင်သွင်းမှုကို (၂၀၃၀-၃၁) ခုနှစ်အထိ ဆောင်ရွက်ရဖွယ်ရှိကြောင်း နယူးဒေလီမြို့အခြေစိုက် နိုင်ငံတကာစီးပွားဆက်ဆံရေး သုတေသနဆိုင်ရာ အိန္ဒိယကောင်စီ (Indian Council for Research on International Economic Relations - ICRIER) ရှိ NABARD လယ်ယာစီးပွားသုတေသနဗဟိုဌာနက သုတေသနစာစောင်တစ်ရပ်တွင် ဖော်ပြခဲ့ပါသည်။

08 Dec 2023

အိန္ဒိယနိုင်ငံ၌ ပဲမျိုးစုံ အဓိကစိုက်ပျိုးသည့် ဒေသများတွင် အနောက်တောင်မုတ်သုံရာသီ ကာလအတွင်း မိုးရွာသွန်းမှုလျော့ကျလျက် ရာသီဥတုပုံသဏ္ဌာန် မမှန်ခြင်းကြောင့် စိုက်ပျိုးထုတ် လုပ်မှုအပေါ် ထိခိုက်မှုဖြစ်ပေါ်ခြင်းက ၂၀၂၃-၂၄ ဘဏ္ဍာနှစ်၏ ပထမနှစ်ဝက်ကာလ၌ ပြည်ပမှ ပဲမျိုးစုံတင်သွင်းမှုကို နှစ်ဆကျော် မြင့်တက်စေခဲ့ကြောင်း သိရှိရသည်။

08 Dec 2023

     အိန္ဒိယပြည်တွင်း၌ ပဲစင်းငုံစိုက်ဧကများ လျော့နည်းမှုနှင့်အတူ ပဲအထွက်ပမာဏ ကျဆင်းနိုင်ခြေရှိသည့်အပေါ် ၁ နှစ်တာကာလအတွင်း ဈေးနှုန်းများထိန်းချုပ်နိုင်ရန်အတွက် အစိုးရအနေဖြင့် အရန်ပဲစင်းငုံများအား မက်ထရစ်တန်အနည်းငယ်မျှသာဝယ်ယူလျက်ရှိရာမှ တန်ချိန် ၈သိန်းမှ ၁၀သိန်းအထိ သိသာစွာတိုးမြှင့်ဝယ်ယူရန် စီစဉ်နေကြောင်းသိရှိရပါသည်။

29 Nov 2023

     ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီတင်ပို့မှုမှာ  တိုးတက်မှုရှိခဲ့သော်လည်း တရုတ်နှင့် အိန္ဒိယ ဈေးကွက်များသို့ တင်ပို့နိုင်မှုမှာ ယခင်လနှင့် နှိုင်းယှဉ်ပါက ကျဆင်းခဲ့ကြောင်း၊ စက်တင်ဘာလတွင် တရုတ်နိုင်ငံသို့ စားအုန်းဆီ တန်ချိန် ၇၈၁၀၀၀ တန်သာ တင်ပို့ခဲ့ရာ သြဂုတ်လ၌ တင်ပို့နိုင်မှု  တန်ချိန် ၉၂၀၀၀၀ အပေါ် ၁၅.၁၁% လျော့ကျခြင်းဖြစ်ကြောင်း  အင်ဒိုနီးရှားစားအုန်းဆီအသင်း (Gapki) က ၂၁-၁၁-၂၀၂၃ နေ့တွင် ပြောကြားခဲ့ပါသည်။

29 Nov 2023

     ၂၀၂၃ ခုနှစ်၏ ကျန်ရှိသောလများတွင် သကြားဈေးနှုန်းများမှာ ပိုမိုကြီးမြင့်နိုင်ကြောင်းဖြင့် ဗီယက်နမ်ကြံနှင့် သကြားအသင်း (Vietnam Sugarcane and Sugar Association -VSSA) က ပြောကြားပါသည်။

   ဗီယက်နမ် ကုန်စည်ဒိုင် (Vietnam Commodity Exchange – MXV) တွင် ဖော်ပြထားသော အချက်အလက်များအရ ကမ္ဘာ့သကြားဈေးနှုန်းများသည် နိုဝင်ဘာလအစောပိုင်းတွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၆၁ နှုန်းအထိ ရောက်ရှိခဲ့ရာ ၂၀၂၃ ခုနှစ် အစပိုင်းနှင့်နှိုင်းယှဉ်ပါက လွန်ခဲ့သော ၁၂ နှစ်အတွင်း၌ အမြင့်မားဆုံးဈေးနှုန်းအဖြစ် ၁၅၀% အထိ မြင့်တက်ခဲ့ကြောင်းဖြင့် သိရပါသည်။

Pages