Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
09 Jan 2024

    အိန္ဒိယနိုင်ငံတွင် ၂ဝ၂၃-၂၄ ရာသီကာလ ပထမ (၃) လအတွင်း သကြားအဓိကထွက်ရှိသည့် ပြည်နယ်များတွင် သကြားအထွက်နှုန်းလျော့နည်းခဲ့ခြင်းကြောင့် သကြားအထွက်ပမာဏမှာ ၇.၇ ရာခိုင်နှုန်းလျော့နည်းကျဆင်းပြီး တန်ချိန် ၁၁၂ သိန်းသို့ လျော့နည်းထွက်ရှိခဲ့ကြောင်း The National Federation of Cooperative Sugar Factories Limited (NFCSF) က ပြောကြားခဲ့ပါသည်။ ၂ဝ၂၂-၂၃ ရာသီကာလ အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း သကြားထုတ်လုပ်မှုမှာ တန်ချိန် ၁၂၁.၃၅ သိန်းရှိခဲ့ကြောင်း သိရှိရပါသည်။ NFCSF က အိန္ဒိယနိုင်ငံတွင် သကြားရာသီ ကာလမှာ အောက်တိုဘာလမှ စက်တင်ဘာလအထိဖြစ်ပြီး အိန္ဒိယနိုင်ငံ၏သကြားထွက်ရှိမှုမှာ ၂ဝ၂၂-၂၃ ရာသီကာလတွင် တန်

09 Jan 2024

      အင်ဒိုနီးရှားနိုင်ငံသည် ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ စားအုန်းဆီရည်ညွှန်း ဈေးနှုန်းအား တစ်တန်လျှင် ဒေါ်လာ ၇၆၇.၅၁ ရှိရာမှ ဒေါ်လာ ၇၄၆.၆၉ သို့ လျှော့ချသတ်မှတ်ခဲ့ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနအရာထမ်းတစ်ဦးက ပြောကြားခဲ့ပါသည်။ အဆိုပါရည်ညွှန်း ဈေးကြောင့် စားအုန်းဆီပို့ကုန်ခွန်မှာ တစ်တန်လျှင် ၁၈ ဒေါ်လာနှင့် ပို့ကုန်ခွန်စည်းကြပ်နှုန်းမှာ တစ်တန်လျှင် ၇၅ ဒေါ်လာအသီးသီး ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း သိရှိရပါသည်။ ရည်ညွှန်းဈေးဖော်ပြသည့် တရားဝင်အမိန့်ကိုမူ ပြည်သူများသို့ ထုတ်ပြန်ကြေညာခြင်းမရှိသေးကြောင်း သိရှိရပါသည်။

09 Jan 2024

    ကမ္ဘောဒီးယားနိုင်ငံ၌ ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုကို တွန်းအားပေးမြှင့်တင်ရန်နှင့် ပြည်ပဝယ်လိုအားနည်းပါးမှုအရ ရော်ဘာဈေးနှုန်းများကျဆင်းမှုနှင့် ရင်ဆိုင်နေရသော ပို့ကုန်လုပ်ငန်းရှင် များနှင့် စိုက်ပျိုးထုတ်လုပ်သူများကို အထောက်အပံ့ပြုရန် ရည်ရွယ်လျက် ရော်ဘာတင်ပို့မှုအပေါ် အခွန်ကင်းလွတ်ခွင့်ပြုခြင်းကို ၁-၁-၂၀၂၄ ရက်နေ့မှ စတင်၍ နောက်ထပ် ၂ နှစ်အထိ သက်တမ်းတိုးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။

09 Jan 2024

   အိန္ဒိယနိုင်ငံတွင် လက်ရှိ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း ပဲမျိုးစုံ အဓိကစိုက်ပျိုးရာဒေသများ၌ မိုးရေချိန်လျော့နည်းစွာ ရရှိခဲ့ခြင်းကြောင့် ပြည်တွင်းထုတ်လုပ်မှုကျဆင်းခဲ့ရာ ပြည်ပမှ ပဲမျိုးစုံ တင်သွင်းမှုမှာ ၆ နှစ်တာကာလအတွင်း အမြင့်ဆုံးသို့ ပြန်လည်ရောက်ရှိခဲ့သည်။ သို့ဖြစ်ရာ ယခင် ဘဏ္ဍာနှစ်၌ ပဲမျိုးစုံတင်သွင်းခဲ့မှုပမာဏ တန်ချိန် ၂.၂၉ သန်းအပေါ် ၃၁% ခန့် ပိုမိုလျက် ယခုနှစ်တွင် တန်ချိန် ၃ သန်းအထိ တင်သွင်းရဖွယ်ရှိကြောင်း ကုန်သည်အသိုင်းအဝိုင်းက ပြောဆိုလျက်ရှိကြသည်။

02 Jan 2024

    အိန္ဒိယပြည်တွင်း၌ ဝယ်လိုအား ဆက်လက်မြင့်မားနိုင်မှုနှင့် ဈေးနှုန်းများ ထိန်းသိမ်းရန် လိုအပ်သည့် အခြေအနေများအရ ၃၁-၃-၂၀၂၄ နေ့တွင် သက်တမ်းပြည့်မြောက်မည်ဖြစ်သော ပဲစင်းငုံနှင့် မတ်ပဲအား အရေအတွက်ကန့်သတ်ချက်မရှိပဲ လွတ်လပ်စွာ တင်သွင်းခွင့်ပြုထားသည့်  မူဝါဒကို ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ကြောင်း အိန္ဒိယအစိုးရက ၂၈-၁၂-၂၀၂၃ နေ့တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ပါသည်။

02 Jan 2024

   ရေနံဈေးနှုန်းများ ကျဆင်းမှုမရှိစေရေးအတွက် လွန်ခဲ့သောလများမှ စတင်၍ ထုတ်လုပ်မှု ထပ်မံလျှော့ချရန် တွန်းအားပေးဆောင်ရွက်လျက်ရှိသည့် ဆော်ဒီအာရေဗျနိုင်ငံ ဦးဆောင်သော ရေနံတင်ပို့သည့်နိုင်ငံများ အဖွဲ့အစည်း (Organization for Petroleum Exporting Countries-OPEC) မှ နုတ်ထွက်သွားမည်ဖြစ်ကြောင်း အင်ဂိုလာနိုင်ငံအစိုးရက ၂၁-၁၂-၂၀၂၃ နေ့တွင် ပြောကြားခဲ့ပါသည်။

02 Jan 2024

    အိန္ဒိယနိုင်ငံ၌ စားသောက်ကုန် ဈေးနှုန်းဖောင်းပွမှုကို ထိန်းချုပ်ရန်ရည်ရွယ်လျက် စားသုံးဆီများဖြစ်သော သန့်စင်ပြီး ပဲပုပ်ဆီနှင့် နေကြာဆီများ တင်သွင်းမှုအပေါ် အခွန်လျှော့ချ သတ်မှတ် ထားရှိမှုအား ၂၀၂၅ ခုနှစ်၊ မတ်လအထိ သက်တမ်းတိုးမြှင့်သည့် အမိန့်ကြော်ငြာစာကို အစိုးရက ၂၂-၁၂-၂၀၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

02 Jan 2024

    ထိုင်းနိုင်ငံ၏ ပြည်တွင်းထုတ်လုပ်မှုကို အထောက်အကူပြုစေရန် ၂၀၂၄ ခုနှစ်အတွင်း ပြောင်း၊ ပဲပုပ်ကြိတ်ဖတ်နှင့် ငါးစာများအပါအဝင် တိရစ္ဆာန်မွေးမြူရေး အစားအစာ ကုန်ကြမ်းများ တင်သွင်းခွင့်ဆိုင်ရာ မူဝါဒများကို ထိုင်းအစိုးရအဖွဲ့က ၂၆-၁၂-၂၀၂၃ ရက်နေ့တွင် အတည်ပြုခဲ့ကြောင်း သိရှိရပါသည်။

02 Jan 2024

  ပြည်တွင်း၌ ကောက်ပဲသီးနှံ၊ ပြောင်းနှင့် ပဲပုပ်စေ့များ ထုတ်လုပ်မှုကို တည်ငြိမ်စေရန်၊ ဆီမုံညင်းစိုက်ဧရိယာတိုးချဲ့နိုင်ရန်နှင့် အထွက်နှုန်း တိုးတက်စေရန် ရည်ရွယ်လျက် ၂ဝ၂၄ ခုနှစ် အတွက် သီးနှံထုတ်လုပ်မှုလျာထားချက်ကို ချမှတ်ပြီးဖြစ်ကြောင်း တရုတ်နိုင်ငံ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။

02 Jan 2024

  အိန္ဒိယနိုင်ငံ၏ စားသောက်ကုန်အမျိုးမျိုး တင်ပို့မှုအပေါ် ချမှတ်ထားသော မူဝါဒကန့်သတ်ချက်များနှင့် ပြည်တွင်း နိုင်ငံရေးပြဿနာများကြောင့် အိန္ဒိယထံမှ ဆန်နှင့် သကြား တင်သွင်းရာ တွင် အဟန့်အတားဖြစ်ပေါ်နေကြောင်း အင်ဒိုနီးရှား အမျိုးသားစားနပ်ရိက္ခာအေဂျင်စီ (Bapanas) ၏ အကြီးအကဲဖြစ်သူ Arief Prasetyo Adi က ၂၂-၁၂-၂၀၂၃ နေ့တွင် ပြောကြားခဲ့ပါသည်။

02 Jan 2024

    ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်သည် လာမည့်လများ၌ ဖြစ်ပေါ်မည့် ခြောက်သွေ့ရာသီဥတုတွင် ဈေးနှုန်းများတည်ငြိမ်မှုရှိစေရေးအတွက် ဆန်နှင့် အခြားစားသောက်ကုန်များ တင်သွင်းမှုအပေါ်  အခွန်လျှော့ချခြင်းကို ၂၀၂၄ ခုနှစ် နှစ်ကုန်အထိ သက်တမ်းတိုးရန် အတည်ပြုခဲ့ကြောင်း သမ္မတရုံးက ၂၆-၁၂-၂၀၂၃ ရက် အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ .

Pages