ပြည်ပကုန်သွယ်မှုသတင်းများ
ကမ္ဘောဒီးယားနိုင်ငံ၌ ဒေသထွက်သန့်စင်သော ဆန်စပါးမျိုးရင်းများကို တိုးမြှင့်ထုတ်လုပ် နိုင်ရန်နှင့် စောင့်ကြည့်ထိန်းကျောင်းရန်အတွက် အထူးအကြံပေးအဖွဲ့ကို ဖွဲ့စည်းသွားမည်ဟု ၂၂-၁-၂၀၂၄ နေ့တွင် ကျင်းပသော စိုက်ပျိုးရေးဝန်ကြီးဌာနနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တို့မှ အရာရှိများ၏ အစည်းအဝေးတွင် ကြေညာခဲ့ကြောင်း သိရှိရပါသည်။
ဖိလစ်ပိုင်နိုင်ငံ၌ ပြည်တွင်း ကြက်သွန်နီ စားသုံးမှု၊ ဈေးနှုန်းကျဆင်းမှုတို့အခြေအနေအရ ကြက်သွန်တင်သွင်းမှုကို ၂၀၂၄ ခုနှစ် မေလအထိ ရပ်ဆိုင်းမည်ဖြစ်ပြီး ပြည်တွင်းဝယ်လိုအားကို ဖြည့်ဆည်းနိုင်မည့် လုံလောက်သော ကြက်သွန်နီပမာဏရှိပါက ထိုသို့ ဆိုင်းငံ့ခြင်းကို ဇူလိုင်လ အထိ တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီး Mr. Francisco Tiu Laurel က ၁၉-၁-၂၀၂၄ နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် Sheikh Hasina သည် ဆန်စပါးသိုလှောင်ဈေးကစားသူများ အား ဒေသအလိုက်ဖွင့်လှစ်ထားသည့်တရားရုံးများမှတစ်ဆင့် အလျင်အမြန်အရေးယူဆောင်ရွက် ရန်အတွက် ညွှန်ကြားချက်များကို ထုတ်ပြန်ခဲ့ပါသည်။
ကိုရီးယားသမ္မတနိုင်ငံ၌ ဆန်ပြုပြင်ထုတ်လုပ်မှုလုပ်ငန်းနယ်ပယ်၏ အရွယ်အစားကို ၂၀၂၈ ခုနှစ်တွင် ဝမ်ငွေ ၁၇ ထရီလီယံ (ဒေါ်လာ ၁၂.၇ ဘီလီယံ) ရောက်ရှိသည်အထိ နှစ်ဆ တိုးမြှင့်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့် ကျေးလက်ရေးရာ ဝန်ကြီးဌာနက ၂၃-၁-၂၀၂၄ နေ့ တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။
အမေရိကန်စိုက်ပျိုးရေးဦးစီးဌာန (USDA) ၏ လေ့လာဆန်းစစ်ချက်များအရ ဖိလစ်ပိုင်နိုင်ငံ
သည် ၂၀၂၄ ခုနှစ်တွင် ထိပ်တန်းဆန်တင်သွင်းသူအဖြစ် ဆက်လက် ရပ်တည်လျက်ရှိမည်ဖြစ် ကြောင်း သိရှိရသည်။
အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသည့် ခရီးစဉ်ကာလအတွင်း ဆန်နှင့် စားသောက်ကုန်များ အား ဘတ်ငွေ ၁.၇၅ ဘီလီယံ တန်ဖိုးအထိ တိုးမြှင့်တင်ပို့နိုင်မည့် အခွင့်အလမ်းများကို ရှာဖွေ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Phumtham Wechayachai က ပြောကြားခဲ့ပါသည်။
၁၂။ အိန္ဒိယနိုင်ငံ၏ ဆန်တင်ပို့မှုအပေါ် တားမြစ်ကန့်သတ်ချက်များ ဆက်လက်တည်ရှိနေပြီး ရာသီအလိုက် ပွဲတော်ကာလများ၌ ဝယ်လိုအားမြင့်တက်မှုအရ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်း၌တွင် ကမ္ဘာ့ဆန်ဈေးကွက်မှာ ဆက်လက်တင်းကျပ်မှုဖြစ်ပေါ်လျက်ရှိပြီး ဈေးနှုန်းများ ပိုမိုမြင့်တက်မှုကို တွန်းအားပေးလျက်ရှိပါသည်။
အိန္ဒိယပဲစင်းငုံဈေးကွက်တွင် မြန်မာနိုင်ငံထံမှ တင်သွင်းရရှိမှု မြင့်မားလာနိုင်ခြေရှိသော် လည်း မိုဇမ်ဘစ်နိုင်ငံ၌ ကုမ္ပဏီကြီး ၂ ခု၏ အားပြိုင်မှုကြောင့် အိန္ဒိယသို့ ပဲစင်းငုံတင်ပို့နိုင်ခြင်း မရှိ သည့် အခြေအနေအရ ဈေးနှုန်းများ ဆက်လက်မြင့်တက်ဖွယ်ရှိကြောင်း သိရှိရသည်။
၁။ အာဖရိကတောင်ပိုင်းဒေသရှိနိုင်ငံများ၌ စားသောက်ကုန်နှင့် လူသုံးကုန်စည်များ ထောက်ပံ့ ပို့ဆောင်မှုလုပ်ကိုင်လျက်ရှိသော လုပ်ငန်းစုကြီးတစ်ခုဖြစ်သည့် Export Trading Group (ETG) က ပိုင်ဆိုင်သော ပဲစင်းငုံများအား အိန္ဒိယနိုင်ငံသို့တင်ပို့ခြင်းကို လုပ်ဆောင်နိုင်ခွင့်မရှိဟု မိုဇမ်ဘစ် နိုင်ငံရှိ တရားရုံးတစ်ခုက အမိန့်ချမှတ်ခဲ့ကြောင်း ရိုက်တာသတင်းဌာနက ၁၉-၁-၂၀၂၄ နေ့တွင် ဖော်ပြခဲ့ပါသည်။
အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှု လျော့ကျလျက် ဈေးကွက်လိုအပ်ချက်ဖြစ်ပေါ်မှုကို ဖြည့်ဆည်းနိုင်ရန်အတွက် ၂၀၂၄ ခုနှစ်အတွင်း ဆန်တန်ချိန် ၃ သန်းကို တင်သွင်းခွင့်ပြုမည်ဟု အင်ဒိုနီးရှား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဝန်ကြီး Airlangga Hartarto က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနမှ ၁၂-၁-၂၀၂၄ နေ့၌ ဇန်နဝါရီလ သီးနှံ အလားအလာခန့်မှန်းချက် ထုတ်ပြန်ရာတွင် ၂ဝ၂၃-၂၄ ခုနှစ် သီးနှံရာသီ၌ ပြောင်းထုတ်လုပ်မှုမြင့် တက်မည်ဖြစ်သော်လည်း ပဲပုပ်စေ့ထုတ်လုပ်မှု ကျဆင်းမည်ဟု ဖော်ပြပါသည်။
ကမ္ဘောဒီးယားနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ အရာရှိများသည် ဒေါ်လာ ၁ ဘီလီယံ တန်ဖိုးရှိသည့် ရော်ဘာနှင့်တာယာစီမံကိန်းဆိုင်ရာ နားလည်မှုစာချွန်လွှာတစ်စောင်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်မှုကောင်စီ၏ ထုတ်ပြန်ကြေညာချက်အရ သိရှိရပါသည်။