Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
28 Jul 2023

အင်ဒိုနီးရှားနိုင်ငံ၌ ဝင်ငွေနည်းပါးသည့် အိမ်ထောင်စုများသို့ ဆန်ပိုမိုဖြန့်ဖြူး ထောက်ပံ့နိုင်ရေးနှင့် စားနပ်ရိက္ခာစျေးနှုန်းများ ထိန်းချုပ်နိုင်ရေးတို့အတွက် လူမှုဖူလုံရေး ဘတ်ဂျက်လျာထားမှု အား အင်ဒိုနီးရှားရူပီးငွေ ၈ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅၃၂ ဒသမ ၄၁ သန်း) အထိ တိုးမြှင့် လိုက်ကြောင်း သိရှိရသည်။

28 Jul 2023

ယူကရိန်းနိုင်ငံမှ ပို့ကုန်များအား ပင်လယ်နက်ဒေသကိုဖြတ်သန်းခွင့်ပြုသည့် သဘောတူညီချက်မှ ရုရှားနိုင်ငံက နှုတ်ထွက်ခဲ့ခြင်းသည် ကမ္ဘာ့ကောက်ပဲသီးနှံဈေးကွက်တွင် ဈေးနှုန်းများကို ၁၅% အထိ မြင့်တက်စေနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ခန့်မှန်းချက် ထုတ်ပြန်ခဲ့ပါသည်။

28 Jul 2023

ရုရှားနိုင်ငံသည် ရေနံစိမ်းတစ်စည်လျှင် ၂၅ ဒေါ်လာဈေးနှုန်းဖြင့် ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိရာမှ ဒေါ်လာ ၂၀ အထိ ဈေးနှုန်းလျှော့ချရန်အတွက် အခွန်ကောက်ခံမှုကို ပြင်ဆင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

21 Jul 2023

ရုရှားနိုင်ငံမှ ပင်လယ်နက်သီးနှံအရောင်းအဝယ်စာချုပ်ကို ဖျက်သိမ်းခဲ့ပြိးနောက် ယခု သီတင်းပတ်အစတွင် ကမ္ဘာ့ဂျုံဈေးနှုန်းများမှာ ၁ဝ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပါသည်။ ချီကာဂို ကုန်သွယ်မှုအဖွဲ့အစည်း (Chicago Board of Trade) ၏ အဆိုအရ ဂျုံဈေးနှုန်းမှာ တစ်စည်လျှင် ၇ဝ၅.၅၈ ဆင့် (တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၅၉) မြင့်တက်ခဲ့ကြောင်း၊ ယခင်က တစ်စည်လျှင် ၆၃၆ ဆင့်ရှိခဲ့သဖြင့် ၁ဝ ရာခိုင်နှုန်းကျော်ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

21 Jul 2023

HSBC Vietnam ၏ ဖော်ပြချက်အရ သုံးနှစ်ခန့်ဖြစ်ပေါ်ခဲ့ခြင်းမရှိရာမှ တစ်ကျော့ပြန် ပြန်လည်ဖြစ်ပေါ်လာသော အယ်လ်နီညိုကြောင့် အာဆီယံဒေသတွင်းနိုင်ငံများ၏ ကုန်သွယ်မှုမှာ မိုးခေါင်ရေရှားဖြစ်ပေါ်မှု၊ ရေရှားပါးမှုနှင့် ပျက်စီးဆုံးရှုံးမှုတို့ တွေ့ကြုံနိုင်ကြောင်း သိရှိရပါသည်။ ဗီယက်နမ်နိုင်ငံတွင် အယ်လ်နီညိုကြောင့် ဆန်နှင့်ကော်ဖီအပါအဝင် လယ်ယာထွက်ကုန် အထွက်နှုန်းများမှာ သိသာစွာထိခိုက်နိုင်ကြောင်း HSBC Vietnam ၏ စီးပွားရေးပညာရှင်များက သုံးသပ်ခဲ့ကြပါသည်။ အစီရင်ခံစာတွင် ဆန်၊ စားအုန်းဆီနှင့် ကော်ဖီစသောလယ်ယာထွက်ကုန်များသာမက Semiconductor လုပ်ငန်းများလည်း စိန်ခေါ်မှုများ တွေ့ကြုံရနိုင်ကြောင်း ဖ

21 Jul 2023

ရုရှားနှင့် ယူကရိန်း နှစ်ဖက်အကြား ချုပ်ဆိုထားသော ကောက်ပဲသီးနှံဆိုင်ရာစင်္ကြံ  (Grain Corridor) သ‌ဘောတူစာချုပ်၏ သက်တမ်းကာလ မကုန်ဆုံးခင်အလိုတွင် ယူကရိန်း၏ ကောက်ပဲသီးနှံများကို ကမ္ဘာ့ဈေးကွက်သို့ တင်ပို့သည့် လူသားချင်းစာနာမှုစင်္ကြံကို တားမြစ်ရပ်ဆိုင်းရန် ရုရှား၏ အမှတ်မထင်တုံ့ပြန်ဆောင်ရွက်မှုသည် စားအုန်းဆီကြမ်း (CPO)ဈေးနှုန်းများကို မကြာသေးမီအချိန်အတွင်း မြင့်တက်လာစေနိုင်သည်ဟု ခန့်မှန်းရကြောင်း New Straits Times သတင်းဌာနက ဖော်ပြထားသည်။

21 Jul 2023

စားအုန်းဆီအဝယ်များပြားလာစေရန် ဈေးနှုန်းများလျှော့ချလာခဲ့မှုကြောင့် အိန္ဒိယနိုင်ငံ၏ စားအုန်းဆီတင်သွင်းမှုသည် ဇွန်လတွင် ၅၆ ရာခိုင်နှုန်းဖြင့် သုံးလဆက်တိုက်အတွင်း မြင့်တက်လာခဲ့ကြောင်း ဦးဆောင်ကုန်သွယ်ရေးအဖွဲ့က ဇူလိုင် ၁၄ ရက်နေ့တွင် ထုတ်ပြန်ပြောကြားလာခဲ့မှု ကို The Edge Malaysia သတင်းဌာနက ဖော်ပြထားသည်။

21 Jul 2023

၂၀၁၅ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် ဖြစ်ပေါ်ခဲ့သော  အယ်လ်နီညိုရာသီဥတုဖြစ်စဉ်နည်းတူ  ယခုနှစ်တွင်ဖြစ်ပေါ်သည့် အယ်လ်နီညိုဖြစ်စဉ်က ရာသီဥတုဆိုးကျိုးသက်ရောက်မှု ဖြစ်စေနိုင်ကြောင်း ထိုင်းနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနက ခန့်မှန်းထားပါသည်။ Kiatnakin Phatra Bank ကလည်း အယ်လ်နီညိုဖြစ်ပေါ်မှုက လာမည့် ၂၀၂၄ ခုနှစ်အထိ ရာသီဥတုပြင်းထန်မှု ဖြစ်ပေါ်စေပြီး ဆိုးကျိုးသက်ရောက်မှုဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းလျက်ရှိသည်။

21 Jul 2023

ပင်လယ်နက်ဒေသ ကောက်ပဲသီးနှံဆိုင်ရာ သဘောတူညီချက်အား ရုရှားနိုင်ငံဘက်မှ သက်တမ်းတိုးမြှင့်ခြင်းမပြုပဲ အဆုံးသတ်ခဲ့ပြီးနောက် ယူကရိန်းဆိပ်ကမ်းများအား တိုက်ခိုက်မှုများ တိုးမြင့်လာနိုင်ကြောင်း ခန့်မှန်းချက်များ မြင့်တက်လာမှုနှင့်အတူ ချီကာဂိုဈေးကွက်၌  ဂျုံ ကြိုတင်ရောင်းဝယ်မှု ဈေးနှုန်းများမှာ ဇူလိုင်လ ၂၀ ရက်နေ့တွင် ၁.၆% မြင့်တက်ခဲ့ပြီး ရက်သတ္တသုံးပတ်အတွင်း အမြင့်ဆုံးနှုန်းထားသို့ ရောက်ရှိခဲ့ပါသည်။ အလားတူ ပြောင်းဈေးနှုန်းသည်လည်း ၁% ကျော် မြင့်တက်ခဲ့သည်။

21 Jul 2023

ဘာစမာတီမဟုတ်သောဆန်များအား ပြည်ပသို့ လွတ်လပ်စွာတင်ပို့ခွင့်ပြုထားရာမှ တားမြစ်ကုန်စည်အဖြစ် သတ်မှတ်လိုက်ကြောင်း အိန္ဒိယအစိုးရက ဇူလိုင်လ ၂၀ ရက်၊ ကြာသပတေးနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။

21 Jul 2023

အိန္ဒိယစားသုံးသူဈေးကွက်၌ ပဲစင်းငုံ၏ဝယ်လိုအားသည် ပြည်တွင်းထုတ်လုပ်နိုင်မှုထက် နှစ်ကာလကြာမြင့်စွာကပင် ကျော်လွန်မြင့်မားလျက်ရှိရာ  ဩစတြေးလျနိုင်ငံနှင့် ဘရာဇီးနိုင်ငံတို့ရှိ လယ်သမားများသည် အိန္ဒိယသို့တင်ပို့ရန်တွက် ပဲစင်းငုံများ စမ်းသပ်စိုက်ပျိုးမှုကို စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

16 Jul 2023

အယ်လ်နီညိုဖြစ်စဉ် စတင်ခြင်းကြောင့် စိုက်ခင်းများ ခြောက်သွေ့လာပြီး သီးနှံများ ထိခိုက်ပျက်စီးမည့်အပေါ် စိုးရိမ်မှုများမြင့်တက်လျက်ရှိပြီး တင်သွင်းသူများအနေဖြင့်လည်း သိုလှောင်မှု များပြားလာခြင်းကြောင့် အာရှရှိ ဆန်ဈေးသည်လည်း နှစ်နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိလာကြောင်း Bloomberg သတင်းဌာနက ဖော်ပြခဲ့သည်။

Pages