Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
30 Sep 2024

       CLV-DTA ပူးပေါင်းဆောင်ရွက်မှုဖြင့်ဖြစ်စေ၊ ပူးပေါင်းဆောင်ရွက်မှုမပြုလုပ်သည်ဖြစ်စေ ကမ္ဘောဒီးယားသည် ၎င်း၏အချုပ်အခြာအာဏာကာကွယ်ရေးကိုသေချာစေရန်အတွက် ၎င်း၏ အရှေ့မြောက်နယ်စပ်ဒေသများကို ဆက်လက်ဖွံဖြိုးတိုးတက်လာစေရန် ဆောင်ရွက်သွားမည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်ကပြောကြားသည်။ ဝန်ကြီးချုပ်၏ပြောပြချက်အရ အဆိုပါမူဝါဒတွင် အိမ်နီးချင်းနိုင်ငံများနှင့်နယ်နိမိတ်သတ်မှတ်ပေးရေး၊ နယ်စပ်လမ်းများဖောက်လုပ်ရေးတို့ပါဝင်ကြောင်းသိရသည်။ ထို့ပြင် အစိုးရအနေဖြင့် အရှေ့မြောက်ပြည်နယ်များတွင် ရင်းနှီးမြှုပ်နှံမြှင့်တင်ရေးအစီအစဉ်ကို လာမည့်နှစ်အထိ ဆက်လက်ဖော်ဆောင်မည်ဖြစ်ကြောင်းပြောကြားသည်။

30 Sep 2024

       ဗီယက်နမ်နိုင်ငံ၏ စင်္ကာပူသို့တင်ပို့မှုမှာ ဩဂုတ်လတွင် သိသာစွာမြင့်တက်ခဲ့ပြီး ၂၀၂၄ခုနှစ်၏ ပထမ ၈လတင်ပို့မှုမှာ လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၃၁.၁% မြင့်တက်ခဲ့ကြောင်း စင်္ကာပူရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံး၏ အစီရင်ခံစာအရသိရပါသည်။ အီလတ်ထရောနစ်ပစ္စည်းတပ်ဆင်မှုနှင့် စက်ယန္တယားကဏ္ဍတို့တွင် အားကောင်းသည့် စွမ်းဆောင်ရည်၏ မောင်းနှင်အားကြောင့် လွန်ခဲ့သည့်လတွင် ဗီယက်နမ်၏ စင်ကာပူသို့တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၆၇၈.၆သန်းရှိခဲ့ပြီး ၅၈.၄% မြင့်တက်ခဲ့ကြောင်းသိရပါသည်။ ထိုကြီးထွားမှုသည် ဗီယက်နမ်အား စင်္ကာပူ၏ ၁၈နိုင်ငံမြောက် အကြီးမားဆုံးဈေးကွက် မိတ်ဖက်ဖြစ်စေခဲ့ကြောင်းသိရပါသည်။ အဓိကပို့က

30 Sep 2024

        ၂၀၂၄ခုနှစ်၏ ပထမ ၈လတွင် ဗီယက်နမ်သည် ဖိလစ်ပိုင်နှင့်ကုန်သွယ်ရာ၌ အမေရိကန်ဒေါ်လာ ၂.၄ဘီလီယံပိုငွေပြခဲ့ကြောင်း ဗီယက်နမ်အကောက်ခွန်အထွေထွေဦးစီးဌာန၏ အဆိုအရသိရပါသည်။ နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၅.၇ဘီလီယံရရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၂၁% မြင့်တက်ခဲ့ကြောင်းသိရပါသည်။ ယခုနှစ်ပထမပတ်တွင် ဗီယက်နမ်မှ ဖိလစ်ပိုင်သို့တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၄.၀၇ဘီလီယံရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် (YoY) ၁၇% မြင့်တက်ခဲ့ကြောင်းသိရပါသည်။ ဆန်သည် အဓိကတင်ပို့သည့် ကုန်ပစ္စည်းဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁.၇၁ဘီလီယံတန်ဖိုးတင်ပို့ခဲ့ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်

30 Sep 2024

        အင်ဒိုနီးရှားနိုင်ငံ၏ ဖိနပ်လုပ်ငန်းသည် နိုင်ငံ၏စီးပွားရေးကို ကမ္ဘာ့အဆင့်သို့ အရှိန်မြှင့်တင်ရန် အလားအလာရှိကြောင်း လုပ်ငန်းတာဝန်ရှိသူ တစ်ဦး၏အဆိုအရသိရပါသည်။ စက်မှုဝန်ကြီးဌာနအောက်ရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများ၏ ညွှန်ကြားရေးမှူးချုပ်၏ အတွင်းရေးမှူးဖြစ်သူ Riefky Yuswandi က ၂၀၂၄ခုနှစ်၏ ဒုတိယ ၃လပတ်ကာလတွင် နိုင်ငံ၏ဖိနပ်လုပ်ငန်းသည် လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၃.၉၂% မြင့်တက်ခဲ့ကြောင်းပြောကြားခဲ့ပါသည်။ ၂၂-၉-၂၀၂၄ ရက်နေ့တွင် ကျင်းပခဲ့သော Indonesia Footwear Creative Competition (IFCC) ၌ Yuswandi က 2023 World Footwear Yearbook ထံမှ အချက်အလက်များအရ အင်ဒိုနီးရှားနိုင်ငံသ

30 Sep 2024

       အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)နှင့် တရုတ်တို့သည် မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများဖြစ်ကြပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတို့တွင် အားကောင်းစွာပေါင်းစပ် ထားခြင်းနှင့်အတူ ကာလကြာရှည် စီးပွားရေးဆက်နွယ်မှုကို ထိမ်းသိမ်းထားနိုင်ကြောင်း လာအိုနိုင်ငံစက်မှုနှင့် စီးပွားရေးကူးသန်းရောင်းဝယ်ရေးဝန်ကြီး Malaithong Kommasith က လာအိုနိုင်ငံ Vietiane မြို့တွင် စက်တင်ဘာလ ၂၂ ရက်နေ့၌ ကျင်းပခဲ့သော 23rd ASEAN Economic Ministers-China Ministry of Commerce Consultation (AEM-MOFCOM) တွင် ပြောကြားခဲ့ပါသည်။ ၂၀၂၃ခုနှစ်တွင် နှစ်ဖက် အပြန်အလှန်ကုန်သွယ်မှုတန်ဖိုးမှာ အမ

30 Sep 2024

        အိန္ဒိယနှင့် မြန်မာတို့သည် ပြည်တွင်းသုံးငွေဖြစ်သော ရူပီးနှင့် ကျပ်တို့မှတစ်ဆင့် နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေးနည်းလမ်းများကို စက်တင်ဘာလ ၂၁ရက်နေ့တွင် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ကျင်းပသော ၁၂ကြိမ်မြောက် အရှေ့တောင်အာရှထိပ်သီးစီးပွားရေးဝန်ကြီးများအစည်းအဝေးပြင်ပ၌ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Piyush Goyal နှင့် မြန်မာရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားရေးဆက်ဆံရေးဝန်ကြီး ကန်ဇော်တို့တွေ့ဆုံစဉ် ယခုကဲ့သို့ ဆွေးနွေးခဲ့ကြောင်းသိရသည်။

30 Sep 2024

         ကမ္ဘောဒီးယားနိုင်ငံ၏ ဒီဇယ်လောင်စာဆီနှင့် ရေနံဆီတင်သွင်းမှုသည် ယခုနှစ်ရှစ်လအတွင်း ၁၈% မြင့်တက်လာခဲ့ကြောင်း အထွေထွေအကောက်ခွန်နှင့် ယစ်မျိုးဌာနမှ တနင်္ဂနွေနေ့ တွင် ပြောကြားခဲ့သည်။

          ဇန်နဝါရီလမှ ဩဂုတ်လအတွင်း ဒီဇယ်လောင်စာဆီနှင့် ရေနံဆီတင်သွင်းမှုစုစုပေါင်းတန်ဖိုးသည် ကန်ဒေါ်လာ ၁၆၆၃သန်းရှိပြီး ယမန်နှစ်အလားတူကာလထက် ၁၈% မြင့်တက်လာခဲ့သည်။

30 Sep 2024

        တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၏ အထွေထွေအတွင်းရေးမှူး Xi Jinping သည် သတ္တမအကြိမ်မြောက် တရုတ်တောင်သူလယ်သမားများ ရိတ်သိမ်းပွဲတော်နေ့မတိုင်မီ CPC ဗဟိုကော်မတီကိုယ်စားလယ်သမားများနှင့် ကျေးလက်ဒေသများတွင် စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်နေသူများကို နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၏သမ္မတနှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌလည်းဖြစ်သည့် XI က စိုက်ပျိုးရေးကဏ္ဍ၏ စီးပွားရေးအကျိုးအမြတ်များမြှင့်တင်ရန်၊ လယ်သမားများ၏ ဝင်ငွေတိုးလာစေရန်နှင့် လယ်သမားများအတွက် ထင်သာ မြင်သာသော အကျိုးကျေးဇူးများဆောင်ကြဉ်းပေးရန်လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ ယခုနှစ်တွင် သဘာဝဘေးအန္တရာယ်မျာ

30 Sep 2024

      တရုတ်နိုင်ငံ၏ RUYI Group သည် ပါကစ္စတန်နိုင်ငံတွင် နိုင်ငံတကာအဆင့်မီ အထည်အလိပ်လုပ်ငန်းများကိုတည်ထောင်မည်ဖြစ်သည်။ ၎င်းအတွက် နားလည်မှုစာချွန်လွှာ (Mou) အား ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (BOF) နှင့် RUYI Shandong Group တို့ သောကြာနေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။ ဝန်ကြီးချုပ် Shehbaz Sharif သည် ၎င်း၏ဥက္ကဋ္ဌ Qui Yufa ဦးဆောင်သော RUYI အဖွဲ့၏ အဖွဲ့ဝင် (၉) ဦးနီးပါး ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံပြီးနောက် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းကိုသက်သေခံခဲ့သည်။

30 Sep 2024

      ထိုင်းနှင့်မလေးရှာမှ ဒူးရင်းသီး၊ ဖိလစ်ပိုင်နိုင်ငံမှ ငှက်ပျောသီးနှင့် ဗီယက်နမ်နိုင်ငံမှ ပင်မှည့်သီးတို့အား တရုတ်နိုင်ငံ၏  စားသုံးသူမျာက ကောင်းစွာလက်ခံထားကြပြီး ယခုအခါ တရုတ်နိုင်ငံမှ ကန္တရသစ်သီးအား အရှေ့တောင်အာရှနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြသည်။

27 Sep 2024

    အိန္ဒိယနိုင်ငံ၏ ပြည်နယ်အချို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ရှိနေ သော်လည်း ယခုနှစ် ဆန်ထွက်ရှိမှုသည် ယခင်နှစ်ထက် ပိုမိုများပြားမည်ဟု စိုက်ပျိုးရေးဝန်ကြီး Shivraj Singh Chouhan က စက်တင်ဘာ ၁၉ ရက်နေ့၌ ပြောကြားခဲ့သည်။

27 Sep 2024

     ဗီယက်နမ်နှင့် ကနေဒါ နှစ်နိုင်ငံမှ လုပ်ငန်းရှင်နှစ်ဦးတို့ ဖက်စပ်လုပ်ကိုင်သည့် KD Trading ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီသည် စျေးကွက်သုတေသနများကို စေ့စပ်သေချာစွာ လုပ်ဆောင်ခဲ့ ပြီးနောက် ကနေဒါနိုင်ငံသို့ တင်သွင်းရန် ST25 အမျိုးအစား ဆန်ထုတ်လုပ်သူများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ရာ ယခုအခါ အဆိုပါ ST25 ဗီယက်နမ်ဆန်ကို တစ်ဦးတည်း ဖြန့်ဖြူးသူအဖြစ် ကနေဒါဈေးကွက်သို့ ဝင်ရောက်ခဲ့ကြောင်း Vietnam News သတင်းဌာနက ဖော်ပြပါသည်။

Pages