ပြည်ပကုန်သွယ်မှုသတင်းများ
အင်ဒိုနီးရှားနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးနှင့် ရင်းနှီးမြှုပ်နှံမှု ညှိနှိုင်းဆောင်ရွက်ရေး ဘုတ်အဖွဲ့၏ အကြီးအကဲဖြစ်သူ Rosan Roeslani က ပြည်ပကုမ္ပဏီ ၅ ခု သည်မြို့တော်သစ် (IKN) Nusantasa တွင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၆၅ သန်း ရင်းနှီးမြှုပ်နှံရန် မျှော်လင့်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းတို့ထဲမှတစ်ခုဖြစ်သည့် စင်ကာပူ၏ Sembcorp Utilities Pte Ltd သည် IKN တွင် ၅၀ မဂ္ဂါဝပ် Solar Panel သည် ဆောက်ရန်အတွက် အမေရိကန်ဒေါ်လာ ၆၅ သန်း ရင်းနှီးမြှုပ်နှံရန် လေ့လာလျက်ရှိကြောင်း သိရပါသည်။ အခြားကုမ္ပဏီ ၄ ခု၏ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပတ်
အင်ဒိုနီးရှားနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုများအား အရှိန်မြှင့်တင်ရန်အထူးစီးပွားရေးဇုန် (SEZ) အသစ် ၆ ခုတည်ထောင်မည်ဖြစ်ပြီး လက်ရှိတည်ရှိနေသော ဇုန်တစ်ခုကို ထပ်မံတိုးချဲ့ မည်ဟုသိရပါသည်။ အင်ဒိုနီးရှားနိုင်ငံစီးပွားရေးရာ ညှိနှိုင်းဆောင်ရွက်ရေးဝန်ကြီးဖြစ်သူ Airlangga Hartarto က စီးပွားရေးဇုန်များသည် ရင်းနှီးမြှုပ်နှံမှုတန်ဖိုးအမေရိကန်ဒေါ်လာ ၇၂ ဘီလီယမ်ကို ဆွဲစောင်နိုင်ပြီး နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်း ၁၄ သန်းရရှိနိုင်ရန် မျှော်လင့်ရကြောင်း ၂၅-၉-၂၀၂၄ ရက်နေ့က ပြောကြားခဲ့သည်။ SEZ အသစ် ၆ ခုသည် East Java ပြည်နယ်ရှိ Sidoarjo ၊ East Kalimantan ပြည်နယ်ရှိ East Kutai
အိန္ဒိယနိုင်ငံ၏ စားနပ်ရိက္ခာထွက်ရှိမှုသည် ဂျုံနှင့် ဆန်အထွက်နှုန်းတိုးတက်မှုတို့ကြောင့် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဇွန်လကုန်တွင် တန်ချိန် ၃၃၂.၂၂ သန်းအထိ စံချိန်တင်ခဲ့ကြောင်း အိန္ဒိယနိုင်ငံ၏ စိုက်ပျိုးရေးဝန်ကြီးဌာနမှ ၂၅.၉.၂၀၂၄ ရက်နေ့၊ ဗုဒ္ဓဟူးနေ့ ကပြောကြားခဲ့သည်။ ၂၀၂၃-၂၀၂၄ ခုနှစ်အတွက် နောက်ဆုံးခန့်မှန်းချက်မှာ ၂၀၂၂-၂၀၂၃ ခုနှစ်က တန်ချိန် ၃၂၉.၆ သန်းထက် တန်ချိန် ၂.၆၁ သန်းတိုးလာကြောင်း ဝန်ကြီးဌာနကထုတ်ပြန်ခဲ့သည်။ စပါးထုတ်လုပ်မှုမှာ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ၁၃၅.၇၅ သန်းမှ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် တန်ချိန် ၁၃၇.၈၂ သန်းအထိ စံချိန်တင်ရောက်ရှိခဲ့သည်။ ဂျုံအထွက်နှုန်းမှာလည်း ၂၀၂၂-၂၀၂၃ ခုနှစ်က တန်ချ
ကမ္ဘောဒီးယားနိုင်ငံမှ ဂျပန်နိုင်ငံသို့ ကုန်ပစ္စည်းများတင်ပို့မှုသည် ၂၀၂၄ ခုနှစ် ပထမရှစ် လတာကာလအတွင်း၂၀% တိုးမြင့်လာပြီး ၂၀၂၃ ခုနှစ် ပထမရှစ်လတာကာလက အတိုင်းအတာ နှင့် နှိုင်းယှဉ်ပါက ကန်ဒေါ်လာ ၉၂၄ သန်းအထိရောက်ရှိခဲ့ကြောင်း အကောက်ခွန်နှင့်ကုန်သွယ် စီးဆင်းမှုဦးစီးဌာန(GDCG)၏ နောက်ဆုံးကုန်သွယ်မှုအချက်အလက်များအရ သိရသည်။
အမေရိကန်နိုင်ငံသည် တရုတ်ဆော့ဖ်ဝဲများနှင့် ဟာ့ဒ်ဝဲများချိတ်ဆက်တပ်ဆင်ထားသော ကားများကိုပိတ်ပင်ရန် စီစဉ်နေပြီး ၎င်းအစီအစဉ်သည် အမေရိကန်စျေးကွက်သို့ဝင်ရောက်မည့် တရုတ်ကားများအတွက် ဆိုးရွားသော အလားအလာတစ်ရပ်ပင်ဖြစ်သည်။ အမေရိကန်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာ၏ စက်မှုနှင့်လုံခြုံရေးဗျူရိုက တရုတ်နှင့် ရုရှားတို့၏ ဟာ့ဒ်ဝဲနှင့် ဆော့ဖ်ဝဲများတပ်ဆင်ချိတ်ဆက်ထားသောကားများကို ရောင်းချခြင်း သို့မဟုတ် တင်သွင်းခြင်းကို တားမြစ်မည်ဟုအဆိုပြုထားသော စည်းမျဉ်းချက်တစ်ရက်ကို ညတွင်းချင်းပင် ထုတ်ပြန်ကြေညာခဲ့သည်။
ထိုင်းခရီးသွားလုပ်ငန်းဝန်ကြီးအသစ်သည် ဝင်ငွေတိုးရန်နှင့် အခြေခံအဆောက်အအုံများမြှင့်တင်ရန်အတွက် ၂၀၂၅ခုနှစ်တွင် ယခင်ရွှေ့ဆိုင်းထားသော ဘတ်၃၀၀(အမေရိကန်ဒေါ်လာ ၈.၂၀) ခရီးသွားလုပ်ငန်းခွန်ကို ပြန်လည်ကောက်ခံရန် စီစဉ်လျက်ရှိကြောင်းသိရသည်။
AEON Mall Vietnam သည် ဗီယက်နမ်အလယ်ပိုင်းရှိ ၎င်း၏ ပထမဆုံးဈေးဝယ်စင်တာဖြစ်သော AEON Mall Hue အား Thua Thein Hue ခရိုင်တွင် တရားဝင်ဖွင့်လှစ်ခဲ့သည်။
၈.၆ ဟတ်တာကျယ်ဝန်းသော ကုန်တိုက်သစ်သည် နာမည်ကြီး နိုင်ငံတကာနှင့် ပြည်တွင်းအမှတ်တံဆိပ်များပါဝင်သော စတိုးဆိုင်ပေါင်း ၁၄၀ခန့်ထားရှိမည်ဖြစ်သည်။
အဆိုပါ အဆောက်အအုံအား ပြီးခဲ့သည့်ဖေဖော်ဝါရီလက စတင်တည်ဆောက်ခဲ့ပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှုမှာ ကန်ဒေါ်လာ သန်း၇၀နီးပါးရှိကြောင်းသိရသည်။
ဗီယက်နမ်-ဥရောပသမဂ္ဂ (EU) လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက် (ECFTA) မှ အခွင့်အလမ်းများကို အသုံးချခြင်းနှင့် ဥရောပသမဂ္ဂ (EU) ဈေးကွက်သို့ ဗီယက်နမ်၏ တင်ပို့မှုကိုပံ့ပိုးပေးရန် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းတွင် အပြောင်းအလဲအပေါ် ဖိုရမ်ကို ဗီယက်နမ်စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန (MoIT) အောက်ရှိ ဥရောပ-အမေရိကန် ဈေးကွက်ဦးစီးဌာနက ဟိုချီမင်းမြို့တွင် စက်တင်ဘာလ ၂၃ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။ ဌာန၏ ဒုတိယအထွေထွေညွှန်ကြားရေးမှူးဖြစ်သူ Nguyen THao Hien က ၂၀၂၄ခုနှစ်သည် EVFTA သက်ရောက်မှုရှိသည့် ၄နှစ်မြောက်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ Covid 19 သက်ရောက်မှုနှင့် ပထဝီနိုင်ငံရေးပဋိပ
ကမ္ဘောဒီးယားနိုင်ငံသည် စက်တင်ဘာလ ၂၁ရက်နေ့မှ ၂၈ရက်နေ့အထိ တရုတ်နိုင်ငံ၊ နန်နင်းမြို့၊ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာတွင်ကျင်းပပြုလုပ်သည့် ၂၁ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံတို့အတွက် အရေးပါသောစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် ပါဝင်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အတွင်းရေးမှူး Samheng Bora သည် ပြုလုပ်မည့်အစီအစဉ်များ၏ တိုးတက်မှုကို စောင့်ကြည့်လေ့လာရန် နည်းပညာအဖွဲ့တစ်ဖွဲ့ကိုဖွဲ့စည်းခဲ့ကြောင်း Moc သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထား
ကမ္ဘောဒီးယားနိုင်ငံ အကောက်ခွန်အထွေထွေဦးစီးဌာနက ထုတ်ပြန်သည့် အချက်အလက်များအရ ၂၀၂၄ခုနှစ်၏ ပထမ ၈လတွင် သံနှင့် စတီးလ်တင်သွင်းမှုသည် လွန်ခဲ့သည့်နှစ်၏ တူညီသည့် ကာလထက် ၅၉.၂% မြင့်တက်ခဲ့ကြောင်းသိရပါသည်။ ထိုအဓိကဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း ၂ခုတင်သွင်းမှုမြင့်တက်လာခြင်းသည် စီးပွားရေးကြီးထွားရန်အတွက် အဓိကမောင်းနှင်အားများဖြစ်သည့် ပြည်တွင်းဆောက်လုပ်ရေးနှင့် အိမ်ရာမြေကဏ္ဍတို့တွင် အပေါင်းလက္ခဏာပြခြင်းဖြစ်ကြောင်းသိရပါသည်။ ယခုနှစ်၏ ပထမ ၈လတွင် သံနှင့် စတီးလ်တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၄၀၄သန်းတန်ဖိုးရှိခဲ့ပြီး နိုင့်စုစုပေါင်းတင်သွင်းမှု၏ ၂.၁% နီးပါးဟု ခန့်မှန်းရကြောင်းသိရပါသည်
ကမ္ဘောဒီးယားနိုင်ငံဆန်စပါးအသင်းချုပ် (CRF) နှင့် အမေရိကန်မှ ကော်ပိုရေးရှင်းတစ်ခုဖြစ်သည့် Otis McAllister,Inc တို့သည် ကမ္ဘောဒီးယား၏ အရည်အသွေးအကောင်းဆုံးဆန်အား အမေရိကန်ဈေးကွက်အတွက်ဝယ်ယူရန် နားလည်မှုသဘောတူစာချုပ်မူကြမ်း (MoV) လက်မှတ်ရေးထိုးခဲ့ကြောင်းသိရပါသည်။ MoU လက်မှတ်ရေးထိုးပွဲအခန်းအနားကို ၂၂-၉-၂၀၂၄ ရက်နေ့က ဆန်ဖရန်စစ္စကိုမြို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် Sun Chantol ကိုသက်သေပြု၍ CRF ၏ ဥက္ကဋ္ဌဖြစ်သူ Song Saran နှင့် Otis McAllister ၏ ဆန်နှင့်ပြောင်းဝယ်ယူခြင်းအတွက် အမှုဆောင် ဒုတိယဥက္ကဋ္ဌ Patrick Murphy တို့က လက်မှတ်ရေးထိုးခဲ့ကြကြ
ဗီယက်နမ်နိုင်ငံမြောက်ပိုင်း Bac Ninh ပြည်နယ်တွင် လုပ်ငန်းလည်ပတ်နေသော တောင်ကိုရီးယား အီလက်ထရွန်နစ်ကုမ္ပဏီ Samsung ၏ လက်အောက်ခံကုမ္ပဏီတစ်ခုသည် ထိုနေရာတွင်ပင် နောက်ထပ်အမေရိကန်ဒေါ်လာ ၁.၈ဘီလီယံရင်းနှီးမြှုပ်နှံရန် စီစဉ်ထားကြောင်းသိရသည်။
တနင်္ဂနွေနေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ဝန်ကြီးချုပ် Pham Minh Chinh က မျက်မြင်တွေ့ခဲ့သည့် Samsung Display Vietnam မှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို တိုးချဲ့ရန်လည်းရည်ရွယ်ထားခဲ့သည်။