ပြည်ပကုန်သွယ်မှုသတင်းများ
ထိုင်းဘတ်ငွေတန်ဖိုးသည် ခိုင်မာအားကောင်းလျက်ရှိပြီး အိန္ဒိယနိုင်ငံအနေဖြင့် ယခုနှစ် နှစ်ကုန်ပိုင်းတွင် ဆန်တင်ပို့မှုကန့်သတ်ချက်များကို ဖြေလျှော့ပေးဖွယ်ရှိခြင်းကြောင့် ထိုင်းဆန်၏ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း နည်းပါးမည့်အခြေအနေရှိပြီး ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုမှာ ရှေ့လာမည့် နှစ်၌ တန်ချိန် ၈ သန်းအောက် လျော့ကျနိုင်ကြောင်း Bangkok Post သတင်းဌာနက ဖော်ပြထား ပါသည်။
အင်ဒိုနီးရှားနိုင်ငံပိုင် ဝယ်ယူရေးအေဂျင်စီဖြစ်သော Bulog ကုမ္ပဏီသည် ဆန်ကွဲ ၅ ရာခိုင် နှုန်းပါဝင်သော ဆန်ဖြူမက်ထရစ်တန် ၄၅၀၀၀၀ ဝယ်ယူရန်အတွက် ယခုနှစ်အတွင်း အဋ္ဌမအကြိမ် မြောက် ဆန်အဝယ်တင်ဒါခေါ်ယူမှုကို စက်တင်ဘာ ၁၂ ရက်နေ့တွင် ကြေညာခဲ့ကြောင်း S&P Global သတင်းဝက်ဘ်ဆိုက်က ဖော်ပြပါသည်။
ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးတို့အတွက် ရှေ့တန်းမှ လျင်မြန်စွာပြောင်းလဲနေသော ကမ္ဘာတစ်ခုဖြစ်သည့် လေးကြိမ်မြောက် အာဆီယံစားသုံးသူကာကွယ်ရေးအစည်းဝေး (ACPC) သည် ဒစ်ဂျစ်တယ်ကဏ္ဍနှင့် အစိမ်းရောင်စီးပွားရေးကဏ္ဍများတွင် စားသုံးသူများကို အကာအကွယ်ပေးနိုင်ရန် အာဆီယံ၏ စုပေါင်းကြိုးပမ်းအားထုတ်မှု၏ မီးရှူးတန်ဆောင်အဖြစ် ပေါ်ထွက်လာပါသည်။ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပသည့် ယခုနှစ်ညီလာခံ၌ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ စားသုံးသူအဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ တက်ရောက်သူ ၂၀၀ကျော်ကို “Empowering Consumers in Digital and Gre
အိန္ဒိယနိုင်ငံတွင် တောင်သူလယ်သမားများ၏ ထုတ်ကုန်များ ဈေးကောင်းရရှိစေရေးကို အထောက်အပံ့ပြုရန်အတွက် ဗဟိုအစိုးရသည် ပြည်ပသို့ ကြက်သွန်နီတင်ပို့မှုအပေါ် စည်းကြပ် လျက်ရှိသော အခွန်နှုန်းထားအား ၄၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းသို့ ပြောင်းလဲကောက်ခံမည်ဖြစ်ပြီး လက်ငင်းအကျိုးသက်ရောက်မှုရှိမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၃ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ကြက်သွန်နီအတွက် အနိမ့်ဆုံးရရှိရမည့် ပို့ကုန်ဈေးနှုန်း သတ်မှတ်ထားခြင်းကိုလည်း သီးခြားအမိန့်ကြော်ငြာစာထုတ်ပြန်လျက် ပယ်ဖျက်ပေးခဲ့သည်။
အာဆီယံထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာနှင့် အမှတ်တံဆိပ်ဆိုင်ရာလမ်းညွှန်ချက်များ ဖွံ့ဖြိုးတိုးတက်မှုအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ကျင်းပခဲ့သည်။ အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ (ACCP) မှ ထုတ်ကုန်ဘေးကင်းရေးနှင့် စံနှုန်းများအတွက် နယ်ပယ်နှင့်နည်းလမ်းများကို ရေးဆွဲရန် UK မှ ကုန်ပစ္စည်းလုံခြုံစိတ်ချရမှုနှင့် စံသတ်မှတ်ချက်များရုံး(OPSS)နှင့်ပူးပေါင်းဆွေးနွေးခဲ့ကြသည်။
စားသုံးသူ သန်း၆၀၀ကျော်ရှိသော စျေးကွက်၊ ၀ယ်လိုအားမြင့်တက်လာမှုနှင့် ငယ်ရွယ်သော လူဦးရေစာရင်းအချက်အလက်များတိုးတက်လာမှုတို့နှင့်အတူ အာဆီယံသည် စီးပွားရေးလုပ်ငန်းများအတွက် အရေးကြီးသောစျေးကွက်ကို ကိုယ်စားပြုသော အဖွဲ့အစည်းတစ်ခုဖြစ်လာနေပါသည်။ ထို့ကြောင့် စားသုံးသူများအား ယုံကြည်စိတ်ချစွာဝယ်ယူကြောင်းသေချာစေရန်နှင့် စီးပွားရေးလုပ်ငန်းများသည် လိမ်လည်လှည့်ဖြားသည့် အလေ့အကျင့်များတွင် ပါဝင်ခြင်းမှရှောင်ကြဉ်ရန်အတွက် စသည့်ကိစ္စရပ်များသည် အာဆီယံစားသုံးသူကာကွယ်ရေးမူဝါဒတွင်ချမှတ်ရန် လိုအပ်နေသေးသော နောက်ဆက်တွဲကိစ္စရပ်တစ်ခုဖြစ်သည်။ ထို့ပြင် စားသုံးသူကာကွယ်ရေးမူဝါဒများသည် အာဆီယံတွင်
စားသုံးသူများနှင့် စားသောက်ကုန်ထုတ်လုပ်သူများသို့ သက်သာမှုရစေမည့် တိုးတက်မှု တစ်ရပ်အဖြစ် ပဲပုပ်ဆီဈေးနှုန်းများသည် လအလိုက် ဆက်လက်ကျဆင်းဖွယ်ရှိသည်ဟု ကျွမ်းကျင် သူများက ခန့်မှန်းလျက်ရှိကြောင်း ChemAnalyst သတင်းဝက်ဘ်ဆိုက်က ဖော်ပြပါသည်။
အမေရိကန်နိုင်ငံ စိုက်ပျိုးရေးဦးစီးဌာနလက်အောက်ရှိ အမျိုးသားစိုက်ပျိုးရေးစာရင်းအင်း ဝန်ဆောင်မှုဌာန (National Agricultural Statistics Service ̶ NASS) မှ နောက်ဆုံးထုတ်ပြန် ခဲ့သော အစီရင်ခံစာ၌ ပဲပုပ်ဆီ အလျှံအပယ်ဖြစ်ပေါ်နိုင်မှုနှင့် ဈေးကွက်မျက်နှာသာပေးမှု အခြေ အနေများကို ဖော်ပြခဲ့အပြီးတွင် ယခုကဲ့သို့ ခန့်မှန်းချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ဝါရှင်တန်- Federal Reserve က ၎င်း၏အဓိကအတိုးနှုန်းကို မည်မျှလျှော့ချရန်နှင့် အသေးစားစီးပွားရေးလုပ်ငန်းများကို အထောက်အကူပေးနိုင်ရန် စဉ်းစားနေချိန်တွင် အမေရိကန်များသည် လက်လီရောင်းချသည့်သူများ၊ ဆိုင်များ၊ online retailer များထံတွင် အနည်းငယ်ပို၍သုံးစွဲလာကြသည်။
အိန္ဒိယနိုင်ငံတွင် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်သော တောင်သူများအား အထောက်အပံ့ ပြုသည့် လုပ်ဆောင်မှုအဖြစ် စားအုန်းဆီနှင့် အခြားသောစားသုံးဆီများ တင်သွင်းမှုအပေါ် စည်း ကြပ်သည့် အခွန်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့မှ စတင်၍ ၂၀ ရာခိုင်နှုန်း တိုးမြှင့် ကောက်ခံမည်ဖြစ်ကြောင်း အစိုးရက စက်တင်ဘာ ၁၃ ရက်နေ့၌ ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဗီယက်နမ်နိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်သူများအသင်း (VAMA) အဖွဲ့ဝင်များ၏ ဩဂုတ်လကားရောင်းချမှုသည် အစီးရေ ၂၅၁၉၆ စီးဖြင့် လွန်ခဲ့သည့်လကထက် ၁၃% ကျဆင်းခဲ့ ကြောင်း VAMA က စက်တင်ဘာလ ၁၃ ရက်နေ့က ကြေညာခဲ့ပါသည်။ ပြည်တွင်း၌ တပ်ဆင်သည့် ကားမှာ အစီးရေ ၁၂၀၆၄ စီးဖြင့် ၁၃% ကျဆင်းပြီး ပြည်ပမှ အပြည့်အဝ တပ်ဆင်တင်သွင်းလာသည့်ကားများမှာ အစီးရေ ၁၃၁၃၂ စီးဖြင့် လွန်ခဲ့သည့် လထက် ၁၃% ကျဆင်းခဲ့ကြောင်း သိရပါသည်။ ထို့ပြင် ခရီးသည်တင်ယာဉ်များမှာ အစီးရေ ၁၉၁၂၉ စီးဖြင့် (၁၆% ကျဆင်း)၊ လုပ်ငန်းသုံးယာဉ်များမှာ ၅၉၀၁ စီးဖြင့် (၁% ကျဆင်း) နှင့် Special Purpose ယာဉ်များမှာ ၁၆၆ စီးဖြင့် (၂၃% ကျဆင်း) ခဲ့ကြောင်းသိရပါသည်။
တောင်ကိုရီးယားနိုင်ငံ၏ အသေးစားနှင့် အလတ်စားလုပ်ငန်းများ (SMEs) ဝန်ကြီး Oh Young-Joo သည် တောင်ကိုရီးယားနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမှတ် Vu Ho နှင့် ဂျာမနီ သံအမတ် Wilfried Schmidt တို့နှင့်အတူ ဆိုးလ်မြို့လယ်ရှိ Kyungdong ဈေးသို့ စက်တင်ဘာလ ၁၃ ရက်နေ့က သွားရောက်လည်ပတ်ခဲ့ကြောင်း သိရပါသည်။ Kyungdong သည် တောင်ကိုရီးယားနိုင်ငံ၏ အကြီးမားဆုံးအထွေထွေနှင့် တိုင်းရင်းဆေးဈေးဖြစ်ပြီး များစွာသော ဗီယက်နမ်လူမျိုးများသည် ထိုဈေး၌ စီးပွားရေး လုပ်ကိုင်လျက်ရှိကြောင်း သိရပါသည်။ လည်ပတ်မှုအတွင်း ဝန်ကြီး Oh က တောင်ကိုရီးယားနိုင်ငံ၏ အစဉ်အလာ ဈေးကွက် မော်ဒယ် များနှင့် အားလပ်ရက်အတွင်း ကျင်းပခဲ့သည့် ပ
အင်ဒိုနီးရှားနိုင်ငံသမဝါယမနှင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများ (SMEs) ဝန်ကြီး Teten Masduki က အင်ဒိုနီးရှားနိုင်ငံသည် ၎င်းတို့၏ ထုတ်ကုန်များ၏ ကျယ်ပြန့်သော အလားအလာကြောင့် အိမ်အလှဆင်ခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ အချက်အချာဖြစ်လာမည်ဟု ၁၄.၉.၂၀၂၄ ရက်နေ့က ပြောကြားခဲ့ကြောင်း သိရပါသည်။ အချက်အလက်များအရ ပရိဘောဂနှင့် လက်မှုထုတ်ကုန်များ တင်ပို့မှုမှတဆင့် အမေရိကန်ဒေါ်လာ ၃.၅ ဘီလီကျော် ရရှိခဲ့ပြီး ကုမ္ပဏီပေါင်း ၁၁၁၄ ခုတွင် အလုပ်သမားပေါင်း ၁၄၃၀၀၀ ဦးကို ခန့်အပ်ထားကြောင်း ဝန်ကြီးက IFFINA Indonesia Meubel and Design Expo တွင် ပြောကြားခဲ့ပါသည်။ Masduki ၏ အဆိုအရ အင်ဒိုနီးရှား၏ ကမ္ဘာ့စီးပ