Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
31 Oct 2025

            "Dushanbe Invest 2025" အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဖိုရမ်အပြီးတွင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၄.၁ ဘီလီယံတန်ဖိုးရှိ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် ၅၂ ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း Asia-Plus News Agency က အောက်တိုဘာလ ၁၆ ရက်နေ့တွင် တာဂျစ်ကစ္စတန်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံတော်ပိုင်ဆိုင်မှုစီမံခန့်ခွဲမှုကော်မတီ၏ ထုတ်ပြန်ချက် ကို ကိုးကား၍ ဖော်

31 Oct 2025

 

          အိန္ဒိယနိုင်ငံတွင် စားတော်ပဲဝါအား အကောက်ခွန်လွတ် တင်သွင်းခွင့်ပြုထားရာမှ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့မှစတင်၍ အခြေခံအကောက်ခွန် ၁၀ ရာခိုင်နှုန်းနှင့် စိုက်ပျိုးရေး အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု ထပ်ဆောင်းအခွန် ၂၀ ရာခိုင်နှုန်းတို့ကို စည်းကြပ်ကောက်ခံမည် ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ အခွန်ဦးစီးဌာနက အောက်တိုဘာ ၂၉ ရက်နေ့ ၌ အမိန့်ကြော်ငြာစာထုတ်ပြန်ရာတွင် ဖော်ပြခဲ့သည်။

31 Oct 2025

 

          အိန္ဒိယ၏ ဆန်တင်ပို့မှုသည် ကောင်းမွန်သောနှုန်းထားဖြင့် တိုးတက်လျက်ရှိပြီး ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဗြိတိန်နှင့် မက္ကဆီကို အပါအဝင် ကမ္ဘာ့ဈေးကွက် ၂၆ ခုသို့ တိုးမြှင့်တင်ပို့ရောင်းချရန် ကြိုးပမ်းနေသည်ဟု အိန္ဒိယ လယ်ယာထွက်ကုန်နှင့် ပြုပြင်ပြီးစားသောက်ကုန်များတင်ပို့မှု ဖွံ့ဖြိုး တိုးတက်ရေး အာဏာပိုင်အဖွဲ့ (APEDA) ဥက္ကဋ္ဌ Abhishek Dev က အောက်တိုဘာ ၂၄ ရက်နေ့တွင် ပြောကြားခဲ့သည်။

31 Oct 2025

               ထိုင်းဝန်ကြီးချုပ် Anutin Charnvirakul  နှင့် ပြောဆိုဆွေးနွေးမှုများအတွင်း တောင်ကိုရီးယားသမ္မတ Lee Jae-myung က တောင်ကိုရီးယားသည် ထိုင်းနိုင်ငံနှင့် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူ ညီချက်ကို အပြီးသတ်ရန် ဆန္ဒပြင်းပြနေကြောင်း ပြောကြားခဲ့သည်ဟု သိရပါသည်။ Yonhap သတင်း အေဂျင်စီ၏ အဆိုအရ Mr Lee  နှင့် Mr Anutin တို့သည် စာချုပ်အပြီးသတ်ရန် ကြိုးပမ်းအားထုတ်မှု

31 Oct 2025

      နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က နိုင်ငံ၏ ၂၀၂၅ ခုနှစ် စီးပွားရေးကြီးထွားနှုန်းကို အတက်ဘက်ခန့်မှန်းခဲ့ပြီးနောက် အင်ဒိုနီးရှားနိုင်ငံကုန်သွယ်ရေး ဝန်ကြီး

31 Oct 2025

        ထိုင်းကတ်ဘိနက်သည် နိုင်ငံ၏ GDP ကြီးထွားနှုန်းကို ၀.၃ ရာခိုင်နှုန်းမြှင့်တင်ပေးနိုင်ရန် မျှော်မှန်းရသည့် ၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံပိုင်လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံ

31 Oct 2025

                 ၂၀၂၅ ခုနှစ်၏ ပထမ ၉ လတာ ကလတွင် ဗီယက်နမ်၏ ရေထွက်ကုန်တင်ပို့မှုမှာ အမေရိကန် ဒေါ်လာ ၈.၃ ဘီလီယံတန်ဖိုးရှိခဲ့ပြီး ယခုတစ်နှစ်လုံးအတွက် တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၁ ဘီလီ ယံထိ ရောက်ရှိရန်ခန့်မှန်းကြောင်း ဗီယက်နမ်ပင်လယ်စာ  တင်ပို့သူများနှင့် ထုတ်လုပ်သူများ အသင်း (VASEP) ၏ အဆိုအရ သိရပါသည်။ Can Tho ၊ Ca Mau  နှင့် Ah Giang  အစရှိသည့် မဲခေါင် ဒ

31 Oct 2025

     မလေးရှား၏ စားအုန်းဆီနှင့် ကိုကိုးထုတ်ကုန်များအပါအဝင် ပို့ကုန်ပစ္စည်းအမျိုးအစား စုစု ပေါင်း ၁၇၁၁ ခုအပေါ် ၁၉ ရာခိုင်နှုန်းအောက်အထိ အကောက်ခွန်လျှော့ချရန် အမေရိကန်၏ ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ အကျိုးအမြတ်ရရှိရန်စီစဉ်ထားပြီး အမေရိကန်ဈေးကွက်၌ မလေးရှား ထုတ်ကုန်ပစ္စည်းများ၏ ဈေးနှုန်းယှဉ်ပြိုင်နိုင်စွမ်းအားရှိမှုကို တိုးမြှင့်လာစေရန် မလေးရှားနိုင်ငံက မျှော်လင့်ထားကြောင်း The Edge Malaysia သတင်းဌာနက အောက်တိုဘာလ ၂၇ ရက်နေ့တွင် ဖော်ပြထားပါသည်။

31 Oct 2025

     တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC) သည် ဗီယက်နမ် လုပ်ငန်းရှင်များအတွက် လယ်ယာထွက်ကုန်နှင့် စားသောက်ကုန် အမျိုးအမည်ပေါင်း ၃၉၃၈ ခုကို တရုတ်ပြည်တွင်းဈေးကွက်သို့ တင်သွင်းခွင့်ပြုရန် အတည်ပြုထားပြီးဖြစ်သည်ဟု ဗီယက်နမ် စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

31 Oct 2025

          တောင်ကိုရီးယားနိုင်ငံ၏ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု ဈေးနှုန်းများသည် နေအိမ်သုံး လျှပ်စစ်နှင့် စက်မှုလုပ်ငန်းသုံး သဘာဝဓာတ်ငွေ့နှုန်းထားများ တိုးမြှင့်လိုက်ခြင်းကြောင့် ပြန်လည်မြင့်တက် လာခဲ့ကြောင်း အောက်တိုဘာလ ၂၂ ရက်နေ့တွင် ထုတ်ပြန်သော ဗဟိုဘဏ်အချက်အလက်များအရ သိရှိရပါသည်။

31 Oct 2025

     ထိုင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Suphajee Suthumpun သည် ထိုင်း-စင်ကာပူ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ခြင်းတို့ မြှင့်တင်ရန် စီစဉ်လျက်ရှိရာ အထူးသဖြင့် ဆန်တင်ပို့မှုနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုကို အလေးထား ဆောင်ရွက်သွား မည်ဖြစ်သည်။

Pages