ပြည်ပကုန်သွယ်မှုသတင်းများ
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Nanjing Xinyada နည်းပညာကုမ္ပဏီသည် ကမ္ဘောဒီးယား နိုင်ငံ၏ ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေပြီး ပညာရေး၊ လူငယ်နှင့် အားကစားဝန်ကြီးဌာနထံမှ အလားအလာရှိသော ပံ့ပိုးကူညီမှုများကို ရှာဖွေလျက်ရှိသည်။ ၂၈-၇-၂၀၂၅ ရက်နေ့က ဖနွမ်းပင်မြို့တွင် ပညာရေး၊ လူငယ်နှင့် အားကစားဝန်ကြီး Hang Chuon Naron နှင့် Nanjing Xinyada နည်းပညာကုမ္ပဏီ မှ ညွှန်ကြားရေးမှူးချုပ် Zeng Botao တို့

ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Cham Nimul သည် စင်္ကာပူစီးပွားရေးလုပ်ငန်းများနှင့် ကမ္ဘောဒီးယားနိုင်ငံရှိ ရင်းနှီးမြှုပ်နှံသူများပိုမို အဆင်ပြေ ချောမွေ့စေရန်နှင့် ပံ့ပိုးကူညီရန် ၂၉-၇-၂၀၂၅ ရက်နေ့က ကတိပြုခဲ့ပြီး စီးပွားရေးအခြေအနေ တိုးတက်စေရန်နှင့် စျေးကွက်အခွင့်အလမ်းများချဲ့ထွင်ရန် နိုင်ငံတော်၏ ဆက်လက်ကြိုးပမ်းမှု များကို ရှင်းလင်းပြောကြားခဲ့သည်။ စီးပ

၂၀၂၅ ခုနှစ်၏ ပထမနှစ်ဝက်တွင် ဗီယက်နမ်-စင်ကာပူကုန်သွယ်ရေးတန်ဖိုးမှာ စင်ကာပူ ဒေါ်လာ ၁၉.၅ ဘီလီယံရှိခဲ့ပြီး ၂၀၂၄ ခုနှစ် တူညီသည့်ကာလထက် ၂၈.၅ ရာခိုင်နှုန်းရှိခဲ့ကာ ဗီယက်နမ်သည် စင်ကာပူ၏ ၁၀ ခုမြောက်အကြီးမားဆုံးကုန်သွယ်ရေးမိတ်ဖက်ဖြစ်ကြောင်း စင်ကာပူ၏

ဗီယက်နမ်လျှပ်စစ်ကားထုတ်လုပ်သူ VinFast သည် ၎င်းတို့၏ ညာမောင်း VF7 မော်ဒယ်ကို အင်ဒိုနီးရှားနိုင်ငံတွင် ဇူလိုင်လ ၂၃ ရက်နေ့က စတင်မိတ်ဆက်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း သိရပါသည်။ အခမ်းအနားတွင် VinFast အင်ဒိုနီးရှား၏ အထွေထွေညွှန်ကြားရေးမှူး Kariya

ကာတာအခြေစိုက် ကုမ္ပဏီနှစ်ခုဖြစ်သည့် Al Mansour Holding (AMH) နှင့် LCH Investment Group Co., Ltd.

Adora Mediterranea အပြည်ပြည်ဆိုင်ရာ အပျော်စီးသင်္ဘောသည် ဇူလိုင် ၂၃ ရက်တွင် ခရီးသည် ၁,၆၀၀ ဦးခန့်တင်ဆောင်လျက် တရုတ်နိုင်ငံ၊ Chongqing(ထျန်းကျင်း)မြို့ အပြည်ပြည်ဆိုင်ရာ အပျော်စီးသင်္ဘောပင်မဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့သည်။ ထို့နောက် ခရီးသည် ၁,၅၀၀ ကျော်ကို တင်ဆောင်လျက် တောင်ကိုရီးယားနိုင်

ဥရောပသမဂ္ဂ (EU) အနေဖြင့် မှန်ကန်သောအကြောင်းရင်းမရှိဘဲ တရုတ်စီးပွားရေးလုပ်ငန်းများ၏ တရားဝင်အကျိုးစီးပွားများကို ထိခိုက်အောင်လုပ်ဆောင်ခြင်းအား ရပ်တန့်ရန် တိုက်တွန်းခဲ့ပြီး ယင်းတို့၏ တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ကာကွယ်ရန် အတွက်လိုအပ်သော အစီအမံများကို လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ၊ အထက်လွှတ်တော် ဥက္ကဋ္ဌ Mr.Hun Sen က ကမ္ဘောဒီးယားတွင် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့ရေးအတွက် အပြည့်အ၀ထောက်ခံကြောင်း အထက် လွှတ်တော် နန်းတော်၌ ဂျပန်နိုင်ငံ၊ MinebeaMitsumi Inc.

ကမ္ဘောဒီးယားနိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့အကြား နှစ်နိုင်ငံကုန်သွယ်မှုသည် ပထမနှစ်ဝက်တွင် ကန်ဒေါ်လာ ၅၁၅ သန်းအထိ ရောက်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၃ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ ကမ္ဘောဒီးယားနိုင်ငံသည် ဗြိတိန်ဈေးကွက်သို့ ဒေါ်လာ ၄၈၉ သန်းတန်ဖိုးရှိ ကုန်ပစ္စည်းများတင်ပို့ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၄.၆

ကမ္ဘောဒီးယားနိုင်ငံနှင့် အဇာဘိုင်ဂျန်သမ္မတနိုင်ငံတို့သည် နှစ်နိုင်ငံစလုံး၏ အကျိုးစီးပွားအတွက် စီးပွားရေးကဏ္ဍ အထူးသဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှုတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာရန်နှင့်တိုးချဲ့ရန် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ Vong Sauth နှင့် အဇာဘိုင်ဂျန်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဒုတိယဝန်ကြီး Elnur Mammadov တို့သည် အမျိုးသားလွှတ်တော်၌ တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ဆက်ဆံရေးကို အလေးပေး၍ သံတမန်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ လုပ်ဆောင်ရန် တောင်းဆိုခဲ့သည်။

ကမ္ဘာဒီးယားနိုင်ငံ၊ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ နိုင်ငံခြားရေးဝန်ကြီး Prak David နှင့် ယူနန်ပြည်နယ် အစိုးရအဖွဲ့၏ ဒုတိယအတွင်းရေးမှူး Wang Xiangang တို့ ကမ္ဘောဒီးယားနှင့် ယူနန်တို့အကြား စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် တိုးချဲ့ရန် တွေ့ဆုံဆွေးနွေးမှုများဆောင်ရွက်ခဲ့ကြသည်။ တွေ့ဆုံစဉ် David မှ ကိုယ်စားလှယ် အဖွဲ့အားကြိုဆိုခဲ့ပြီး ယူနန်ပြည်နယ်နှင့် ကမ္ဘောဒီးယား-တရုတ် စိုက်ပျိုးရေးကဏ္ဍတွင်ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှုများကို အလေးပေးပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံအစိုးရသည် ကျောက်မီးသွေးကို Dimethyl Ether (DME) အဖြစ် ပြောင်းလဲမှု အရှိန်အဟုန် မြင့်တင်ရန်အတွက် အထူးစီးပွားရေးဇုန်များ (SZEs) စတင်ထူထောင်နေပြီ
