Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
09 Sep 2024

    တောင်သူလယ်သမားများ၏ ဝင်ငွေတိုးရန်နှင့် ကမ္ဘောဒီးယား၏ လယ်ယာထွက်ကုန် တင်ပို့မှု မြှင့်တင်ရန် ရည်ရွယ်၍ စျေးကွက်၌ ဈေးနှုန်းမြင့်မားစွာ ရရှိစေသည့် ရနံမွှေးသော စပါးမျိုး များကို စိုက်ပျိုးရန် ကမ္ဘောဒီးယား စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနအနေဖြင့် လယ်သမားများအား တိုက်တွန်းထားကြောင်း သိရှိရသည်။

09 Sep 2024

    ကမ္ဘာတစ်ဝန်း ငရုတ်ကောင်းဈေးကွက်လိုအပ်ချက်မြင့်မားမှုနှင့်အတူ လိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်နိုင်မှုမရှိသည့်အတွက် ၂၀၂၄ ခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံ၏ ငရုတ်ကောင်း တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ထိ ရှိနိုင်မည်ဖြစ်ကြောင်း ဗီယက်နမ် ငရုတ်ကောင်းနှင့် ဟင်းခတ်အမွှေးအကြိုင်အသင်း (Vietnam Pepper and Spice Association - VPSA) ၏ ပြောကြားချက်အရသိရှိရပါသည်။

09 Sep 2024

    ကနေဒါနိုင်ငံသည် တရုတ်နိုင်ငံတွင်ထုတ်လုပ်သည့် လျှပ်စစ်ကားများ(EV)တင်သွင်းမှုအပေါ် အမေရိကန်နှင့်ဥရောပတို့လမ်းစဥ်အတိုင်း ၁၀၀% အခွန်စည်းကြပ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ BBC ၏အစီရင်ခံစာအရ ကနေဒါနှင့် ၎င်း၏အနောက်နိုင်ငံမဟာမိတ်များက တရုတ်နိုင်ငံ၏အစိုးရသည် ၎င်း၏ EV လုပ်ငန်းကိုထောက်ပံ့မှုကြောင့် တရုတ်နိုင်ငံမှကားထုတ်လုပ်သူများသည် မျှတမှုမရှိစွာ အကျိုးအမြတ်များရရှိလျှက်ရှိသည်ဟု မှတ်ယူထားကြသည်၊ တရုတ်သံမဏိနှင့် အလူမီနီယံအပေါ် အခွန် ၂၅%ကောက်ခံရန်လည်းစီစဥ်ထားကြောင်းသိရှိရပါသည်။

09 Sep 2024

   အိန္ဒိယပြည်တွင်းဈေးကွက်တွင် မကြာသေးမီကာလများ၌ ပဲစင်းငုံဈေးနှုန်းများ အတန် အသင့် လျော့နည်းသက်သာမှု ရရှိခဲ့သော်လည်း ပြည်ပမှတင်သွင်းမှု လျော့ကျဖွယ်ရှိခြင်း၊ ‌လာမည့် ပွဲတော်ရာသီကာလ၏ ဝယ်လိုအားရှိခြင်းတို့က ဈေးနှုန်းများမြင့်တက်စေရန် တွန်းအားပေးလျက်ရှိ သည်ဟု စိုက်ပျိုးရေးဆိုင်ရာကျွမ်းကျင်သူများက ပြောဆိုကြောင်း Informist Media အိန္ဒိယ သတင်းဝက်ဘ်ဆိုက်က ဖော်ပြပါသည်။

06 Sep 2024

   ၂၀၂၂ခုနှစ် သြဂုတ်လ ၂ရက်နေ့တွင် ယာယီပိတ်ပင်ထားပြီးနောက် ထိုင်ဝမ်ကျွဲကောသီးတင် သွင်းမှုအားပြန်လည်စတင်တော့မည်ဖြစ်ကြောင်း စက်တင်ဘာ ၂ရက်နေ့၌ကြေညာခဲ့သည်၊ ထိုင်ဝမ်မှလိမ္မော်သီးတင်ပို့မှုတွင် အန္တရာယ်ရှိသောအင်းစက်များစွာကို ရှာဖွေတွေ့ရှိပြီးနောက် ပေကျင်းသည် ထိုင်ဝမ်ကျွဲကောသီးတင်သွင်းမှုကို ရပ်ဆိုင်းခဲ့ကြောင်း သိရှိရပါသည်။

    ထိုင်ဝမ်နှင့်တရုတ်နိုင်ငံတို့သည် ကျွဲကောသီးအား ရိုးရာဓလေ့အတိုင်း စားသုံးကြသည့် ဆောင်းဦးရာသီပွဲတော်ကို စက်တင်ဘာလ ၁၇ ရက်နေ့တွင်ကျင်းပမည်ဖြစ်သောကြောင့် ယခုကဲ့ သို့ထုတ်ပြန်ကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရှိရပါသည်။

06 Sep 2024

   ကင်ညာသည်ထုတ်ကန်အချို့အပေါ်တွင် ပိုမိုကောက်ခံမှုနှင့်ပတ်သက်၍ လန်ဒန်မြို့၌ တရားဝင်တိုင်ကြားပြီးနောက် လအကြာတွင် ဝိုင်နှင့်ဝီစကီများကဲ့သို့သော ဗြိတိန်လုပ်အရက်များအပေါ် အခွန်လျော့ချရန် ကင်ညာမှခွင့်ပြုပေးခဲ့ကြောင်း သိရှိရပါသည်။

05 Sep 2024

     ပီရူးနိုင်ငံသည်လက်ရှိတွင် ကမ္ဘာတစ်ဝှမ်းသို့ စပျစ်သီးအမြောက်အများအား တင်ပို့ရောင်းချလျှက်ရှိပြီး အချိန်ကာလကြာမြင့်စွာ ကမ္ဘာစပျစ်သီး တင်ပို့မှုဈေးကွက်တွင် ထိပ်တန်းနေရာ၌ရပ် တည်ခဲ့သော ချီလီနိုင်ငံအား၂၀၂၃ခုနှစ်မှစ၍ ကျော်တက်သွားခဲ့ကြောင်း သိရှိရပါသည်။ ပီရူး၏အားသာချက်မှာ ၎င်း၏ရှည်လျားသောစိုက်ပျိုးရာသီနှင့် လုပ်သားခသက်သာခြင်းပင်ဖြစ်သည်၊ ပျမ်းမျှအားဖြင့်ပီရူး ၏စပျစ်သီးတင်ပို့မှုသည် နှစ်စဥ်တန်ချိန် ၆၆၀၀၀ သို့မဟုတ် ၁၄.၃ ရာခိုင်နှုန်းတိုးလာပြီး ချီလီ၏တင်ပို့မှုမှာ တစ်နှစ်လျှင် ၆.၆ရာခိုင်နှုန်း သို့မဟုတ် တန်ချိန် ၄၀၀၀၀ လျော့နည်းသွားကြောင်းသိရှိရသည်။

05 Sep 2024

       ရုရှားနိုင်ငံ၏ ပိုက်လိုင်းမှတစ်ဆင့် ဥရောပသို့ သဘာဝဓါတ်ငွေ့တင်ပို့မှုသည် ပြီးခဲ့သည့်နှစ် ဩဂုတ်လနှင့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတို့ထက် ယခုနှစ် ဩဂုတ်လတွင် ၂ ရာခိုင်နှုန်းကျဆင်းခဲ့ ကြောင်း တနင်္လာနေ့ကထုတ်ပြန်ခဲ့သည့် Reuters ၏ ခန့်မှန်းချက်အရ သိရှိရပါသည်။

05 Sep 2024

     အစားအစာဘေးကင်းရေးသတင်းနှင့် US Food & Drug Administration (FDA)၏ အဆိုအရ ပြည်နယ်(၁၀)ခု ကင်မ်ချီအိုး ၃၂၈၂၀ ခန့်အား ပြန်လည်သိမ်းဆည်းခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ သိမ်းဆည်းရသည့် အဓိကအကြောင်းအရင်းမှာ ထုတ်ကုန်တွင် တဆေးပါဝင်မှု ပမာဏမြင့်မားနေခြင်းကြောင့်ဟု သိရှိရပါသည်။

05 Sep 2024

      အင်ဒိုနီးရှားသမ္မတ Joko Widodo က ဒုတိယအကြိမ်မြောက် အင်ဒိုနီးရှား-အာဖရိကဖိုရမ် (IAF) ၂၀၂၄ တွင်  အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံတန်ကြေးရှိသော စံချိန်တင်စီးပွားရေး သဘောတူညီချက်များရရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါ ပမာဏသည် ၂၀၁၈ က ကျင်းပခဲ့သည့် ပထမအကြိမ်မြောက် IAF ထက် (၆)ဆမြင့်မားခဲ့ကြောင်း သိရှိရပါသည်။ Jokowi က ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်အတွက် သော့ချက်အဖြစ် အင်ဒိုနီးရှား၏အဖွဲ့တိုင်းနှင့် အထူးသဖြင့် အာဖရိကဒေသနှင့် မိတ်ဖက်ပြုလုပ်ရန် အင်ဒိုနီးရှား၏ အဆင်သင့်ဖြစ်နေမှုကိုအသားပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ သမ္မတ၏အဆိုအရ အင်ဒိုနီးရှား-အာဖရိက မိတ်ဖက်ပြုမှ

05 Sep 2024

    တရုတ်နိုင်ငံရှိ Jiang Provincial Building Material Group.,Ltd ၏ ဥက္ကဌဖြစ်သူ Wensheng Chen က ကုမ္ပဏီသည် ကမ္ဘောဒီးယားတွင် ဘိလပ်မြေစက်ရုံ၌ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေကြောင်း ဖော်ပြခဲ့သည်ဟု သိရှိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ၏ ကမ္ဘောဒီးယားနိုင်ငံရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့၏ အတွင်းရေးမှူးချုပ်ဖြစ်သူ Chea Vuthy နှင့် အစည်းအဝေးအတွင်း Chen က ၎င်းတို့၏ ကမ္ဘောဒီးယားခရီးစဉ်သည် ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်သစ်ရှာဖွေရန်ဖြစ်ပြီး အထူးသဖြင့် ဘိလပ်မြေစက်ရုံထူထောင်ရန် စဉ်းစားလျက်ရှိကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။ Vuthy က ရင်းနှီးမြှုပ်နှံမှုစီမံ

05 Sep 2024

     အင်ဒိုနီးရှားသမ္မတ Joko Widodo သည် အဓိကကဏ္ဍ(၃)ခုဖြစ်သည့် စားအုန်းဆီ၊ အခြေခံအဆောက်အအုံနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရန် လိုက်ဘေးရီးယားသမ္မတ Joseph Nyuma Boakai နှင့် အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ အစည်းအဝေးကို ဘာလီမြို့တွင်ကျင်းပခဲ့သည့် High-Level Forum on Multi-Stakeholder Partnership(HLF-MSP)နှင့်  2nd Indonesia-Africa Forum(IAF)တွင် တွေ့ဆုံစဉ် သီးခြားဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ သမ္မတ Jokowi က အင်ဒိုနီးရှားနှင့် လိုက်ဘေးရီးယားတို့သည် ဆယ်စုနှစ်(၆)စုနီးပါး အပြန်အလှန်ကောင်းမွန်သည့် ဆက်ဆံရေးရှိကြောင်း၊ နှစ်ဦး

Pages