Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
28 Aug 2024

     ကမ္ဘောဒီးယားနိုင်ငံနှင့်ဥရုဂွေးနိုင်ငံတို့သည် နှစ်နိုင်ငံအကြားစိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် အထူးသဖြင့် သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ ဆွေးနွေးမှုကို ကမ္ဘောဒီးယားနိုင်ငံ စိုက်ပျိုးမွေးမြူရေး၊ သစ်တောနှင့် ငါး လုပ်ငန်းဝန်ကြီးဖြစ်သူ Dith Tina နှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ဥရုဂွေးသံအမတ်ကြီး Valeria Csukasi Cabrera တို့က ဖနွမ်းပင်မြို့ရှိ ဝန်ကြီးရုံးတွင် ၂၁-၈-၂၀၂၄ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။  Tina က ကမ္ဘောဒီးယားနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးနှင့်ဆက်စပ်သည့် မူဝါဒကို အကျဉ်းချုပ်ပြောကြားခဲ့ပြီး ကမ္

28 Aug 2024

    တရုတ်နှင့်အာဖရိကနိုင်ငံများအကြား ကုန်သွယ်ရေးနှင့်စီးပွားရေးပေါင်းစပ်မှုသည် နှစ်ဦးနှစ်ဖက်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုအဖြစ် တည်ရှိနေကြောင်း သိရပါသည်။ တရုတ်သည် အာဖရိက၏ အကြီးမားဆုံးကုန်သွယ်‌ရေးမိတ်ဖက်အဖြစ် ၁၅ နှစ်ဆက် ရပ်တည်နေပြီး အာဖရိကတွင် စတုတ္ထအကြီးမားဆုံးရင်းနှီးမြှုပ်နှံသူဖြစ်ကြောင်း သိရပါသည်။ ၂၀၂၃ ခုနှစ်တွင် တရုတ်- အာဖရိကကုန်သွယ်မှုသည် စံချိန်တင်အမေရိကန်ဒေါ်လာ ၂၈၂.၁ ဘီလီယံရှိခဲ့ကြောင်း သိရပါ သည်။ ထိုနှစ်တွင် တရုတ်၏စွမ်းအင်သစ် မော်တော်ယာဉ်များနှင့် လစ်သီယံဘတ္ထရီများ အာဖရိကသို့ တင်ပို့မှုမှာ ၂၀၂၂ ခုနှစ်ကထက် ၂၉၁ ရာခိုင်နှုန်းနှင့် ၁၀၉ ရာခိုင်နှုန်း အသီးသီးမြင့်တက

28 Aug 2024

    နိုင်ငံတော်သမဝါယမပို့ကုန်လီမီတက် (NCEL)မှတစ်ဆင့်မလေးရှားနိုင်ငံသို့ ဘာစမာတီ မဟုတ်သော ဆန်ဖြူတန်ချိန် ၂ သိန်းအားတင်ပို့ခွင့်ပြုထားကြောင်းသိရသည်။

     ပြည်တွင်းထောက်ပံ့မှုမြှင့်တင်ရန်အတွက် ဘာစမာတီမဟုတ်သောဆန်ဖြူ တင်ပို့မှုကို ၂၀၂၃ ခုနှစ်ဇူလိုင်လ၂၀ရက်နေ့ကတည်းကပိတ်ပင်ထားသော်လည်း အချို့သောနိုင်ငံများမှ ၎င်းတို့၏ ကိုယ်စား စားနပ်ရိက္ခာလိုအပ်မှု လိုအပ်ချက်များကိုဖြည့်ဆည်းပေးရန် အစိုးရမှခွင့်ပြုချက်ဖြင့် တင်ပို့ခွင့်ပြုထားသည်။

28 Aug 2024

     စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ဘတ်ငွေ ၁၀ ဘီလီယံကျော်နှင့်တကွ Changan Automobile ၏ အရှေ့တောင်အာရှတွင် ပထမဆုံးသော လျှပ်စစ်ကားထုတ်လုပ်ရေးစက်ရုံကို ၂၀၂၅ခုနှစ် မတ်လ တွင်ထိုင်းနိုင်ငံ၌ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း Chongqing အခြေစိုက်ကုမ္ပဏီ၏ လုပ်ငန်းခွဲ တစ်ခု ဖြစ်သည့်Changan Auto Southeast Asia မန်နေဂျင်းဒါရိုက်တာ Shen Xinghua မှ ပြောကြားခဲ့သည်။

28 Aug 2024

      ကမ္ဘာ့ဈေးကွက်ဝယ်လိုအား တိုးမြှင့်လာမှု၊ ခရီးသွားလုပ်ငန်းပြန်လည်ဦးမော့လာမှု၊ ဈေးကွက်အသစ်များသို့ ချဲ့ထွင်လာမှုတို့ကြောင့် ယခုနှစ်အတွင်း ကျောက်မျက်နှင့် လက်ဝတ်ရတနာတင်ပို့မှု ၁၀%တိုးလာမည်ဟု ထိုင်းနိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ မျှော်မှန်းထားသည်။

28 Aug 2024

       ဖိလစ်ပိုင်နိုင်ငံသည် Costa Rica ပြီးလျင် ကမ္ဘာဒုတိယအကြီးဆုံး နာနတ်သီးတင်ပို့သည့် နိုင်ငံအဖြစ်ရပ်တည်နေပြီး ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံမှဝယ်လိုအားမြင့်တက် လာမှုကြောင့် ပမာဏ ၂ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။ဖိလစ်ပိုင်သည် ၂၀၂၃ ခုနှစ်တွင် နာနတ်သီးမက်ထရစ် တန် ၆၀၀၀၀၀ ခန့်တင်ပို့ခဲ့ပြီး ယခင်နှစ်ပမာဏကထက် ၂.၇ ရာခိုင်နှုန်း ပိုများလာကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့မှပြောြကားခဲ့သည်။

27 Aug 2024

      ထိုင်းနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာန(DBD) သည် ထိုင်းနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအတွက် မျှတသောယှဉ်ပြိုင်မှုရရှိစေရန် ပြည်ပစီးပွားရေးလုပ်ငန်းများအား ဥပဒေ တင်းကြပ်ရန် အရှိန်မြှင့်ကြိုးပမ်းအားထုတ်နေကြောင်းသိရပါသည်။ DBD ၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Auramon Supthaweethum က ဌာနသည် ထိုင်းနိုင်ငံ၏ ၁၉၉၉ ပြည်ပစီးပွားရေးအက်ဥပဒေကိုရှောင်တိမ်းရန် အမည်ခံရှယ်ယာရှင်များကိုအသုံးပြုနိုင်သည့် ပြည်ပစီးပွားရေးလုပ်ငန်းများအား ဥပဒေလိုက်နာစေရန် ဥပဒေအဖွဲ့နှင့်ပူးပေါင်း၍ စည်းမျဉ်းတင်းကြပ်သွားမည်ဟု အခိုင်အမာပြောကြားခဲ့ပါသည်။ ဥပဒေချိုးဖောက်သူများသည် ထိုဥပဒေတင်းကြပ်မှုတစ်စိ

27 Aug 2024

       ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ်၏ ပထမ ၇လတာကာလတွင် ငှက်ပျောသီးတန်ချိန် ၁၄၃၄၈၁တန်တင်ပို့ခဲ့ပြီး ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ၂၀.၅၉ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း စိုက်ပျိုးမွေးမြူရေး၊ သစ်တောနှင့်ငါးလုပ်ငန်းဝန်ကြီးဌာန(MAFF)၏ ထုတ်ပြန်ချက်အရသိရပါသည်။ အဆိုပါ တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၉၆.၇သန်းကျော်ဝင်ငွေရရှိခဲ့ပြီး တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် ဗီယက်နမ်တို့သည် ကမ္ဘောဒီးယားငှက်ပျောသီး အဓိကတင်သွင်းသူများဖြစ်ကြောင်းသိရပါသည်။ MAFF ၏ပြောခွင့်ရပုဂ္ဂိုလ် Khim Finan က ရာသီဥတုပြောင်းလဲမှုနှင့် အိမ်နီးချင်းတိုင်းပြည်များ၏ယှဉ်ပြိုင်မှုကြောင့် နိုင်ငံတကာဈေးကွက်များသို့ ကမ္ဘောဒ

27 Aug 2024

       ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet က နိုင်ငံသည် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလိုအပ်ကြောင်းနှင့် ရင်းနှီးမြှုပ်နှံရန် အလားအလာရှိသော ဧရိယာများကို အသားပေးပြောကြားခဲ့ကြောင်းသိရပါသည်။ ဖနွမ်းပင်မြို့တွင် ၂၀-၈-၂၀၂၄ ရက်နေ့၌ ပြုလုပ်ခဲ့သည့် ကုမ္ပဏီ ၁၂ခုပါဝင်သည့် တရုတ်ကိုယ်စားလှယ်အဖွဲ့နှင့်အစည်းအဝေးတွင်  Hun Manet က တရုတ်ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှုကိုကြိုဆိုခဲ့ကြောင်း ဝန်ကြီးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ်၏ ထုတ်ပြန်ချက်အရသိရပါသည်။ ဝန်ကြီးချုပ်က ကမ္ဘောဒီးယားသည် သန့်စင်သောစွမ်းအင်၊ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေး၊ စက်မှုလုပ်ငန်း၊

27 Aug 2024

      ဗီယက်နမ်နိုင်ငံသို့ နည်းပညာ၊ အီလက်ထရောနစ်၊ ပြန်လည်သုံးစွဲနိုင်သောစွမ်းအင် အစရှိသည့် များစွာသောနယ်ပယ်တို့တွင် တရုတ်၏ အားကောင်းသော ရင်းနှီးမြှုပ်နှံမှုများဝင်‌ရောက် လျက်ရှိကြောင်းသိရပါသည်။ လွန်ခဲ့သည့်လတွင် တရုတ်နိုင်ငံ၏ Sunwoda Group မှ ကိုယ်စားလှယ်အဖွဲ့သည် Bac Giang ပြည်နယ်သိူ့လာရောက်လည်ပတ်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများရှာဖွေခဲ့ကြောင်းသိရပါသည်။ အဆိုပါလုပ်ငန်း၏ အထွေထွေညွှန်ကြားရေးမှူး Xiang Hai Biao က Sunwoda သည် အီလက်ထရောနစ်အစိတ်အပိုင်းများထုတ်လုပ်ရန် အမေရိကန်ဒေါ်လာ သန်း၃၀၀တန်ကြေးရှိ စက်ရုံတည်ဆောက်ရန် စီစဉ်နေကြောင်းပြောကြားခဲ့ပါသည်။ ယခင်ကလည်း Sunwoda သည

27 Aug 2024

        ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Hun Manet သည် ကမ္ဘောဒီးယားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုကိုပြသခဲ့သည့် တရုတ်နိုင်ငံ Guangdong ပြည်နယ်၏မြို့တော် Shantou မှ တရုတ်ကုမ္ပဏီများကို ကြိုဆိုတွေ့ဆုံခဲ့ကြောင်း ဝန်ကြီးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ၏ ထုတ်ပြန်ချက်အရသိရပါသည်။ တရုတ်ကွန်မြူပါတီ၏ Shantou မြို့တော်စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူးဖြစ်သူ Wen Zhanbin ဦးဆောင်လာသည့် ကုမ္ပဏီ ၉ခုပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ကို Peace Palace တွင်တွေ့ဆုံခဲ့ပြိး Shantou မြို့တော်ကိုယ်စားလှယ်အဖွဲ့၏ အောင်မြင်မှုများကို အသိအမှတ်ပြုခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံတွင် အလားအလာရှိသောကဏ္ဍအစုံ

27 Aug 2024

       နှစ်နိုင်ငံလုံး၏ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနများက ပူးပေါင်းကျင်းပသည့် အကြီးမားဆုံး နှစ်စဉ်ကုန်သွယ်မှုမြှင့်တင်ရေးပွဲတော်ဖြစ်သည့် ဗီယက်နမ်-လာအိုကုန်စည်ပြပွဲ ၂၀၂၄ (VIETLAO EXPO)ကို ဗီယက်နမ်နိုင်ငံ၌ ဇူလိုင်လ ၂၅ရက်နေ့မှ ၂၉ရက်နေ့အထိကျင်းပပြုလုပ်ခဲ့ပါသည်။ ဇူလိုင်လ ၂၅ရက်နေ့တွင် ကျင်းပခဲ့သည့် ဖွင့်ပွဲအခမ်းအနား၌ လာအိုနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး Nguyen Ba Hung က စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသည် နှစ်ဦးနှစ်ဖက်ပတ်သက်ဆက်နွှယ်မှုတွင် ကြာရှည်သော အခြေခံအုတ်မြစ်တစ်ခုဖြစ်လာခဲ့ပြီး ဖွံ့ဖြိုး တိုးတက်မှုကိုပြသနေကြောင်း မှတ်ချက်ပြုပြောကြားခဲ့ပါသည်။ ဗီယက်နမ်သည် လာအို၏ အကြီးမာ

Pages