Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
15 Jan 2025

            ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် အဓိကပို့ကုန် ကုန်စည်များသည် သိသိသာသာမြင့်တက်လာခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်၊ ဗီယက်နမ်နှင့်ထိုင်းနိုင်ငံတို့ကို ဆန်၊ ငှက်ပျောသီး၊ သရက်သီး၊ ပီလောပီနံ၊ သီဟိုဠ်စေ့၊ ပြောင်း၊ ငရုတ်ကောင်းနှင့် ဆေးရွက်ကြီးတို့ကို အဓိကတင်ပို့ခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှနိုဝင်ဘာလ အတွင်း ကမ္ဘောဒီးယားနိုင်ငံသည် စပါးတင်ပို့မှုမှ ကန်ဒေါ်လာ ၁,၂၇၁ သန်းနှင့် ဆန်တင်ပို့မှုမှ ကန်ဒေါ်လာ ၄၃၈ သန်းရရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၆.၄၂ ရာခိုင်နှုန်းနှင့် ၃.၉၇ ရာခိုင်နှုန်း အသီးသီးတိုးလာကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရ

15 Jan 2025

              ကမ္ဘောဒီးယားနိုင်ငံမှ ဩစတြေးလျနိုင်ငံသို တင်ပို့မှုတန်ဖိုးမှာ ၂၀၂၄ ခုနှစ်၊ ပထမ (၁၁) လ အတွင်း အမေရိကန်ဒေါ်လာသန်း ၄၅၀ နီးပါးရှိပြီး ၂၀၂၃ ခုနှစ်၊ အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၃၆ ရာခိုင်နှုန်းတိုးလာကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MoC) မှ ထုတ်ပြန်ခဲ့သောအစီရင်ခံစာအရ သိရသည်။ ကမ္ဘောဒီးယားနှင့်ဩစတြေးလျနှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏသည် ၂၀၂၄ ခုနှစ်အတွင်း ကန်ဒေါ်လာ ၅၄၇ သန်းအထိရောက်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၂၀.၉၅ ရာခိုင်နှုန်းတိုးလာကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။ စုစုပေါင်းကုန်သွယ်မှုပမာဏတွင် ကမ္ဘောဒီးယားနိုင်ငံ၏ ပို့ကုန်တန်ဖိုးသည် အမေရိကန်

15 Jan 2025

            ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်၌ လုပ်ငန်း စုစုပေါင်း ၇၆၁၇၉ ခု လုပ်ငန်းလည်ပတ်မှု ပြန်လည်စတင်ခဲ့ကြောင်း စီမံကိန်းနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနအောက်ရှိ စီးပွားရေးမှတ်ပုံတင် အေဂျင်စီ၏ အဆိုအရသိရပါသည်။ ပျမ်းမျှအားဖြင့် တစ်လလျှင် လုပ်ငန်း ၆၃၄၈ ခု လည်ပတ်မှု ပြန်လည်စတင်ခြင်းဖြစ်ကြောင်းသိရပါသည်။ ထို့ကြောင့် ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်၌ လုပ်ငန်းသစ်အရေအတွက်နှင့် လုပ်ငန်းလည်ပတ်မှုပြန်လည်စတင်သည့်လုပ်ငန်း အရေအတွက် မှာ ၂၃၃၄၁၉ ခုရှိခဲ့ကြောင်းသိရပါသည်။ လုပ်ငန်းသစ်အရေအတွက် ၁၅၇၂၄၀ ခု တည်ထောင် ခဲ့ပြီး နိုင်ငံစီးပွားရေးအနေဖြင့် မတည်မှတ်ပုံတင်မှုတန်ဖိုး အမေရိကန်‌ဒေါ်လာ ၁၄၀.၆ ဘီလီယံ ရရှိ

15 Jan 2025

            အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် ၅၀ ရာခိုင်နှုန်းဘိုင်အိုဒီဇယ် (B50) ပရိုဂရမ်ကို အကောင်အထည်ဖော်ပြီး ဒီဇယ်တင်သွင်းမှုကိုရပ်တန့်ရန်စီစဉ်နေကြောင်း စွမ်းအင်နှင့်သယံ ဇာတအရင်းအမြစ်ဝန်ကြီးဖြစ်သူ Bahlil Lahadalia ၏အဆိုအရသိရပါသည်။ စွမ်းအင်အသွင် ကူးပြောင်းမှုပရိုဂရမ်၏ အစိတ်အပိုင်းတစ်ခုအနေနှင့် အစိုးရသည် ၂၀၂၆ ခုနှစ်တွင် B50 ပရိုဂရမ်ကို အကောင်အထည်ဖော်ရန် ၂၀၂၅ ခုနှစ်တွင် B40 ကို ကနဦးအကောင်အထည်ဖော်ရမည် ဟုသိရပါသည်။ အကယ်၍ အောင်မြင်အောင်ဆောင်ရွက်နိုင်ပါက ၂၀၂၆ ခုနှစ်တွင် ဒီဇယ်တင်သွင်းရန် မလိုအပ်တော့ကြောင်း သိရပါသည်။ ထို B50 ပရိုဂရမ်သည်သမ္မတ Prabowo Subianto ၏ စွမ်းအင်ဖူလ

15 Jan 2025

             အိန္ဒိယနိုင်ငံကဆန်တင်ပို့မှုပြန်လည်စတင်သောကြောင့် ၂၀၂၅ ခုနှစ် တွင် ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုသည် ၂၀၂၄ ခုနှစ်ကထက် ၂၅ ရာခိုင်နှုန်းကျဆင်းနိုင်ကြောင်းသိရပါသည်။ ထိုင်းနိုင်ငံဆန်တင်ပို့သူများအသင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် Chookiat Ophaswongse က ထိုင်းနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ဆန်တန်ချိန် ၇.၅ သန်းတင်ပို့ရန်မျှော်လင့်ရပြီး ၂၀၂၄ ခုနှစ်က တင်ပို့ခဲ့သည့် တန်ချိန် ၁၀ သန်းထက် ၂.၅ သန်းလျှော့ကျနိုင်ကြောင်းပြောကြားခဲ့ပါသည်။ အိန္ဒိယနိုင်ငံထံမှယှဉ်ပြိုင်မှုပြင်းထန်လာခြင်းနှင့် အင်ဒိုနီးရှားနိုင်ငံထံမှဝယ်လိုအားလျှော့ကျမှု ကလည်း ထိုသို့ကျဆင်းနိုင်ကြောင်း ခန့်မှန်းသည့်အချက်မျ

15 Jan 2025

               ဗီယက်နမ်နိုင်ငံ၏ ၂၀၂၄ ခုနှစ်တွင် စုစုပေါင်းကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇၈၆.၂၉ ဘီလီယံထိ ရောက်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၁၅.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၂၄.၇၇ ဘီလီယံ ရရှိခဲ့ကြောင်း အထွေထွေစာရင်းအင်းရုံး က ဇန်နဝါရီလ ၆ ရက်နေ့ကကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ပါသည်။ ၂၀၂၄ ခုနှစ်တွင် နိုင်ငံသည် အမေရိကန်ဒေါ်လာ ၄၀၅.၅၃ ဘီလီယံတန်ဖိုးတင်ပို့ခဲ့ပြီး အမေရိကန် ဒေါ်လာ ၃၈၀.၇၆ ဘီလီယံတန်ဖိုး ပြန်လည်တင်သွင်းခဲ့ကြောင်းသိရပါသည်။ ထိုတင်ပို့သည့် စုစုပေါင်းတန်ဖိုးတွင် ပြည်တွင်းကဏ္ဍမှာ အမေရိကန်‌ဒေါ်လာ ၁၁၄.၅၉ ဘီလီယံရှိပြီး ရေနံ

15 Jan 2025

               ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ ခုနှစ်၌ တရုတ်နှင့်အမေရိကန်တို့၏နောက်တွင် တောင်ကိုရီးယားနိုင်ငံ ၏ တတိယအကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ ကြောင်း သိရပါသည်။ တောင်ကိုရီးယားနိုင်ငံ၏ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနက ဇန်နဝါရီလ ၆ ရက်နေ့ကထုတ်ပြန်ခဲ့သည့် အချက်အလက်အရ နိုင်ငံ၏တင်ပို့မှုစုစုပေါင်းတန်ဖိုး မှာ အမေရိကန်ဒေါ်လာ ၆၈၃.၈ ဘီလီယံရှိပြီး ဗီယက်နမ်နိုင်ငံသို့အမေရိကန်ဒေါ်လာ ၅၈.၃ ဘီလီယံတန်ဖိုးတင်ပို့ခဲ့ကာ အမေရိကန်ဒေါ်လာ ၂၈.၄ ဘီလီယံတန်ဖိုး ပြန်လည်တင်သွင်း ခဲ့ကြောင်းသိရပါသည်။ တောင်ကိုရီးယားနိုင်ငံ၏ ဗီယက်နမ်နှင့် နှစ်နိုင်ငံအပြန်အလှန် ကုန်သွယ်မှု

15 Jan 2025

                ဗီယက်နမ်နိုင်ငံစက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန(MoIT) နှင့် ဗီယက်နမ်နိုင်ငံဆိုင်ရာ လာအိုသံရုံးတို့သည် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် အနီးကပ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်းသိရပါသည်။ ဗီယက်နမ်စက်မှုနှင့် ကုန်သွယ် ရေးဝန်ကြီးဖြစ်သူ Nguyen Hong Dien နှင့် လာအိုသံအမတ် Khamphao Ernthavanh တို့သည် ၎င်တို့၏အလုပ်သဘောဆွေးနွေးမှုအတည်ပြုခြင်းကို ဇန်နဝါရီလ ၃ ရက်နေ့က ဟနွိုင်းမြို့တွင်ကျင်းပခဲ့ပါသည်။ ၂၀၂၄ တွင် နှစ်နိုင်ငံကြားကုန်သွယ်မှုသည် ကောင်းမွန်သော ရလဒ်ရရှိခဲ့ပြီး အပြန်အလှန်ကုန်သွယ်မှုတန်ဖိုးအမေရိကန်ဒေါ်လာ ၂.၂ ဘီလီယံ

15 Jan 2025

              ဗီယက်နမ်နိုင်ငံ၏ Gia Lai ပြည်နယ်သည် ၂၀၂၅ ခုနှစ်အတွက် အမေရိကန်ဒေါ်လာ သန်း၈၅၀ တင်ပို့ရန်ရည်မှန်းထားကြောင်းသိရပါသည်။ ထိုရည်မှန်းချက်ပြည့်မီရန် ပြည်နယ် စက်မှုနှင့် ကုန်သွယ်ရေးဦးစီးဌာနသည်အလားအလာရှိသော‌ ဈေးကွက်များတွင် ကုန်စည်ပြပွဲများကျင်းပခြင်းမှတစ်ဆင့်ကုန်သွယ်မှုမြှင့်တင်ခြင်းပါဝင်သော ဗျူဟာမြောက်စီမံချက်များနှင့်စက်မှုအခြေခံအဆောက်အအုံများတိုးတက်ရေးတို့ကိုအသားပေးထားကြောင်းသိရပါသည်။ ပြည်နယ်သည်ပြည်တွင်းစီးပွားရေးလုပ်ငန်းများကမ္ဘာသို့ဝင်ရောက်နိုင်ရန်အတွက်ဒစ်ဂျစ်တယ်နည်းပညာကူးပြောင်းမှုအရှိန်မြှင့်တင်ခြင်းနှင့်စီမံခန့်ခွဲမှုစနစ်ပြုပြင်ခြင်းတို့ကိုဆောင်ရွက်လျှက်ရှိကြောင်းသိရပါသည်။ ထုတ်လ

15 Jan 2025

            ပင်လယ်စာ၊ အရည်အသွေးမြင့်သောဆန်၊ သစ်သီးများနှင့် အဝတ်အထည်များအစရှိသည့် အဓိကထုတ်ကုန်များအား ပြုပြင်ထုတ်လုပ်မှုအရှိန်မြှင့်တင်ခြင်းအားဖြင့် ဗီယက်နမ်၏ Soc Trang ပြည်နယ်သည် ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁.၉ ဘီလီယံတန်ဖိုးတင်ပို့ရန် ရည်ရွယ် ထားကြောင်း သိရပါသည်။ ထိုရည်မှန်းချက်ပြည့်မီရန် ပြည်နယ်သည် ထုတ်ကုန်အရည်အသွေး မြှင့်တင်ခြင်း၊ ဒီဇိုင်းကွဲပြားခြင်းနှင့် ဈေးကွက်တိုးချဲ့ရန် အာရုံစိုက်ထားကြောင်း သိရပါသည်။ အချို့သောစီးပွားရေးလုပ်ငန်းများအတွက် နာလံထူမှုနှေးကွေးခြင်းပါဝင်သည့် စိန်ခေါ်မှုများ ၂၀၂၄ ခုနှစ်တွင်ရှိခဲ့သော်လည်း ပြည်နယ်သည် တင်ပို့မှုမှတစ်ဆင့် အမေရိကန် ၁.၈ ဘီလီ

15 Jan 2025

            အမေရိကန်စိုက်ပျိုးရေးဌာန (USDA) ၏ နောက်ဆုံးထုတ်ပြန်ချက်တစ်ခုအရ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်းမြင့်မားလာခြင်းကြောင့် ကယ်လီဖိုးနီးယားပြည်နယ်တွင် ကြက်ဥဈေးနှုန်းများ ဆက်လက်မြင့်တက်လျက်ရှိကြောင်းသိရသည်။ ဇန်နဝါရီ ၃ ရက်နေ့က ထုတ်ပြန်သည့် အစီရင်ခံစာအရ Golden State ရှိ ကြက်ဥအခွံကြီး ဥတစ်ဒါဇင်အတွက် စံနှုန်းတန်ဖိုးမှာ ၀.၇၈ ဒေါ်လာမှ ၈.၉၇ ဒေါ်လာအထိမြင့်တက်ခဲ့ပြီး ကယ်လီဖိုးနီးယား တောင်ပိုင်းတွင် ဂျမ်ဘို ဥတစ်ဒါဇင်၏ လက်ကားဈေးသည် ပျမ်းမျှ ၈.၉၁ ဒေါ်လာ မှ ၉.၁၀ ဒေါ်လာထိမြင့်တက်ခဲ့ကြောင်းသိရသည်။ ဂျမ်ဘိုကြက်ဥများသည် USDA မှ သတ်မှတ်သော အကြီးဆုံးအရွယ်အစားရှိသော ကြက်ဥဖြစ်သည်။ လ

15 Jan 2025

          တရုတ်နိုင်ငံ၏ ကျော်ကြားသော မော်တော်ကားထုတ်လုပ်သူ Great Wall Motors သည် ၎င်း၏ စွမ်းအင်သုံး SUV ကားအသစ်အား ဘရူးနိုင်းတွင် မိတ်ဆက်ပွဲအခမ်းအနားကျင်းပခဲ့ပြီး ပြည်တွင်းဈေးကွက်မှ နွေးထွေးစွာ ကြိုဆိုမှုကို ခံယူခဲ့သည်။ ဘရူးနိုင်းနိုင်ငံမြို့တော် Bandar Seri Begawan ရှိ GWM Experience Center အသစ်တွင် သောကြာနေ့က မိတ်ဆက်ပွဲအခမ်းအနားသို့ ဧည့်သည်များနှင့် ဒေသခံသုံးစွဲသူ ၂၀၀ နီးပါး တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် ဘရူးနိုင်းနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Xiao Jianguo နှင့် ဘရူနိုင်းနိုင်ငံမှ ဧည့်သည်တော်များသည် ကားအသစ်ကို မိတ်ဆက်ပြသခဲ့သည်။ ဘရူးနိုင်းနိုင်ငံ၏ အထင်ကရမော်တော်ကား ရောင်

Pages