ပြည်ပကုန်သွယ်မှုသတင်းများ
တရုတ်နိုင်ငံ အီလက်ထရောနစ်နှင့် အိမ်သုံးပစ္စည်းကုမ္မဏီဖြစ်သည့် Haier သည် ဘတ် ၁၀ ဘီလီယံရင်းနှီးမြှပ်နှံမည့် ၎င်းတို့၏ ပထမဆုံး ari- con ထုတ်လုပ်မည့် စက်ရုံကို ထိုင်းနိုင်ငံတွင် တည်ဆောက်သွားမည်ဖြစ်ပြီး လျှင်မြန်စွာ ကြီးထွားလာသည့် ဘတ် ၁၀ ဘီလီယံတန်ဖိုးရှိသော ထိုင်းနိုင်ငံ air- con ဈေးကွက်သို့ ဝင်ရောက်လာမည်ဟု သိရပါသည်။ Haier ၏ အရှေ့တောင် အာရှတွင် ပထမဆုံး စက်ရုံကို ချောင်ဘူရီပြည်နယ်၏ WHA အရှေ့ပင်လယ်ကမ်းခြေ စက်မှုဇုန်တွင် တည်ဆောက်မည်ဟု သိရပါသည်။ Haier အုပ်စု၏ ဘုတ်အဖွဲ့ဥက္ကဌဖြစ်သူ Zhou Yunjie ကထိုင်းနိုင်ငံတွင် စက်ရုံတည်ဆောက်ရခြင်းသည် အိမ်နီးချင်းနိုင်ငံများသို့ ကောင်းမွန်သေ
အမေရိကန်ဖက်ရှင်လုပ်ငန်းအသင်း၏ လတ်တလောသဘောထား ကောက်ခံချက်ဖြစ်သည့် အမေရိကန်သို့ အထည်အလိပ်တင်ပို့သည့်နိုင်ငံများ၏ ယှဉ်ပြိုင်နိုင်စွမ်းရည်အရေးသာမှု နှိုင်းယှဉ်ချက်တွင် ဗီယက်နမ်နိုင်ငံက တရုတ်နှင့်ဘင်္ဂလားဒေ့ရှ်ထက် စုစုပေါင်းအမှတ်ရရှိမှု မြင့်မားခဲ့ကြောင်း သိရပါသည်။ အဆိုပါ သဘောထားကောက်ခံချက်အရ ဗီယက်နမ်နိုင်ငံသည် ၎င်းတို့၏ တန်ဖိုးမြင့်ထုတ်ကုန်များ ကွဲပြားစွာ ထုတ်လုပ်နိုင်သောစွမ်းရည်ကြောင့် ပိုမိုကောင်းမွန်သော ယှဉ်ပြိုင်နိုင်မှုတွင် နှာတစ်ဖျား အသာရနေကြောင်း သိရပါသည်။ ဗီယက်နမ်သည် လတ်တလောတွင် ကျယ်ပြန့်၍ စုံလင်သော ထုတ်ကုန်များကို လျင်မြန်စွာ ထုတ်လုပ်နိုင်သည့်စွမ်းရည်တွင် ဦးဆောင်
လက်ရှိအရှိန်အဟုန်နှင့် လတ်တလောအချိန်များအတွင်း တည်ငြိမ်သော နှစ်ဆခန့် ကြီးထွားလာမှုကြောင့် ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၏ သစ်သီးနှင့်ဟင်းသီးဟင်းရွက်တင်ပို့မှုမှာ စံချိန်တင်အမေရိကန်ဒေါ်လာ ၇ ဘီလီယံထိ ရရှိနိုင်ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်၏ ပထမ ၇ လတွင် ဗီယက်နမ်နိုင်ငံသည် သစ်သီးနှင့်ဟင်းသီးဟင်းရွက်တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၃.၈ ဘီလီယံရရှိခဲ့ပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၂၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထို့ပြင် အဆိုပါကဏ္ဍသည် တင်ပို့သည့်ထိပ်ဆုံးဈေးကွက် ၁၀ ခုတွင် နယ်သာလန်မှလွဲ၍ ကိန်းဂဏန်း ၂ ဆထိ ကြီးထွားမှုပြခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်နိုင
အင်ဒိုနီးရှားသမ္မတဂျိုကိုဝီသည် ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ကပ်ရောဂါမှ နာလန်ထူလာပြီး နောက်နိုင်ငံ၏တည်ငြိမ်သော စီးပွားရေးကြီးထွားလာမှုသည် ၅ ရာခိုင်နှုန်း အထက်ရှိကြောင်း ပြောကြားခဲ့သည်ဟု သိရပါသည်။ ဂျိုကိုဝီက ၁၆-၈-၂၀၂၄ ရက်နေ့က ကျင်းပခဲ့သည့် ပြည်သူ့အတိုင်ပင်ခံစုံညီနှစ်စဉ်အစည်းအဝေးပွဲတွင် ပါလီမန်အဖွဲ့ဝင်များကို ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။ ဂျိုကိုဝီက အင်ဒိုနီးရှားနိုင်ငံသည် ကပ်ရောဂါကာလအပြီး စီးပွားရေး မြန်ဆန်စွာ နာလန်ထူပြီး ဆက်လက်ပင် ကြီးထွားလာသည့်နိုင်ငံအနည်းငယ်ထဲမှ တစ်နိုင်ငံဖြစ်ကြောင်းနှင့် စီးပွားရေးကြီးထွားမှုသည် ၅ ရာခိုင်နှုန်းအထက်တွင် ဆက်လက်ရှိနေကြောင်း ပြေ
Oppo သည် ၂၀၂၄ ခုနှစ် ဒုတိယသုံးလပတ်တွင် ဗီယက်နမ်စမတ်ဖုန်းဈေးကွက်၌ ပထမဆုံးအကြိမ်အဖြစ် Samsung ကို ကျော်တက်သွားခဲ့သည်။ တရုတ်စမတ်ဖုန်းအမှတ်တံဆိပ် Oppo ၏ ရောင်းအားသည် တစ်နှစ်ထက်တစ်နှစ် ၁၁၀ ရာခိုင်နှုန်းတက်လာပြီး ဈေးကွက်ဝေစု ၂၇ ရာခိုင်နှုန်းရှိကြောင်း ဈေးကွက်ခွဲခြမ်းစိတ်ဖြာရေးကုမ္ပဏီ Canalys မှ ပြောကြားခဲ့သည်။ ၎င်း၏နောက်တွင် တောင်ကိုးရီးယားကုမ္ပဏီ Samsung မှ ၂၁ ရာခိုင်နှုန်း၊ တရုတ်ကုမ္ပဏီ Xiaomi မှ ၂၀ ရာခိုင်နှုန်း ၊ အမေရိကန်ကုမ္ပဏီ Apple မှ ၁၆ ရာခိုင်နှုန်း၊ တရုတ်ကုမ္ပဏီ Vivo မှ ၆ရာခိုင်နှုန်းနှင့်အခြားကုမ္ပဏီများမှာ ၁၀ ရာခိုင်နှုန်းတို့ဖြင့် အသီးသီးရပ်တည်လျက်ရှိကြသည်။ ဈ
အမေရိကန်နှင့် အိုမန်ကုန်သွယ်မှုသည် မေလတွင် ၆.၆ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး Omani rials ၇၄၂.၉သန်(ဒေါ်လာ ၁.၉ဘီလီယံ) အထိရောက်ရှိခဲ့ကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။
National Center For Statistic and Information ၏ပမာဏကိန်းဂဏန်းများအရ အိုမန်မှ အမေရိကန်နှင့် တောင်အာဖရိကသို့ တင်ပို့မှုသည် မေလကုန်တွင်rials ၂၅၅ သန်းကျော် ရောက်ရှိခဲ. ပြီးယမန်နှစ်အလားတူကာလကထက် ၂၃.၃ ရာခိုင်နှုန်းတိုးမြင့်လာခဲ့သည်။
အင်ဒိုနီးရှား အစိုးရသည် အမေရိကန်နှင့် ရုရှားတို့ပါဝင်သော ၎င်းတို့၏ ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံများနှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်တင်ရန် လုပ်ဆောင်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Retno Marsudi ၏ အဆိုအရ သိရပါသည်။ Marsudi က အဆိုပါ မှတ်ချက်ကို သမ္မတဂျိုကိုဝီက ဘရူနိုင်း၊ ပါပူနယူးဂီနီယာ၊ တူနီးရှား၊ ရုရှား၊ အမေရိကန်၊ ကျူးဘား၊ ဘူဂေးရီးယား၊ ဆလိုဗေးနီးယား၊ လစ်သူရေးနီးယားနှင့် မြောက်မက်ဆီဒိုးနီးယားတို့မှ သံအမတ်ကြီးများထံမှ စာများလက်ခံရရှိပြီးနောက် ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ Marsudi သည် လက်ရှိ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ၏ ဦးစားပေးကိစ္စများကို
အင်ဒိုနီးရှားနှင့် စင်္ကာပူတို့သည် နှစ်နိုင်ငံကြား ဟာလာထုတ်ကုန် ကုန်သွယ်ရေးတိုးမြှင့်ရန် ဟာလာထုတ်ကုန်အာမခံချက်အပေါ်နားလည်မှု သဘောတူစာချုပ် (MOU) လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ ဟာလာထုတ်ကုန်အာမခံချက်ရရှိရေး စီစဉ်သည့် အေဂျင်စီ၏ ခေါင်းဆောင်ဖြစ်သူ Muhammad Aqil Irham နှင့် စင်္ကာပူနိုင်ငံ၊ အစ္စလာမ်ဘာသာရေးကောင်စီ၏ အကြီးအကဲ Kadir Maideen တို့သည် MOU ကို ၁၅.၈.၂၀၂၄ ရက်နေ့က စင်္ကာပူတွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ Irham က အင်ဒိုနီးရှား နှင့် စင်္ကာပူတို့၏ ဟာလာအာဏာပိုင်များအကြားညှိနှိုင်းဆောင်ရွက်မှုရလဒ်သည် အရေးကြီး ကြောင်းနှင့် ထုတ်ကုန်များကုန်သွယ်ခြင်းပါဝင
ကမ္ဘောဒီးယားနိုင်ငံစိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနဝန်ကြီးဖြစ်သူ Dith Tinam ပြည်တွင်းဖူလုံမှုနှင့် တင်ပို့ရန်အတွက် စိုက်ပျိုးရေးထုတ်ကုန်များ ပြုပြင်ထုတ်လုပ်မှု အရည်အသွေးတိုးတက်စေရန်အတွက် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ရင်းနှီးမြှုပ်နှံသူများကို တိုက်တွန်းပြောကြားခဲ့ကြောင်းသိရပါသည်။ ဝန်ကြီးသည် ၁၄.၈.၂၀၂၄ ရက်နေ့က ဖနွမ်းပင်မြို့တွင် ကျင်းပပြုလုပ်သည့် ကုလသမ္မဂ္ဂအစားအသောက်နှင့် စိုက်ပျိုးရေးအဖွဲ့အစည်း၏ ကမ္ဘော ဒီးယားနိုင်ငံ စိုက်ပျိုးရေးအစားအစာကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ဝန်ကြီးက ဆန်၊ သီဟိုဠ်စေ့၊ ရာဘာန
ကမ္ဘောဒီးယားနိုင်ငံနှင့် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) နိုင်ငံများအကြား ကုန်သွယ်မှုသည် ယခုနှစ် ပထမနှစ်လတွင် ထူးထူးခြားခြားကန်ဒေါ်လာ ၁၉.၈၇ဘီလီယံအထိရောက်ရှိခဲ့ပြီး ၁၆.၈ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာတွင်ဖော်ပြထားသည်။
နိုင်ငံတော်၏ RCEP ကုန်သွယ်မှုသည် ထိုကာလအတွင်း ကမ္ဘောဒီးယားနိုင်ငံ စုစုပေါင်းကုန်သွယ်မှုပမာဏ၏ ၆၂.၉ရာခိုင်နှုန်းဖြစ်သည်။
ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ခုနှစ်တွင် မွေးမြူရေးထွက်ကုန်တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၁မှ ၁.၅ဘီလီယံရရှိရန်ရည်မှန်းချက်ထားလျက်ရှိပြီး တင်ပို့မှုမြင့်တက်လာရန်အတွက် ကြိုးပမ်းအားထုတ်လျက်ရှိကြောင်းသိရပါသည်။ ယခုနှစ်၏ ပထမနှစ်ဝက်တာကာလတွင် ဗီယက်နမ်သည် အမေရိကန်ဒေါ်လာသန်း၂၄၀တန်ဖိုးရှိသော မွေးမြူရေးထွက်ကုန်များတင်ပို့ ခဲ့ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၃.၈ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာအရသိရပါသည်။
ကမ္ဘောဒီးယားနိုင်ငံသည် သီဟိုဠ်စေ့အကြမ်းထုတ်လုပ်သည့် ကမ္ဘာ့ဒုတိယအကြီးဆုံးနိုင်ငံဖြစ်လာပြီး ၂၀၂၄ခုနှစ်၊ ခုနစ်လအတွင်း စုစုပေါင်းတန်ချိန် ၈၃၀၀၀၀ထုတ်လုပ်ခဲ့ကြောင်း ကမ္ဘောဒီးယားသီဟိုဠ်စေ့အသင်း (CAC) ၏ အစီရင်ခံစာအရသိရသည်။
ဗီယက်နမ်နိုင်ငံသို့ သီဟိုဠ်စေ့တင်ပို့မှုမှာ တန်ချိန် ၇၈၀၀၀၀ကျော်ရှိလာပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၀၉၂သန်းကျော်ရှိကြောင်း CAC ကပြောကြားခဲ့သည်။ ၎င်းသည် ပမာဏ ၃၆.၇ရာနှုန်းတိုးလာပြီး တန်ဖိုးအားဖြင့် ၂၈.၁ရာခိုင်နှုန်းတိုးလာခြင်းဖြစ်သည်။